မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တောမတ် အိုဟေး ကင်တားနား (Thomas Ojea Quintana) က သူ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ နောက်ဆုံးအစီရင်ခံစာကို လူ့အခွင့်အရေးကောင်စီမှာ ကိုယ်တိုင် တင်သွင်းလိုက်ပါတယ်။
မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေ အထူးသဖြင့် နိုင်ငံရေးအကျဉ်းသား ကိစ္စရပ်မှာ အတော်ကြီး တိုးတက်မှုတွေရှိခဲ့တယ်လို့ မစ္စတာ ကင်တားနားက အသိအမှတ်ပြု ပြောခဲ့ပါတယ်။ ဒါပေမဲ့ လူ့အခွင့်အရေး တိုးတက်မှုမှာ စိန်ခေါ်ချက်တွေနဲ့ စိုးရိမ်စရာတွေရှိနေတုန်းပဲလို့တော့ ထောက်ပြခဲ့ပါတယ်။
မြန်မာအစိုးရဘက်ကတော့ ကုလသမဂ္ဂ ကိုယ်စားလှယ်ရဲ့ အစီရင်ခံစာပါ အကြံပြုချက်တွေနဲ့ အချက်အလက်အချို့ကို ငြင်းပယ်ခဲ့ပါတယ်။ ကိုသားညွန့်ဦးက တင်ပြထားပါတယ်။
မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး မစ္စတာ ကင်တာနားအနေနဲ့ မနေ့က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို တင်ပြဆွေးနွေးသွားရာမှာ၊ တိုးတက်မှုတွေကို အသိအမှတ်ပြုသလို တဘက်မှာ ရှိနေသေးတဲ့ စိန်ခေါ်ချက်တွေကိုလည်း ထောက်ပြခဲ့ပါတယ်။ သူစပြီး တာဝန်ယူခဲ့စဉ် ၂၀၀၉ ခုနှစ်ကထက်တော့ ပြောင်းလဲတိုးတက်မှုတွေ အတော်ကြီး မြင်လာရမယ်လို့ ဆိုပါတယ်။ လွတ်လပ်စွာ ပြောဆိုခွင့်၊ ရေးသားခွင့် သတင်းမီဒီယာ လွတ်လပ်ခွင့်တွေအပြင် နိုင်ငံရေးအကျဉ်းသားတွေ အများစုကြီး လွတ်မြောက်လာခဲ့တယ်လို့ ပြောပါတယ်။
“ယုံကြည်ချက်ကြောင့် အကျဉ်းချခံရသူတွေ ပြန်လွတ်လာမှုဟာ မြန်မာအစိုးရရဲ့ အကြီးမားဆုံး အောင်မြင်မှုတရပ် ဖြစ်မယ်လို့ ကျနော် ယူဆပါတယ်။ ၂၀၁၁ ခုနှစ် မေလကတည်းကစပြီးတော့ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကြေညာချက် ၁၅ ခုမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျသူ ၁,၁၀၀ ကျော် လွတ်မြောက်လာခဲ့ပါတယ်။ သူတို့အားလုံး လွတ်မြောက်လာကြပြီး၊ အခုဆိုရင် နိုင်ငံရဲ့ အသွင်ကူးပြောင်းရေးမှာ ပါဝင်လာနိုင်ကြတာကို ဝမ်းမြောက်ရပါတယ်။ ဒါပေမဲ့လည်း ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူ ၃၃ ဦးလောက် ကျန်နေသေးတယ်ဆိုတာကို ထောက်ပြရပါလိမ့်မယ်။ ဒီအထဲ ရခိုင်ပြည်နယ်ထဲက ဒေါက်တာထွန်းအောင်၊ ဦးကျော်လှအောင်နဲ့ အစိုးရမဟုတ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းက ဝန်ထမ်း ၃ ဦးတို့လည်း ပါဝင်ပါတယ်။”
တဘက်မှာတော့ လူ့အခွင့်အရေးအရ စိန်ခေါ်ချက်တွေ ရှိနေသေးတာကို အဓိက ထောက်ပြရာမှာတော့ သူ့နဲ့ မြန်မာအာဏာပိုင်တွေကြား အကြီးအကျယ် သဘောကွဲလွဲမှုဖြစ်နေတဲ့ ရိုဟင်ဂျာလူနည်းစု ကိစ္စရပ်ပါ။
“မြန်မာနိုင်ငံတွင်းက ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းဟာ စနစ်တကျကို လူ့အခွင့်အရေး ချိုးဖောက် ဖိနှိပ်တာတွေ ခံနေရတုန်းပါပဲ။ လွတ်လပ်စွာ သွားလာခွင့်၊ ကျန်းမာရေး စောင့်ရှောက်မှု ရပိုင်ခွင့်၊ ပညာရေး၊ စားဝတ်နေထိုင်ရေး စသဖြင့် ချိုးဖောက်မှုတွေ ခံစားနေရပါတယ်။”
ရခိုင်ပြည်နယ်တွင်းက နိုင်ငံတကာ အဖွဲ့အစည်းတွေ အကူအညီပေးရေး အဖွဲ့တွေဟာလည်း ရန်လို ခြိမ်းခြောက်မှုတွေ ခံနေရတယ်ဆိုပြီး ထောက်ပြ သွားပါတယ်။ မြန်မာအစိုးရ ကိုယ်စားလှယ်ဖြစ်တဲ့ ဦးမောင်ဝေကတော့ ဒီကိစ္စကို အတော်လေး ပြင်းပြင်းထန်ထန် ချေပခဲ့ပါတယ်။
ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တွေရဲ့ အခုလို တွေ့ရှိချက် အစီရင်ခံချက်တွေအပေါ်မှာ မှန် မမှန် ပြန်ပြီး စိစစ်နိုင်မှု ကုလသမဂ္ဂမှာ အားနည်းနေတယ်ဆိုပြီး ဦးမောင်ဝေက ထောက်ပြ ဝေဖန်သွားပါတယ်။ မြန်မာနိုင်ငံ ပြောင်းလဲမှုတွေနဲ့ ပတ်သက်လို့ မစ္စတာ ကင်တာနားရဲ့ အသိအမှတ်ပြုမှုအပေါ်မှာ လက်ခံကြိုဆိုပေမဲ့လို့ မစ္စတာ ကင်တာနားရဲ့ အကြံပြု တိုက်တွန်းချက်တွေဟာ အခြေအနေနဲ့ မကိုက်ညီတော့ဘူးဆိုပြီး တုံ့ပြန်သွားပါတယ်။
“မစ္စတာ ကင်တာနားရဲ့ အစီရင်ခံစာရော အခု တင်ပြဆွေးနွေးသွားချက်တွေမှာပါ ကျနော်တို့ သဘောမတူနိုင်တဲ့ အကြံပြုချက် တိုက်တွန်းချက်တွေ ပါဝင်နေပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ သူ့အစီရင်ခံစာထဲမှာ အသေအချာ စိစစ်မှုမလုပ်ခဲ့တဲ့ အချက်အလက်တွေ အတော်များများ ပါဝင်နေတာ သတိပြုမိပါတယ်။ အဲဒီ အကျိုးဆက် တခုကတော့ ဒီအစီရင်ခံစာဟာ အပြုသဘော မဆောင်တဲ့ အခြေအနေ ဖြစ်လာပါတယ်။”
မစ္စတာ ကင်တာနားအနေနဲ့ ဝေဖန်သွားတဲ့ အချက်တွေမှာတော့ မကြာခင်က Unity ဂျာနယ် သတင်းထောက်အချို့ကို အာဏာပိုင်တွေ ဖမ်းဆီးခဲ့တာဟာ မလိုအပ်တဲ့ အလွန်အကျွံ ဆောင်ရွက်မှုတခု ဖြစ်တယ်လို့ မြင်ပြီး၊ ဒါဟာ သတင်းလွတ်လပ်ခွင့် အတွက်လည်း စိုးရိမ်တဲ့အကြောင်း ပြောသွားပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေကိစ္စ နဲ့ပတ်သက်လို့ ချီးကျူးပြောတဲ့အပေါ်မှာတော့ AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်ကတော့ ဒီ ပြောင်းလဲမှုဟာ အပေါ်ယံဖြစ်တယ်လို့ပဲ သူက ယူဆပါတယ်။
“အရေအတွက်အားဖြင့် နိုင်ငံရေးအကျဉ်းသားတွေ များများ လွတ်လာတယ်ဆိုတဲ့ ကိစ္စက ဒါကို တိုးတက်တယ်လို့ပြောရင် ဒါဟာ တိုးတက်မှု တရပ်ပါ။ အနှစ်သာရအားဖြင့် တိုးတက်မှု မရှိဘူး။ အပေါ်ယံအားဖြင့် တိုးတက်မှုရှိတယ်လို့ ကျနော်တို့ သတ်မှတ်လို့ ရပါတယ်။ အနှစ်သာရအားဖြင့် တိုးတက်မှု ရှိတယ်ဆိုရင် နိုင်ငံရေးနဲ့ ပတ်သက်တဲ့ မတရားတဲ့ ဥပဒေတွေကို ပယ်ဖျက်တာမျိုးတွေ လုပ်ရမယ်။ ဒါ မစ္စတာ ကင်တားနားလည်း အကြိမ်ကြိမ် ထောက်ပြထားတဲ့ ကိစ္စတွေပါ။ မျှတတဲ့ တရားစီရင်မှုတွေ ဖန်တီးနိုင်ရမယ်။ ဒါလည်း မစ္စတာ ကင်တားနား ထောက်ပြထားတဲ့ အချက်ပါ။ ဒီအချက်တွေကိုတော့ မရသေးပါဘူး။ အပေါ်ယံအားဖြင့် တိုးတက်မှုကို ကျနော်တို့ တွေ့ရတယ်။ ဒါပေမဲ့ အနှစ်သာရအားဖြင့် တိုးတက်မှုကို ကျနော်တို့ မတွေ့ရသေးဘူး။”
မစ္စတာ ကင်တားနားဟာ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ်အဖြစ် ၆ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး၊ အဲဒီတာဝန်နဲ့ မြန်မာနိုင်ငံကို ၉ ကြိမ်တိတိ လာရောက်ခဲ့ပါတယ်။ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ်နဲ့ မြန်မာအစိုးရအုပ်ချုပ်မှု မသက်ရောက်တဲ့ တိုင်းရင်းသား လက်နက်ကိုင်နယ်မြေကို သွားရောက်ခွင့် ရခဲ့တာလည်း သူဟာ ပထမဆုံး လူ့အခွင့်အရေး ကိုယ်စားလှယ် ဖြစ်ပါတယ်။ အခု သူ့သက်တမ်း ကုန်ဆုံးသွားပါပြီ။ ဒါကြောင့် အခု လူ့အခွင့်အရေး ကောင်စီကို တင်ပြတဲ့ မစ္စတာ ကင်တာနား အစီရင်ခံစာဟာ မြန်မာနိုင်ငံဆိုင်ရာ သူ့ရဲ့ နောက်ဆုံး အစီရင်ခံစာလည်း ဖြစ်ပါတယ်။