သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၂၅ မှာ နိုင်ငံတကာ ရိုဟင်ဂျာညီလာခံ ကျင်းပရေး ဘင်္ဂလားဒေ့ရှ်နဲ့ ကုလ ဆွေးနွေး

စစ်ဘေးရှောင်မွတ်ဆလင်များကို AA ကကြိုဆိုခဲ့ကြောင်း ထုတ်ပြန်ခဲ့သည့်မှတ်တမ်းဓာတ်ပုံ (မေ ၁၃၊ ၂၀၂၄)
စစ်ဘေးရှောင်မွတ်ဆလင်များကို AA ကကြိုဆိုခဲ့ကြောင်း ထုတ်ပြန်ခဲ့သည့်မှတ်တမ်းဓာတ်ပုံ (မေ ၁၃၊ ၂၀၂၄)

၂၀၂၅ ခုနှစ်အတွင်း ကုလသမဂ္ဂက ဦးစီးပြီး ကျင်းပဖို့ရှိတဲ့ နိုင်ငံတကာ ရိုဟင်ဂျာ ညီလာခံကို ဘယ်လိုပုံစံနဲ့ ကျင်းပမလဲ၊ ရည်ရွယ်တွေက ဘာတွေဖြစ်မလဲဆိုတာကို ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံဥက္ကဋ္ဌ Philemon Yang တို့ ဆွေးနွေးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်က လာတဲ့သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဒီညီလာခံ ကျင်းပဖို့ ကုလသမဂ္ဂ အထွေထွေညီလာခံက အခုနှစ်အတွင်း တခဲနက် ဆုံးဖြတ် အတည်ပြုပေးခဲ့တာပါ။

ရိုဟင်ဂျာပဋိပက္ခနဲ့ပတ်သက်လို့ ရေရှည်တည်တံ့ရေး ငြိမ်းချမ်းတဲ့နည်းနဲ့ အဖြေရှာကြဖို့ အခုနှစ် စက်တင်ဘာလမှာကျင်းပတဲ့ ကုလသမဂ္ဂ ညီလာခံမှာ အထူးအကြံပေးပုဂ္ဂိုလ် Mohammad Yunus က ပထမဆုံး တင်ပြခဲ့တာဖြစ်ပါတယ်။

မနေ့ တနင်္လာနေ့မှာ ပြုလုပ်ခဲ့တဲ့ အဲဒီ ဆွေးနွေးမှုအတွင်း ဒီ ညီလာခံအတွက် ဘင်္ဂလားဒေ့ရှ်ဘက်က ကုလသမဂ္ဂနဲ့ အတတ်နိုင်ဆုံး ပူးပေါင်း ဆောင်ရွက်သွားမယ့်အကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရ ရိုဟင်ဂျာရေးဆိုင်ရာ အထူးအကြံပေး Dr Khalilur Rahman က ပြောဆိုခဲ့ပါတယ်။

ဒီညီလာခံနဲ့ပတ်သက်လို့ နိုင်ငံတကာအသိုက်အဝန်းကလည်း စိတ်ဝင်စားမှုရှိတယ်ဆိုတာကို တွေ့ရကြောင်း ရိုဟင်ဂျာရေးဆိုင်ရာ အထူးအကြံပေး Dr Khalilur Rahman က တွေ့ဆုံမှုအတွင်း ပြောကြားခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်ကလာတဲ့သတင်းတွေမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာတွေ သူတို့ သဘောဆန္ဒနဲ့အညီ ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်ရေးအတွက် ကာယကံရှင် ရိုဟင်ဂျာတွေတင်သာမကဘဲ အိမ်ရှင် ဘင်္ဂလားဒေ့ရှ်၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာက လိုလားနေကြတာ ဖြစ်ပါတယ်။

This item is part of

Forum

XS
SM
MD
LG