သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးအတွက် အာကာသနည်းပညာ သုံးမည်


ဆင်းရဲ နွမ်းပါးမှု တိုက်ဖျက်ရေးအတွက် လိုအပ်တဲ့အချက်အလက်တွေကို အာကာသကနေ ရိုက်ကူးဖေါ်ဆောင်ပေးနိုင်မယ့် နည်းပညာ လမ်းစတွေ ပေါ်ထွက်နေပါပြီ။

ဆင်းရဲနွမ်းပါးမှု အလွန်အကျွံဖြစ်နေတဲ့ ဒေသတွေကို သုတေသနပြုသူတွေအတွက် ဆက်သွယ်ရေး ဂြိုလ်တုကနေ ရုပ်ပုံတွေ ရိုက်ပေးတာ ဖြစ်ပါတယ်။ အဲဒီလို ဆက်သွယ်ရေး ဂြိုလ်တုကနေ ဓါတ်ပုံတွေ ရိုယ်ယူနိုင်ခြင်းအားဖြင့် ဘယ်ဖွံ့ဖြိုးရေး အစီအစဉ်တွေက အလုပ်ဖြစ်တယ်၊ မဖြစ်ဘူးဆိုတာကို မူဝါဒ ချမှတ်ရေးဆွဲသူတွေအနေနဲ့ အတိအကျ သိရှိနိုင်မှာ ဖြစ်ပါတယ်။

သက္ကရာဇ် ၂၀၃၀ မှာ ဆင်းရဲ နွမ်းပါးမှု တိုက်ဖျက်ရေးဆိုတဲ့ အစီအစဉ်ဟာ ကုလသမဂ္ဂအဖွဲ့ကြီးက ၂၀၁၅ ခုနှစ်မှာ ချမှတ်ခဲ့တဲ့ ရေရှည် တည်တန့်တဲ့ ဖွံ့ဖြိုးရေး ရည်မှန်းချက် ၁၇ ခုထဲက ပထမ အဆင့်ဖြစ်ပါတယ်။

ပုံမှန်အားဖြင့် ဆင်းရဲ နွမ်းပါးမှုတွေကို သန်းခေါင်စာရင်း၊ အိမ်ထောင်စု အခြေအနေတွေကိုကြည့်ပြီး ကျွမ်းကျင်သူတွေက တိုင်းထွာလေ့ ရှိကြတာပါ။ ဒါပေမယ့် အဲဒီလို လုပ်ဆောင်တာတွေက ငွေကြေး အကုန်အကျ များတဲ့အပြင်၊ အချိန်နဲ့ လုပ်အားလည်း ပိုကုန်ပါတယ်။ ဒါကြောင့် တိုင်းပြည်တွေအနေနဲ့ နှစ်အတန်ကြာမှ တကြိမ်ဘဲ လုပ်နိုင်ကြပါတယ်။

ဆက်သွယ်ရေး ဂြိုလ်တုကနေ ဓါတ်ပုံ ရိုက်ယူတဲ့နည်းကတော့ တကမ္ဘာလုံးရဲ့ ပုံတွေကို ကြည်လင် ပြတ်သားစွာ ရိုက်ယူနိုင်တဲ့အပြင် ရက်အနည်းငယ်အတွင်းမှာ တကြိမ် ရိုက်ယူနိုင်ပါတယ်။ အစိုးရနဲ့ ပုဂ္ဂလိက ဆက်သွယ်ရေးဂြိုလ်တုတွေ အပြိုင်အဆိုင် လွတ်တင်နေကြတာကြောင့် ရုပ်ပုံတွေရဲ့ အရည်အသွေးဟာလည်း ပိုကောင်းလာတဲ့အပြင် ဈေးနှုန်းလည်း သက်သာလာနေပြီ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG