=== [[ ZAWGYI ]] ===
အိႏၵိယ- ၾသစေၾတးလ် ဆက္ဆံေရး တိုးျမႇင့္
အိႏၵိယႏိုင္ငံ နယူးေဒလီ ၿမိဳ႕ေတာ္မွာ ေသာၾကာေန႔က က်င္းပတဲ့ ၾသစေၾတးလ်နဲ႔အိႏၵိယ ေခါင္းဆာင္ ၂ ဦးရဲ႕ ေဆြးေႏြးပြဲမွာေတာ့ ကာကြယ္ေရးနဲ႔ လုံၿခဳံေရးဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရးမွာ ထူးျခားတဲ့ တိုးတက္မႈေတြ ရရွိခဲ့ပါတယ္။
"ကမာၻတဝန္း လုံၿခဳံေရးဆိုင္ရာ မေရရာ မေသခ်ာမႈ တိုးလာတဲ့အေရးကို အိႏၵိယဝန္ႀကီးခ်ဳပ္ Narendra Modi နဲ႔ ေဆြးေႏြးခဲ့ၿပီး ဒီ စိန္ေခၚ အကဲစမ္းခ်က္ေတြကို ေျဖရွင္းေဆာင္႐ြက္ေရးအတြက္ ၾသစေၾတးလ်နဲ႔ အိႏၵိယၾကား ကာကြယ္ေရးနဲ႔ လုံၿခဳံေရး ခိုင္မာအားေကာင္းေစေရး အခိုင္အမာ ကတိျပဳခဲ့ၾကေၾကာင္း" ၾသစေၾတးလ်ဝန္ႀကီးခ်ဳပ္ Anthony Albanese က ေျပာဆိုခဲ့ပါတယ္။ ေခါင္းဆာင္ ႏွစ္ဦး ေဆြးေႏြးပြဲအၿပီး လုပ္တဲ့ ပူးတြဲ သတင္းစာရွင္းလင္းပြဲအတြင္း သတင္းေထာက္ေတြကို ေျပာဆိုခဲ့တာပါ။
ထူးျခားႀကီးမားတဲ့ တိုးတက္ ျဖစ္ထြန္းမႈလို႔လည္း သူက ေျပာပါတယ္။ ႏွစ္ႏိုင္ငံၾကား ပူးတြဲ စစ္ေရးေလ့က်င့္မႈေတြနဲ႔ သတင္းအခ်က္အလက္ ဖလွယ္ေရး တိုးျမႇင့္ေဆာင္႐ြက္ခဲ့တဲ့ ၂၀၂၀ ျပည့္ႏွစ္ေနာက္ပိုင္းမွာ ႏွစ္ႏိုင္ငံ ကာကြယ္ေရးဆိုင္ရာ ဆက္ဆံေရးက အရွိန္ေကာင္းလာခဲ့တာပါ။
အင္ဒို-ပစိဖိတ္ ေဒသတြင္း တ႐ုတ္ရဲ႕ႀကီးစိုးေရး ႀကိဳးပမ္းမႈေတြကို တန္ျပန္ဖို႔ႀကိဳးစားတဲ့ Quad အဖြဲ႕မွာလည္း အမရိကန္၊ ဂ်ပန္တို႔နဲ႔ အတူ အိႏၵိယနဲ႔ ၾသစေၾတးလ်တို႔လည္း ပါဝင္တာ ျဖစ္ပါတယ္။ လုံၿခဳံေရး ပူးေပါင္းေဆာင္႐ြက္မႈဟာဆိုရင္ အလုံစုံပါဝင္တဲ့ မဟာဗ်ဴဟာေျမာက္ ဆက္ဆံေရးမွာ အေရးႀကီးတဲ့ မ႑ိဳင္တရပ္ ျဖစ္တယ္လို႔ ၾသစေၾတးလ် ဝန္ႀကီးခ်ဳပ္နဲ႔ ေဆြးေႏြးအၿပီးမွာ အိႏၵိယဝန္ႀကီးခ်ဳပ္ Modi က ေျပာဆိုခဲ့ပါတယ္။
အင္ဒို- ပစိဖိတ္ေဒသတြင္း ေရေၾကာင္းဆိုင္ရာ လုံၿခဳံေရးနဲ႔ အက်ိဳးတူ လုံၿခဳံေရး တိုးျမႇင့္ေရးတို႔လည္း ထည့္သြင္း ေဆြးေႏြးခဲ့ေၾကာင္း အိႏၵိယဝန္ႀကီးခ်ဳပ္က ေျပာပါတယ္။ ႏွစ္စဥ္ ထိပ္သီးေတြ႕ဆုံဖို႔ ဆုံးျဖတ္ထားၾကတဲ့ ႏွစ္ႏိုင္ငံၾကားမွာ အခု ထိပ္သီးေတြ႕ဆုံပြဲက ပထမဆုံးအႀကိမ္ ျဖစ္ပါတယ္။
=== {{ UNICODE }} ===
အိန္ဒိယ- သြစတြေးလျ ဆက်ဆံရေး တိုးမြှင့်
အိန္ဒိယနိုင်ငံ နယူးဒေလီ မြို့တော်မှာ သောကြာနေ့က ကျင်းပတဲ့ သြစတြေးလျနဲ့အိန္ဒိယ ခေါင်းဆာင် ၂ ဦးရဲ့ ဆွေးနွေးပွဲမှာတော့ ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးမှာ ထူးခြားတဲ့ တိုးတက်မှုတွေ ရရှိခဲ့ပါတယ်။
"ကမ္ဘာတဝန်း လုံခြုံရေးဆိုင်ရာ မရေရာ မသေချာမှု တိုးလာတဲ့အရေးကို အိန္ဒိယဝန်ကြီးချုပ် Narendra Modi နဲ့ ဆွေးနွေးခဲ့ပြီး ဒီ စိန်ခေါ် အကဲစမ်းချက်တွေကို ဖြေရှင်းဆောင်ရွက်ရေးအတွက် သြစတြေးလျနဲ့ အိန္ဒိယကြား ကာကွယ်ရေးနဲ့ လုံခြုံရေး ခိုင်မာအားကောင်းစေရေး အခိုင်အမာ ကတိပြုခဲ့ကြကြောင်း" သြစတြေးလျဝန်ကြီးချုပ် Anthony Albanese က ပြောဆိုခဲ့ပါတယ်။ ခေါင်းဆာင် နှစ်ဦး ဆွေးနွေးပွဲအပြီး လုပ်တဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲအတွင်း သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။
ထူးခြားကြီးမားတဲ့ တိုးတက် ဖြစ်ထွန်းမှုလို့လည်း သူက ပြောပါတယ်။ နှစ်နိုင်ငံကြား ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေနဲ့ သတင်းအချက်အလက် ဖလှယ်ရေး တိုးမြှင့်ဆောင်ရွက်ခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်နောက်ပိုင်းမှာ နှစ်နိုင်ငံ ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးက အရှိန်ကောင်းလာခဲ့တာပါ။
အင်ဒို-ပစိဖိတ် ဒေသတွင်း တရုတ်ရဲ့ကြီးစိုးရေး ကြိုးပမ်းမှုတွေကို တန်ပြန်ဖို့ကြိုးစားတဲ့ Quad အဖွဲ့မှာလည်း အမရိကန်၊ ဂျပန်တို့နဲ့ အတူ အိန္ဒိယနဲ့ သြစတြေးလျတို့လည်း ပါဝင်တာ ဖြစ်ပါတယ်။ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုဟာဆိုရင် အလုံစုံပါဝင်တဲ့ မဟာဗျူဟာမြောက် ဆက်ဆံရေးမှာ အရေးကြီးတဲ့ မဏ္ဍိုင်တရပ် ဖြစ်တယ်လို့ သြစတြေးလျ ဝန်ကြီးချုပ်နဲ့ ဆွေးနွေးအပြီးမှာ အိန္ဒိယဝန်ကြီးချုပ် Modi က ပြောဆိုခဲ့ပါတယ်။
အင်ဒို- ပစိဖိတ်ဒေသတွင်း ရေကြောင်းဆိုင်ရာ လုံခြုံရေးနဲ့ အကျိုးတူ လုံခြုံရေး တိုးမြှင့်ရေးတို့လည်း ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း အိန္ဒိယဝန်ကြီးချုပ်က ပြောပါတယ်။ နှစ်စဉ် ထိပ်သီးတွေ့ဆုံဖို့ ဆုံးဖြတ်ထားကြတဲ့ နှစ်နိုင်ငံကြားမှာ အခု ထိပ်သီးတွေ့ဆုံပွဲက ပထမဆုံးအကြိမ် ဖြစ်ပါတယ်။