သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအရေး အထူးညီလာခံ ကျင်းပဖို့ ကုလ သံအမတ်ကြီး ၂ ဦး ခန့်အပ်


ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ဆန္ဒထုတ်ဖော်နေကြစဉ် (ဩဂုတ် ၂၅၊ ၂၀၂၄)
ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ဆန္ဒထုတ်ဖော်နေကြစဉ် (ဩဂုတ် ၂၅၊ ၂၀၂၄)

ရိုဟင်ဂျာပဋိပက္ခနဲ့ မြန်မာ့အရေးဆိုင်ရာ နိုင်ငံတကာ အထူး ညီလာခံတရပ် ကျင်းပနိုင်ဖို့အတွက် လိုအပ်တဲ့ ညှိနှိုင်း ဆွေးနွေးမှုတွေနဲ့ ဦးဆောင် စီစဥ်တာတွေ လုပ်သွားဖို့ ကုလသမဂ္ဂဆိုင်ရာ ဖင်လန်နိုင်ငံ သံအမတ်ကြီးနဲ့ မလေးရှားနိုင်ငံ သံအမတ်ကြီး တို့နှစ်ဦးကို ပူးတွဲ တာဝန်ခံတွေအဖြစ် ခန့်အပ်လိုက်တဲ့အကြောင်း ကုလသမဂ္ဂ အထွေထွေ ညီလာခံ ဥက္ကဋ္ဌ Philemon Yang က ထုတ်ပြန် ပြောဆိုပါတယ်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့က ချမှတ်ခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ ဆုံးဖြတ်ချက်နဲ့အညီ အခုလို ခန့်အပ်တာဖြစ်ပြီး မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မွတ်ဆလင်တွေနဲ့ တခြားသော လူနည်းစုဝင်တွေ ကြုံတွေ့နေရတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေတွေနဲ့ ပတ်သက်လို့ ကူညီ ဖြေရှင်းပေးနိုင်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ ဒီနှစ် ၂၀၂၅ ခုနှစ် ပထမ ၃ လပတ်အတွင်း အဆင့်မြင့် တာဝန်ရှိသူတွေပါတဲ့ အထူး ညီလာခံတရပ် ကျင်းပဖို့ အထွေထွေ ညီလာခံမှာ ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။

ဒီအတွက် အခု ခန့်အပ်လိုက်တဲ့ ဖင်လန် သံအမတ်ကြီး Elina Kalkku နဲ့ မလေးရှားသံအမတ်ကြီး Ahmad Faisal Muhamad တို့က ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေက အစိုးရတွေနဲ့ ဆွေးနွေး ညှိနှိုင်းတာတွေ လုပ်သွားမှာ ဖြစ်တယ်လို့ အထွေထွေ ညီလာခံ ဥက္ကဋ္ဌ Yang က ဒီဇင်ဘာလ ၃၀ ရက်နေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အခုလို အင်မတန် အရေးပါတဲ့ တာဝန်တခုကို လက်ခံပြီး အကောင်အထည် ဖော်ကြမယ့် သံအမတ်ကြီး ၂ ဦးကို အပြည့်အဝ ထောက်ခံမှုပေးပြီး ပူးပေါင်း ဆောင်ရွက်ကြဖို့လည်း အထွေထွေညီလာခံ ဥက္ကဋ္ဌ Yang က အဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းထားပါတယ်။

အခုညီလာခံ ဖြစ်မြောက်ရေးအတွက် ရိုဟင်ဂျာ ဒုက္ခသည် သန်းနဲ့ချီကို ခိုလုံခွင့်ပေးထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း ကုလသမဂ္ဂနဲ့ အတတ်နိုင်ဆုံး ပူးပေါင်း ဆောင်ရွက်သွားမယ့် အကြောင်း ရိုဟင်ဂျာအရေးဆိုင်ရာ ဘင်္ဂလားဒေ့ရှ် အထူးအကြံပေး Dr Khalilur Rahman ကလည်း သိပ်မကြာခင် ရက်ပိုင်းကပဲ ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံ အနောက်ခြမ်း ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေ အတွင်း ရိုဟင်ဂျာ မွတ်ဆလင် အများစုပါတဲ့ ဒုက္ခသည်တွေ သိန်းနဲ့ချီ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ထွက်ပြေး ခိုလုံခဲ့ကြရပြီး ဒီဖြစ်ရပ်ဟာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ရာ ရောက်တယ်လို့ ကုလသမဂ္ဂ အပါအဝင် လူ့အခွင့်အရေး အဖွဲ့တွေက စွပ်စွဲ ပြောဆိုထားတာပါ။ ဒီစွဲချက်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာ တရားရုံး ICJ မှာ အမှု ရင်ဆိုင်နေရဆဲလည်း ဖြစ်ပါတယ်။

ရိုဟင်ဂျာအရေး အထူးညီလာခံ ကျင်းပဖို့ ကုလ သံအမတ်ကြီး ၂ ဦး ခန့်အပ်
please wait

No media source currently available

0:00 0:01:11 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG