သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေးနိုင်ငံပါ Quad ထိပ်သီးအစည်းအဝေး Delaware ပြည်နယ်မှာကျင်းပမည်


သြစတြေးလျဝန်ကြီးချုပ် Anthony Albanese, အမေရိကန်သမ္မတ Joe Biden, ဂျပန်ဝန်ကြီးချုပ် Fumio Kishida နဲ့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi တို့လေးနိုင်ငံထိပ်သီးအစည်းအဝေး တိုကျိုမှာတက်ရောက်စဥ်။ (မေ ၂၄၊ ၂၀၂၂)
သြစတြေးလျဝန်ကြီးချုပ် Anthony Albanese, အမေရိကန်သမ္မတ Joe Biden, ဂျပန်ဝန်ကြီးချုပ် Fumio Kishida နဲ့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi တို့လေးနိုင်ငံထိပ်သီးအစည်းအဝေး တိုကျိုမှာတက်ရောက်စဥ်။ (မေ ၂၄၊ ၂၀၂၂)

အမေရိကန်၊ Australia၊ ဂျပန်နဲ့အိန္ဒိယ လေးနိုင်ငံပါဝင်တဲ့ Quad အဖွဲ့ခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းဝေးကို စက်တင်ဘာလ ၂၁ ရက်မှာ သမ္မတဂျိုးဘိုင်ဒန်က သူ့ဌာနေ Delaware ပြည်နယ်မှာ ကျင်းပမှာဖြစ်ကြောင်း သမ္မတအိမ်ဖြူက ကြာသပတေးနေ့မှာ ကြေညာပါတယ်။

အစည်းအဝေးမှာ Quad အဖွဲ့ရဲ့ နောက်ခေါင်းဆောင်တွေဖြစ်တဲ့ Australia ဝန်ကြီးချုပ် Anthony Albanese၊ အိန္ဒိယဝန်ကြီးချုပ် Narendra Modi ဂျပန်ဝန်ကြီးချုပ် Kishida Fumio တို့ကို သမ္မတဘိုင်ဒန်က ဒုတိယအကြိမ်နဲ့ နောက်ဆုံးအကြိမ် အိမ်ရှင်အဖြစ်လက်ခံကျင်းပဖို့ စီစဉ်ထားတာပါ။

နယူးရောက်မှာ ကုလသမဂ္ဂအထွေထွေညီလာခံကျင်းပချိန်မှာ ဘေးထွက်အစည်းဝေးတခုအဖြစ် ဒီ ထိပ်သီးအစည်းဝေးကို ကျင်းပမှာလည်း ဖြစ်ပါတယ်။ ဒီအစည်းဝေးမှာ အဓိကဦးစားပေးကိစ္စရပ်အဖြစ် တောင်တရုတ်ပင်လယ်ထဲ တရုတ်ရဲ့ ရန်လိုမှုကို တုံံ့ပြန်ရေး၊ အင်ဒိုပစိဖိတ် ဒေသတွင်း ရေကြောင်းဆိုင်ရာ လက်ရှိလက်တွဲဆောင်ရွက်နေမှုတွေ အပါအဝင် အဖွဲ့တွင်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကို ဆွေးနွေးကြမယ်လို့ မျှော်လင့်ရပါတယ်။

အိမ်ဖြူတော်ပြောခွင့်ရ Karine Jean-Pierre ကတော့ အဖွဲ့ဝင်နိုင်ငံတွေကြား အင်ဒို-ပစိဖိတ် ဒေသတွင်း အဓိကနေရာတွေမှာ ခိုင်မာတဲ့ အကျိုးစီးပွါး ဖေါ်ဆောင်ရေး၊ အင်ဒို ပစိဖိတ်ဒေသတွင်း လွတ်လပ်မှုနဲ့ ပွင့်လင်းမှု ပိုရှိစေဖို့၊ မဟာဗျူဟာ အရ လက်တွဲဆောင်ရွက်မှု တိုးမြှင့်စေရေးကို ဒီ Quad ခေါင်းဆောင်တွေရဲ့ ထိပ်အသီးအစည်းဝေးမှာ ဆွေးနွေးဖို့ ရှိတယ်လို့ ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။ သမ္မတဘိုင်ဒန်ဟာ ပထမဆုံး Quad ခေါင်းဆောင်တွေရဲ့ လူကိုယ်တိုင် တက်ရောက်တဲ့ အစည်းဝေးကို ၂၀၂၁ က သမ္မတအိမ်ဖြူမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးခဲ့တာပါ။ လာမယ့် နှစ် ၂၀၂၅ မှာတော့ အိန္ဒိယ မှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။

Forum

XS
SM
MD
LG