မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင်းက ပဋိပက္ခ အခြေအနေတွေနဲ့ ပတ်သက်ပြီး လေ့လာ စောင့်ကြည့်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူး ကိုယ်စားလှယ်ဟာ မြန်မာနိုင်ငံ ကချင်ပြည်နယ်ဘက်ကို ရောက်နေသလို၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တာနား (Tomás Ojea Quintana) ဟာလည်း မကြာခင် မြန်မာနိုင်ငံကို ရောက်ရှိမှာ ဖြစ်ပါတယ်။ ဒီအချိန်မှာပဲ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ အရေးတကြီး ဆွေးနွေးချက်တွေထဲမှာ မြန်မာနိုင်ငံကို ဆက်ထားဖို့ လိုဦးမယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက တိုက်တွန်းလျက်ရှိပါတယ်။ အပြည့်အစုံကိုတော့ စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြထားပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းအနေနဲ့ အခု မြန်မာနိုင်ငံ ကချင်ပြည်နယ်တွင်းက ပဋိပက္ခ အခြေအနေတွေကို စိုးရိမ်နေတာကြောင့်၊ ကုလသမဂ္ဂအနေနဲ့ ဘာတွေ ဆောင်ရွက်ပေးနိုင်မလဲဆိုတာ လာရောက် ကြည့်ရှုတဲ့ ခရီးစဉ်ဖြစ်တယ်လို့ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး အကြံပေး မစ္စတာ ဗီဂျေး နမ်ဘီးယား (Vijay Nambiar) က ဗွီအိုအေကို ပြောခဲ့ပါတယ်။
မနေ့တုန်းကတော့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဒေသခံတွေနဲ့ တွေ့ဆုံခဲ့သလို၊ အဲ့ဒီက စစ်ပြေး ဒုက္ခသည်တွေကိုလည်း ကိုယ်တိုင် သွားရောက်ကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။ မြန်မာအစိုးရ ကိုယ်စားလှယ်တွေနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တာဝန်ရှိသူတွေအကြား တရုတ်နိုင်ငံ ရွှေလီမြို့မှာ တွေ့ဆုံဆွေးနွေးအပြီး၊ နောက်တရက်မှာပဲ အခုလို ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် ကချင်ပြည်နယ်ဘက်ကို ရောက်ရှိလာတာပါ။
မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား ဟာလည်း လာမယ့် ရှေ့သီတင်းပတ်ထဲ မြန်မာနိုင်ငံကို လာရောက်ဖို့ ရှိပြီး၊ ကချင်ပြည်နယ် ပဋိပက္ခ အခြေအနေတွေအပါအဝင် တခြားလူ့အခွင့်အရေး အခြေအနေတွေကို စုံစမ်းစစ်ဆေးမှာ ဖြစ်ပါတယ်။
KIO ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ မြန်မာအစိုးရ တာဝန်ရှိသူတွေအကြား တနေ့က တွေ့ဆုံ ညှိနှိုင်းခဲ့ တာကြောင့် ကချင်ပဋိပက္ခဟာ အတန်ငယ်တော့ တင်းမာမှု လျော့ကျလာတဲ့ သဘောရှိပါတယ်။ HRW လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ ပြောခွင့်ရသူ ဂျွန် စစ်စတန် (John Sisten) ကတော့ နှစ်ဘက် ညှိနှိုင်းဆွေးနွေးကြတာကို ကြိုဆိုပေမဲ့ စစ်ရေးတင်းမာမှုတွေ တကယ်ပဲ လျော့ကျလာမလားဆိုတဲ့ အခြေအနေပေါ်မှာတော့ စောင့်ကြည့်ရဦးမယ်လို့ ပြောပါတယ်။
“တိုက်ခိုက်မှုတွေ ရပ်ဖို့ စကားပြောကြတယ် ဆွေးနွေးကြတယ်ဆိုတာတော့ ကောင်းတာပေါ့။ ဒါပေမဲ့လည်း လွန်ခဲ့တဲ့ နှစ်လတုန်းကပဲ တိုင်းရင်းသားတွေ အခွင့်အရေးအတွက် နိုင်ငံရေးအရ ညှိနှိုင်း ဆောင်ရွက်သွားပါ့မယ်ဆိုပြီး သမ္မတ ဦးသိန်းစိန် ကတိကဝတ် ပြုခဲ့တာရှိပါတယ်။ ဒီလိုပြောပြီး သီတင်းပတ် အနည်းငယ်အကြာမှာပဲ ကချင်ကို စစ်ရေးထိုးစစ်တွေ လုပ်ခဲ့ပါတယ်။
ဒါကြောင့် ပြောချင်တာကတော့ အစိုးရက အခုလို ကတိကဝတ်ပြုပြီး ပြောပေမဲ့ ယုံရ ခက်လာပါတယ်။ ဒါကြောင့် အစိုးရဘက်က ပေးထားတဲ့ ကတိကဝတ်တွေအပေါ်မှာလည်း စိုးရိမ်စရာရှိလာပါတယ်။”
တနှစ်ကျော်ကြာတဲ့ ကချင်ပြည်နယ်တွင်းက စစ်ပွဲတွေကြောင့် IDP အရပ်သား စစ်ပြေး ဒုက္ခသည် တော်တော်များများ ရှိနေဆဲဖြစ်ပြီး၊ ဒီအရပ်သားတွေ သူတို့ရဲ့ နေရပ်တွေမှာ လုံလုံခြုံခြုံ ပြန်ပြီး နေထိုင်နိုင်ဖို့ဟာလည်း အဓိကလို ဖြစ်လာပါတယ်။
ဒီဒုက္ခသည်တွေအတွက် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေ လူသားချင်း စာနာမှု အထောက်အပံ့တွေ ပေးဖို့ကိစ္စကိုလည်း မြန်မာဘက်က ခွင့်ပြုတော့မယ်လို့ သိရပါတယ်။ ဒ့ီမတိုင်ခင်တုန်းကတော့ KIA ထိန်းချုပ်ရာ နယ်မြေအတွင်းက စစ်ပြေးဒုက္ခသည်တွေကို ကူညီရေး အတွက် မြန်မာနိုင်ငံဘက်က နိုင်ငံတကာ အဖွဲ့အစည်းတွေကို ခွင့်မပြုခဲ့ပါဘူး။
ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တာနား ဟာ အခု မြန်မာနိုင်ငံ ခရီးစဉ်က တွေ့လာရတဲ့ လူ့အခွင့်အရေး အခြေအနေတွေကို လာမယ့် လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ အစီရင်ခံစာ တင်မှာဖြစ်ပါတယ်။ ဒါကြောင့် ဒီခရီးစဉ်ဟာ အရေးကြီးသလိုပဲ၊ တဖက်မှာ လူ့အခွင့်အရေးကောင်စီရဲ့ အရေးတကြီး ဆွေးနွေးရန် အကြောင်းအရာတွေထဲ မြန်မာနိုင်ငံကို ဆက်ထားဖို့ လိုဦးမယ်လို့ HRW လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့က ဂျွန် စစ်စတန် (John Sisten) က ပြောပါတယ်။
“အခုနှစ် မတ်လ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ ကိစ္စရပ်ကြီးတွေကို ဆွေးနွေးဖို့ ရှိပါတယ်။ ဒါကြောင့် လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်အနေနဲ့ ကချင်အရေးကို အသေအချာ စောင့်ကြည့်ပြီး လူ့အခွင့်အရေးကောင်စီကို အစီရင်ခံ တင်ပြမယ့်ကိစ္စက အရေးကြီးပါတယ်။ နောက်တချက် အရေးကြီးတာကတော့ လူ့အခွင့်အရေးကောင်စီရဲ့ ဆွေးနွေးမယ့် အကြောင်းအရာထဲမှာ မြန်မာနိုင်ငံကိစ္စကို ဆက်ပြီး ထည့်သွင်းထားဖို့ပါ။ လူ့အခွင့်အရေးကောင်စီရဲ့ အရေးတကြီး ဆွေးနွေးရမယ့် အကြောင်းအရာတွေထဲမှာ မြန်မာနိုင်ငံကို ဖြုတ်ပစ်လိုက်ဖို့ အတော့်ကို စောလွန်းပါ သေးတယ်။”
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ကုလသမဂ္ဂရဲ့ ခန့်မှန်းချက်အရတော့ စစ်ပြေးဒုက္ခသည် ၄ သောင်းခွဲဟာ တရုတ်နယ်စပ်အနီးက KIA ထိန်းချုပ်ထားတဲ့ ဒုက္ခသည်စခန်းတွေမှာ ရှိတယ်လို့ ဆိုပါတယ်။ နောက်ထပ် ဒုက္ခသည် ၃ သောင်းကတော့ အစိုးရထိန်းချုပ်တဲ့ ဒေသတွေက စခန်းတွေမှာ ရှိတယ်လို့ ဆိုပါတယ်။