သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Blinken နဲ႔ Lavrov အလြတ္သေဘာေဆြးေႏြး 


႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး (ဝဲ) ႏွင့္ အေမရိကန္ႏိုင္ငံျခားေရး (ယာ) တို႔ အိႏိၵယႏိုင္ငံ နယူးေဒလီၿမိဳ႕ရွိ G20 ႏိုင္ငံျခားေရးအစည္းအေဝးအတြင္းေတြ႔ရစဥ္ (မတ္ ၂၊ ၂၀၂၃)

အိႏၵိယႏိုင္ငံ နယူးေဒလီၿမိဳ႕ေတာ္မွာက်င္းပေနတဲ့ G 20 အစည္းအေဝးတက္ေနတဲ့ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken နဲ႔ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး Sergey Lavrov တို႔ အလြတ္သေဘာေဆြးေႏြးခဲ့ၾကပါတယ္။ G-20 ညီလာခံ ေဘးပန္းမွာ ၁၀ မိနစ္ေလာက္ ႏိုင္ငံျခားေရးဝန္ႀကီး ၂ ေယာက္ ေတ႔ြဆံုခဲ့ၾကတယ္လို႔ အေမရိကန္တာဝန္ရွိသူေတြ ေျပာပါတယ္။

ယူကရိန္းကို ႐ုရွားစစ္ဝင္တိုက္တဲ့ကိစၥေၾကာင့္ ၂ ႏိုင္ငံ ဆက္ဆံေရး တင္းမာေနခ်ိန္မွာ ခုလို အခ်ိန္တိုေဆြးေႏြးခဲ့တာျဖစ္သလို ယူကရိန္းစစ္ပြဲ စတင္ခ်ိန္ထဲကဆိုရင္ ပထမဆံုးအႀကိမ္ ေတ႔ြဆံုေဆြးေႏြးမႈလည္း ျဖစ္ပါတယ္။ ယူကရိန္းစစ္ပြဲ အဆံုးမသတ္မခ်င္း အေမရိကန္က ယူကရိန္းကို ေထာက္ခံသြားမယ္ဆိုတဲ့အေၾကာင္း၊ New START ႏ်ဴးကလီးယားစာခ်ဳပ္ကေနႏႈတ္ထြက္တဲ့ ႐ုရွားဆံုးျဖတ္ခ်က္ကို ျပန္ျပင္သင့္ေၾကာင္းနဲ႔ ႐ုရွားက ဖမ္းဆီးထားတဲ့ အေမရိကန္ႏိုင္ငံသား Paul Whelan ကို ျပန္လႊတ္ေပးသင့္တဲ့အေၾကာင္းစတဲ့ အခ်က္ ၃ ခုကို ေျပာခဲ့တယ္လို႔ အေမရိကန္ထိပ္တန္းတာဝန္ရွိသူက သတင္းေထာက္ေတြကို ေျပာၾကားခဲ့ပါတယ္။

ယူကရိန္းအေပၚ အေမရိကန္ရဲ႕ ေထာက္ခံမႈဟာ ယိမ္းယိုင္သြားလိမ့္မယ္ဆိုတဲ့ အယူအဆအလြဲကိုလည္းလံုးဝ ေဖ်ာက္လိုက္ဖို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Bliken က ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး Lavrov ကို ေျပာခဲ့တယ္လို႔ အမည္မေဖာ္လိုတဲ့ တာဝန္ရွိသူက သတင္းေထာက္ေတြကို ေျပာၾကားခဲ့ပါတယ္။

Blinken နဲ႔ Lavrov အလြတ္သေဘာေဆြးေႏြး
please wait

No media source currently available

0:00 0:01:03 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode]

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်မှာကျင်းပနေတဲ့ G 20 အစည်းအဝေးတက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov တို့ အလွတ်သဘောဆွေးနွေးခဲ့ကြပါတယ်။ G-20 ညီလာခံ ဘေးပန်းမှာ ၁၀ မိနစ်လောက် နိုင်ငံခြားရေးဝန်ကြီး ၂ ယောက် တေ့ွဆုံခဲ့ကြတယ်လို့ အမေရိကန်တာဝန်ရှိသူတွေ ပြောပါတယ်။

ယူကရိန်းကို ရုရှားစစ်ဝင်တိုက်တဲ့ကိစ္စကြောင့် ၂ နိုင်ငံ ဆက်ဆံရေး တင်းမာနေချိန်မှာ ခုလို အချိန်တိုဆွေးနွေးခဲ့တာဖြစ်သလို ယူကရိန်းစစ်ပွဲ စတင်ချိန်ထဲကဆိုရင် ပထမဆုံးအကြိမ် တေ့ွဆုံဆွေးနွေးမှုလည်း ဖြစ်ပါတယ်။ ယူကရိန်းစစ်ပွဲ အဆုံးမသတ်မချင်း အမေရိကန်က ယူကရိန်းကို ထောက်ခံသွားမယ်ဆိုတဲ့အကြောင်း၊ New START နျူးကလီးယားစာချုပ်ကနေနှုတ်ထွက်တဲ့ ရုရှားဆုံးဖြတ်ချက်ကို ပြန်ပြင်သင့်ကြောင်းနဲ့ ရုရှားက ဖမ်းဆီးထားတဲ့ အမေရိကန်နိုင်ငံသား Paul Whelan ကို ပြန်လွှတ်ပေးသင့်တဲ့အကြောင်းစတဲ့ အချက် ၃ ခုကို ပြောခဲ့တယ်လို့ အမေရိကန်ထိပ်တန်းတာဝန်ရှိသူက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ယူကရိန်းအပေါ် အမေရိကန်ရဲ့ ထောက်ခံမှုဟာ ယိမ်းယိုင်သွားလိမ့်မယ်ဆိုတဲ့ အယူအဆအလွဲကိုလည်းလုံးဝ ဖျောက်လိုက်ဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Bliken က ရုရှားနိုင်ငံခြားရေးဝန်ကြီး Lavrov ကို ပြောခဲ့တယ်လို့ အမည်မဖော်လိုတဲ့ တာဝန်ရှိသူက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG