သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အင္ဒို၊ ပစိဖိတ္ေဒသ ပူးေပါင္းေဆာင္ရြက္ေရး QUAD ၄ ႏိုင္ငံ ေခါင္းေဆာင္ေတြေဆြးေႏြး


نشست سران گروه چهارگانه یا کواد در کاخ سفید - جمعه ۲ مهر ۱۴۰۰

{{Zawgyi/Unicode}}

အေမရိကန္၊ ဂ်ပန္၊ အိႏၵိယနဲ႔ Australia ၄ ႏိုင္ငံ ေခါင္းေဆာင္ေတြဟာ အင္ဒို- ပစိဖိတ္ေဒသတြင္း ဒီမိုကေရစီေရးကို ကာကြယ္ေစာင့္ေရွာက္ၾကဖို႔ ေသာၾကာေန႔ ေဆြးေႏြးပြဲကေန သံဓိဌာန္ခ်မွတ္ခဲ့ၾကပါတယ္။

အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္က အင္ဒို- ပစိဖိတ္ေဒသတြင္း လံုျခံဳေရးပူးေပါင္းေဆာင္ရြက္တဲ့ အိႏၵိယ၊ ဂ်ပန္နဲ႔ Australia ၄ ႏိုင္ငံပါဝင္တဲ့ QUAD အဖြဲ႔ ေခါင္းေဆာင္ေတြနဲ႔ လူကိုယ္တိုင္ေတြ႕ဆံုတဲ့ ထိပ္သီးေဆြးေႏြးပြဲကို သမၼတအိမ္ျဖဴမွာ လက္ခံက်င္းပခဲ့ပါတယ္။

ဒီမိုကေရစီႏိုင္ငံႀကီး ၄ ႏိုင္ငံအေနနဲ႔ ကာလတာရွည္ ပူးေပါင္းေဆာင္ရြက္ခဲ့တာျဖစ္ၿပီး လုပ္စရာရွိတာကို ဘယ္လိုလုပ္ရမယ္ဆိုတာကို သိၿပီျဖစ္သလို စိန္ေခၚမႈေတြကို ရင္ဆိုင္ၾကမွာ ျဖစ္ေၾကာင္း ေဆြးေႏြးပြဲအၿပီး အိႏၵိယဝန္ႀကီးခ်ဳပ္ Narendra Modi ၊ Australia ဝန္ႀကီးခ်ဳပ္ Scott Morrison ၊ ဂ်ပန္ဝန္ႀကီးခ်ဳပ္ Yoshihide Suga တို႔နဲ႔ အတူ သတင္းစာရွင္းလင္းပြဲမွာ သမၼတဘိုင္ဒန္က ေျပာၾကားခဲ့တာပါ။

ေခါင္းေဆာင္ ၄ ဦးဟာ မတ္လတုန္းက အြန္လိုင္းကေနေတြ႕ဆံုေဆြးေႏြးခဲ့ၾကတာ ျဖစ္ၿပီး အခု ပထမဆံုး လူကိုယ္တိုင္ေတြ႕ဆံုၾကတာ ျဖစ္ပါတယ္။ တ႐ုတ္နဲ႔ ပတ္သက္ၿပီး ေခါင္းေဆာင္ ၄ ဦးက တိုက္႐ိုက္ဘာမွ ထုတ္ေဖၚမေျပာၾကားခဲ့ေပမယ့္ အခု ေဆြးေႏြးပြဲမွာ တ႐ုတ္ရဲ႕ ေဒသတြင္း ၾသဇာႀကီးမားလာမႈနဲ႔ ပတ္သက္ၿပီး ဦးစားေပးေဆြးေႏြးၾကဖို႔ ရွိတာပါ။

ဂ်ပန္ဝန္ႀကီးခ်ဳပ္ Suga က အင္ဒို- ပစိဖိတ္ေဒသတြင္း လြတ္လပ္မႈနဲ႔ ပြင့္လင္းမႈရွိေစဖို႔ သူတို႔ ၄ ႏိုင္ငံ လုပ္ေဆာင္မယ္ ဆိုတာကို ဒီေဆြးေႏြးပြဲက ျပသေနေၾကာင္း ေျပာသလို Australia ဝန္ႀကီးခ်ဳပ္ Morrison က အင္ဒို- ပစိဖိတ္ေဒသတြင္း လြတ္လပ္မႈ ပြင့္လင္းမႈရွိမွ ေဒသတြင္းႂကြယ္ဝမႈ တည္ၿငိမ္မႈ ခိုင္မာမႈ ရွိမယ္လို႔ ယံုၾကည္ေၾကာင္း ေျပာပါတယ္။

ေသာၾကာေန႔ အေစာပိုင္းတုန္းကေတာ့ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရက Quad ၄ ႏိုင္ငံ ဟာ ေဒသတြင္းႏီုင္ငံေတြရဲ႕ ရည္မွန္းခ်က္နဲ႔ လက္ရွိအေနထားကို ဆန္႔က်င္ဖို႔ လုပ္ေနတယ္လို႔ ေဝဖန္ခဲ့တာ ျဖစ္ပါတယ္။

........................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

အမေရိကန်၊ ဂျပန်၊ အိန္ဒိယနဲ့ Australia ၄ နိုင်ငံ ခေါင်းဆောင်တွေဟာ အင်ဒို- ပစိဖိတ်ဒေသတွင်း ဒီမိုကရေစီရေးကို ကာကွယ်စောင့်ရှောက်ကြဖို့ သောကြာနေ့ ဆွေးနွေးပွဲကနေ သံဓိဌာန်ချမှတ်ခဲ့ကြပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အင်ဒို- ပစိဖိတ်ဒေသတွင်း လုံခြုံရေးပူးပေါင်းဆောင်ရွက်တဲ့ အိန္ဒိယ၊ ဂျပန်နဲ့ Australia ၄ နိုင်ငံပါဝင်တဲ့ QUAD အဖွဲ့ ခေါင်းဆောင်တွေနဲ့ လူကိုယ်တိုင်တွေ့ဆုံတဲ့ ထိပ်သီးဆွေးနွေးပွဲကို သမ္မတအိမ်ဖြူမှာ လက်ခံကျင်းပခဲ့ပါတယ်။

ဒီမိုကရေစီနိုင်ငံကြီး ၄ နိုင်ငံအနေနဲ့ ကာလတာရှည် ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး လုပ်စရာရှိတာကို ဘယ်လိုလုပ်ရမယ်ဆိုတာကို သိပြီဖြစ်သလို စိန်ခေါ်မှုတွေကို ရင်ဆိုင်ကြမှာ ဖြစ်ကြောင်း ဆွေးနွေးပွဲအပြီး အိန္ဒိယဝန်ကြီးချုပ် Narendra Modi ၊ Australia ဝန်ကြီးချုပ် Scott Morrison ၊ ဂျပန်ဝန်ကြီးချုပ် Yoshihide Suga တို့နဲ့ အတူ သတင်းစာရှင်းလင်းပွဲမှာ သမ္မတဘိုင်ဒန်က ပြောကြားခဲ့တာပါ။

ခေါင်းဆောင် ၄ ဦးဟာ မတ်လတုန်းက အွန်လိုင်းကနေတွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပြီး အခု ပထမဆုံး လူကိုယ်တိုင်တွေ့ဆုံကြတာ ဖြစ်ပါတယ်။ တရုတ်နဲ့ ပတ်သက်ပြီး ခေါင်းဆောင် ၄ ဦးက တိုက်ရိုက်ဘာမှ ထုတ်ဖေါ်မပြောကြားခဲ့ပေမယ့် အခု ဆွေးနွေးပွဲမှာ တရုတ်ရဲ့ ဒေသတွင်း သြဇာကြီးမားလာမှုနဲ့ ပတ်သက်ပြီး ဦးစားပေးဆွေးနွေးကြဖို့ ရှိတာပါ။

ဂျပန်ဝန်ကြီးချုပ် Suga က အင်ဒို- ပစိဖိတ်ဒေသတွင်း လွတ်လပ်မှုနဲ့ ပွင့်လင်းမှုရှိစေဖို့ သူတို့ ၄ နိုင်ငံ လုပ်ဆောင်မယ် ဆိုတာကို ဒီဆွေးနွေးပွဲက ပြသနေကြောင်း ပြောသလို Australia ဝန်ကြီးချုပ် Morrison က အင်ဒို- ပစိဖိတ်ဒေသတွင်း လွတ်လပ်မှု ပွင့်လင်းမှုရှိမှ ဒေသတွင်းကြွယ်ဝမှု တည်ငြိမ်မှု ခိုင်မာမှု ရှိမယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

သောကြာနေ့ အစောပိုင်းတုန်းကတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရက Quad ၄ နိုင်ငံ ဟာ ဒေသတွင်းနီုင်ငံတွေရဲ့ ရည်မှန်းချက်နဲ့ လက်ရှိအနေထားကို ဆန့်ကျင်ဖို့ လုပ်နေတယ်လို့ ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG