သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်မှုရပ်ဖို့ Quad နိုင်ငံခြားရေးဝန်ကြီးတွေတောင်းဆို


Quad ၄ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေ နယူးယောက်မြို့မှာ စက်တင်ဘာ ၂၂ ရက်နေ့က တွေ့ဆုံစဉ်။
Quad ၄ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေ နယူးယောက်မြို့မှာ စက်တင်ဘာ ၂၂ ရက်နေ့က တွေ့ဆုံစဉ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်လုပ်ရပ်တွေ ချက်ချင်းရပ်ဖို့၊ ဥပဒေမဲ့ဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ပေးဖို့၊ ဆွေးနွေးအဖြေရှာဖို့၊ လူသားချင်းစာနာတဲ့အကူအညီတွေ အဟန့်အတားမရှိပေးနိုင်ဖို့နဲ့ ဖယ်ဒရယ်ဒီမိုကရက်တစ်စနစ် အသွင်ပြောင်းလဲမှုမှာ အားလုံးပါဝင်နိုင်ဖို့ လိုအပ်ကြောင်း Quad အဖွဲ့ဝင် ၄ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေက တောင်းဆိုလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံကိုတက်ဖို့ ရောက်နေကြတဲ့ လုံခြုံရေးဆိုင်ရာ လေးပွင့်ဆိုင် Quad ၄ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေ စက်တင်ဘာ ၂၂ ရက် သောကြာနေ့က နယူးယောက်မြို့မှာ တွေ့ဆုံခဲ့ကြတာပါ။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ၊ ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး Penny Wong ၊ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Yoko Kamikawa နဲ့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး S. Jaishankar တို့တွေ့ဆုံဆွေးနွေးပြီး မြန်မာ့အရေး ထည့်သွင်းဆွေးနွေးတောင်းဆိုခဲ့ကြတာပါ။

အလားတူ တောင်းဆိုချက်တွေကို အခုနှစ်အစောပိုင်း မတ်လအတွင်းမှာ ကျင်းပခဲ့တဲ့ Quad ၄ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ တွေ့ဆုံမှုအပြီးမှာလည်း ထုတ်ပြန်ခဲ့သလို အချက် ၅ ချက်ပါ အာဆီယံဘုံသဘောတူညီချက်တွေကို အပြည့်အဝ အကောင်အထည်ဖော်ဖို့ကိုလည်း တောင်းဆိုခဲ့ပါတယ်။

သောကြာနေ့က ဆွေးနွေးအပြီး ထုတ်ပြန်တဲ့ အချက် ၁၄ ချက်ပါ ပူးတွဲ ကြေညာချက်မှာ - ယူကရိန်း-ရုရှား ပဋိပက္ခ၊ မြောက်ကိုရီးအရေးတို့အပြင် မြန်မာနိုင်ငံနဲ့ ဆိုင်တဲ့ အကြောင်းအရာတွေကိုလည်း ထည့်သွင်း ဖော်ပြထားတာပါ။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG