သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း





----------------------------------------

မုံရွာ သပိတ် နှင့် နှိမ်နင်းမှု နောက်ဆုံးအခြေအနေ (NGO ဝန်ထမ်းပြောပြချက်)

မုံရွာမြို့မှာ တနင်္ဂနွေနေ့က စစ်အာဏာသိမ်းဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေအတွင်း သေနတ်နဲ့ ပစ်ခတ်ဖြိုခွဲမှုကြောင့် သေဆုံး၊ ဒဏ်ရာရသူတွေရှိခဲ့ပေမယ့် ညသပိတ် မီးထွန်းဆန္ဒပြပွဲတွေ ဆက်လက်ပြုလုပ်ခဲ့ကြောင်း မုံရွာမြို့ခံ NGO ဝန်ထမ်းတဦးကပြောပါတယ်။
လူ တဦးသေဆုံးပြီး လေးဦးနီးပါး ဒဏ်ရာရခဲ့တဲ့ မုံရွာမြို့ နန္ဒာဝန်က ဆန္ဒပြပွဲ အကြမ်းဖက်နှိမ်နင်းခံရတဲ့ အခြေအနေနဲ့ ဆက်ပြီးဖြစ်ပေါ်နေတဲ့ သပိတ်လှုပ်ရှားမှုတွေအကြောင်း မအင်ကြင်းနိုင်က မုံရွာမြို့ခံ NGO ဝန်ထမ်းတဦးကို ဆက်သွယ်မေးမြန်းထားပါတယ်။

တနင်္ဂနွေ နံနက်ပိုင်းနဲ့ နေ့လည်ပိုင်းက ဆန္ဒပြပွဲကို ပစ်ခတ်ဖြိုခွဲခံရတဲ့ နန္ဒာဝန်ရပ်ကွက်ဘက်မှာပဲ လူအယောက် (၂၀)လောက် စုဝေးပြီး ညသပိတ် မီးထွန်းဆန္ဒပြပွဲတွေ ဆက်လက်ပြုလုပ်ခဲ့တယ်လို့ အဲဒီ NGO ဝန်ထမ်းက ဗွီအိုအေကိုပြောဆိုခဲ့ပါတယ်။
XS
SM
MD
LG