သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ဘဏ်ဥက္ကဌ Jim Yong Kim နုတ်ထွက်


Jim Yong Kim
Jim Yong Kim

ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ Jim Yong Kim ဟာ အဖွဲ့ကို ၆ နှစ်ကြာ ဦးဆောင်ခဲ့ပြီးတဲ့နောက် ရာထူးက နုတ်ထွက်မယ့်အကြောင်း တနင်္လာနေ့က ရုတ်တရက် ကြေညာလိုက်ပါတယ်။

သူ့ရဲ့ တရားဝင်သက်တမ်း မကုန်ဆုံးခင် နှစ်အတန်ကြာအလိုမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး ရာထူးက နားယူတော့မယ်ဆိုတဲ့ အကြောင်း အမေရိကန်နိုင်ငံသားဖြစ်တဲ့ Jim Yong Kim က ကြေညာလိုက်တာပါ။

ဆရာဝန်တဦးလည်းဖြစ်တဲ့အပြင် မနုဿဗေဒပညာရှင်လည်း ဖြစ်တဲ့ Jim Yong Kim ဟာ ဆင်းရဲ နွမ်းပါးတဲ့နိုင်ငံတွေမှာ တီဘီနဲ့ AIDS ရောဂါ တိုက်ဖျက်ရေး စီမံကိန်းတွေကို အစောပိုင်းက လုပ်ကိုင်ခဲ့တာပါ။ သူဟာ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးလုပ်ငန်းတွေကို လက်တွေ့ ကွင်းဆင်း လုပ်ကိုင်ခဲ့သူ တဦးအနေနဲ့ ကမ္ဘာ့ဘဏ်အဖွဲ့ကြီးကို ပထမဆုံး ဦးဆောင်သူ ဖြစ်တဲ့အပြင် နိုင်ငံရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ နောက်ခံ အတွေ့အကြုံ မရှိဘဲ ဒီတာဝန်ကို ပထမဆုံးယူတဲ့သူလည်း ဖြစ်ပါတယ်။

ကမ္ဘာ့ဘဏ်အနေနဲ့ အလွန်အကျွံ ဆင်းရဲနွမ်းပါးမှုတွေ ပပျောက်ရေးကို ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ တဦးအနေနဲ့ ဦးစားပေး လုပ်ဆောင်ဖို့ တွန်းအားပေး လုပ်ဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။ သူ့အနေနဲ့ ကမ္ဘာတဝှမ်း ဖြစ်ပေါ်နေတဲ့ ရောဂါဘယတွေ တိုက်ဖျက်ရေးနဲ့ ဥတုရာသီ ပြောင်းလဲမှုကြောင့် အိုးအိမ် ပြောင်းရွေ့ နေထိုင်ရသူတွေကို ကူညီပေးနိုင်မယ့် ဘဏ္ဍာငွေ ရှာပေးနိုင်ရေးအတွက် နည်းလမ်းသစ်တွေကို ရှာဖွေပေးလိုကြောင်း သူ့ရဲ့ နုတ်ထွက်စာထဲမှာ Jim Yong Kim က ရေးထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ငတ်မွတ်ခေါင်းပါးမှု ဖြစ်ပေါ်မှုတွေကို ရှာဖွေ ဖော်ထုတ်ပြီး ဟန့်တားနိုင်အောင် ကုလသမဂ္ဂ၊ နည်းပညာကုမ္ပဏီတွေနဲ့ ပူးပေါင်း ဆောင်ရွက်နေကြောင်းလည်း Jim Yong Kim က ပြောပါတယ်။

လက်ရှိ ကမ္ဘာ့ဘဏ်ရဲ့ CEO အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ Kristalina Georgieva က ယာယီဥက္ကဋ္ဌအဖြစ် Jim Yong Kim နေရာမှာ အစားထိုး တာဝန်ထမ်းဆောင်သွားမှာ ဖြစ်ပါတယ်။ Georgieva ဟာ Bulgaria နိုင်ငံသူဖြစ်ပြီး ဘဏ္ဍာရေးနဲ့ နိုင်ငံတကာ ဖွံ့ဖြိုးရေး ကဏ္ဍတွေမှာ ကျွမ်းကျင်သူတဦးလည်း ဖြစ်ပါတယ်။

ကမ္ဘာ့ဘဏ်ဥက္ကဌ Jim Yong Kim နုတ်ထွက်
please wait

No media source currently available

0:00 0:00:48 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG