သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားကျူးကျော်စစ်ကိစ္စ သဘောမတူနိုင်ဘဲ G20 ညီလာခံပြီးဆုံး

ကမ္ဘာ့စီးပွားရေးအင်အားကြီး G20 နိုင်ငံတွေရဲ့ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအတွင်းတွေ့ရတဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov (ရှေ့)နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken (အလယ်-နောက်)
ကမ္ဘာ့စီးပွားရေးအင်အားကြီး G20 နိုင်ငံတွေရဲ့ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအတွင်းတွေ့ရတဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov (ရှေ့)နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken (အလယ်-နောက်)

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်မှာ ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးအင်အားကြီး G20 နိုင်ငံတွေရဲ့ ထိပ်သီးအစည်းအဝေးအတွင်းကတော့ ယူကရိန်းအပေါ် ရုရှားကျူးကျော်စစ်နဲ့ပတ်သက်လို့ သဘောတူညီချက်မှမရဘဲ ပြီးဆုံးသွားပါတယ်။ ရုရှားအပေါ် အပြစ်တင်တဲ့အသုံးအနှုန်း G20 ကြေညာချက်မှာထည့်သွင်းမှာကို ရုရှားနဲ့ တရုတ်တို့က လက်မခံခဲ့ကြပါဘူး။ ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲနေတဲ့ ရုရှားနိုင်ငံအပေါ် အရေးယူဆောင်ရွက်တာမျိုးမလုပ်ဘဲ ဒီအတိုင်းခွင့်ပြုထားမှာ မဟုတ်ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကတော့ G-20 ဘေးပန်းမှာ ကျင်းပတဲ့ Quad အဖွဲ့ဝင်တွေရဲ့ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

ယူကရိန်းကို ဝင်ရောက်တိုက်ခိုက်တဲ့ ရုရှားကို အပြစ်ကင်းလွတ်ခွင့်ပေးထားမယ်ဆိုရင် ဒါဟာ ကမ္ဘာ့နေရာအနှံ့မှာရှိတဲ့ ကျူးကျော်ရန်လိုသူတွေအပေါ် အလားတူ အပြစ်က လွတ်ငြိမ်းခွင့်ပေးလိမ့်မယ်ဆိုတဲ့ သတင်းစကားမျိုး ပါးလိုက်သလို ဖြစ်လိမ့်မယ်ဆိုပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောခဲ့ပါတယ်။

Quad အဖွဲ့ဝင်တွေဖြစ်တဲ့ အမေရိကန် အိန္ဒိယ၊ သြစတေးလျ၊ ဂျပန်နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ ယူကရိန်းပဋိပက္ခနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြတာပါ။ G20 အစည်းအဝေးအပြီး ကြေညာချက်မှာတော့ ယူကရိန်းကိုနျူကလီးယားအသုံးပြု တိုက်ခိုက်မယ်ဆိုတဲ့ ခြိမ်းခြောက်ပြောဆိုမှုမျိုးနဲ့ ပတ်သက်ပြီးတော့ လက်ခံနိုင်စရာမရှိဘူးလို့လည်း ဖော်ပြပါတယ်။ ရေပိုင်နက်နယ်နိမိတ်အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ပြင်နဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံက စစ်အင်အားသုံး ဆောင်ရွက်နေတာရော၊ အခြေအနေတွေပိုတင်းမာလာအောင် ဆောင်ရွက်နေတာနဲ့ ပတ်သက်လို့လည်း ကြေညာချက်မှာ ရှုတ်ချထားပေမယ့် တရုတ်နိုင်ငံလို့ နာမည်တပ်ဖော်ပြခြင်းတော့ မရှိခဲ့ပါဘူး။

ရုရှားကျူးကျော်စစ်ကိစ္စ သဘောမတူနိုင်ဘဲ G20 ညီလာခံပြီးဆုံး
please wait

No media source currently available

0:00 0:01:08 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG