သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ-ဘဂၤလားေဒ့ရွ္ နယ္စပ္ကုန္သြယ္ေရး ျပန္ေကာင္းလာေန


ရခိုင္ျပည္နယ္စပ္ ကုန္တင္ပို႔ေဆာင္ေရးတေနရာ (ဓါတ္ပံု - ရခိုင္ျပည္နယ္ ကုန္သည္ႏွင့္စက္မႈလက္မႈ လုပ္ငန္းရွင္မ်ားအသင္း)

ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္ နယ္စပ္ကုန္သြယ္မႈက ၂၀၂၂- ၂၀၂၃ ဘ႑ာႏွစ္ ပထမ ေျခာက္လအတြင္းမွာ ျပန္မ်ားလာၿပီး သြင္းကုန္ထက္ ပို႔ကုန္ကို ပိုၿပီးတင္ပို႔ႏိုင္ခဲ့တယ္လို႔ ရခိုင္ျပည္နယ္က ကုန္သည္ေတြက ဗြီအိုေအကို ေျပာပါတယ္။ ၿပီးခဲ့တဲ့ ႏွစ္ကုန္ပိုင္း ရခိုင္ျပည္နယ္ထဲမွာ နယ္ေျမမတည္ၿငိမ္တာေၾကာင့္ ကုန္သြယ္ေရး ရပ္နားခဲ့ရေပမဲ့ အခုေတာ့ ျပန္ၿပီး ေကာင္းလာခဲ့ေၾကာင္း ရခိုင္ျပည္နယ္ ကုန္သည္မ်ားအသင္းက ေျပာပါတယ္။ ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္ နယ္စပ္ကုန္သြယ္ေရး အေျခအေန သတင္းေပးပို႔ထားတာကို ကိုၿငိမ္းခ်မ္းက ေျပာျပမွာပါ။

ဘဂၤလားေဒ့ရွ္ႏိုင္ငံရဲ႕ သြင္းကုန္လိုအပ္ခ်က္ေၾကာင့္ ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္ ကုန္သြယ္မႈပမာဏဟာ က်န္ခဲ့တဲ့ ဘ႑ာႏွစ္ထက္ ပိုမ်ားလာၿပီး ပို႔ကုန္အမ်ားအျပား တင္ပို႔လာႏိုင္ခဲ့တယ္လို႔ ရခိုင္ျပည္နယ္က လုပ္ငန္းရွင္တခ်ိဳ႕က ေျပာပါတယ္။ ပထမေျခာက္လ အတြင္းမွာတင္ အေမရိကန္ေဒၚလာ ၅၅သန္းေက်ာ္ဖိုး ပို႔ကုန္ တင္ပို႔ထားႏိုင္ေၾကာင္း ျမန္မာ စီးပြားကူးသန္းဌာနရဲ႕ စာရင္းေတြမွာ ေဖာ္ျပထားပါတယ္။ အထူးသျဖင့္ ေမာင္းေတာနယ္စပ္ကေန ေရထြက္ကုန္နဲ႔ အျခားစားေသာက္ကုန္ေတြ အမ်ားအျပား ျပန္ၿပီးတင္ပို႔လာႏိုင္တာပါ။

၂၀၂၂ ႏွစ္ကုန္ပိုင္း ရခိုင္ျပည္နယ္ထဲမွာ နယ္ေျမမတည္ၿငိမ္တာေၾကာင့္ စစ္ေတြ-ရန္ကုန္ကားလမ္းက ပိတ္ထားခဲ့ရၿပီး နယ္စပ္ ကုန္သြယ္ေရးလည္း ရပ္နားခဲ့ရတာပါ။ အခုေတာ့ ျပန္လည္ပတ္ေနၿပီလို႔ ရခိုင္ျပည္နယ္ ကုန္သည္မ်ားႏွင့္ စက္မႈလက္မႈ လုပ္ငန္းရွင္မ်ားအသင္း ဥကၠ႒ ဦးတင္ေအာင္ဦးက ဗြီအိုေအကို ေျပာပါတယ္။

" ဘဂၤလားေဒ့ရွ္ကို က်ေနာ္တို႔ တင္ပို႔တဲ့ဟာကေတာ့ ၿပီးခဲ့တဲ့ (ႏွစ္)ထက္ေပါ့ေလ နည္းနည္းေလး တက္လာတယ္ဆိုတာေတာ့ ဟုတ္ပါလိမ့္မယ္၊ ၂၀၂၂ ရဲ႕ ေနာက္ပိုင္းသုံးလက ဒီဘက္မွာ လမ္းခရီး အခက္အခဲေတြ ေတာ္ေတာ္မ်ားမ်ား ႀကဳံခဲ့ရတာေတြ ရွိပါတယ္။ အခုေတာ့ ၂၀၂၂ ႏွစ္မကုန္ခင္ပဲ ဒါေတြက ျပန္ပြင့္သြားၿပီ ျဖစ္တဲ့အတြက္ ကုန္သြယ္မႈကေတာ့ ျပန္ၿပီးတက္လာတယ္ဆိုတဲ့ အေနအထားပဲ ရွိပါတယ္။ အဓိကေတာ့ ေရထြက္ကုန္ မ်ားပါတယ္၊ ေရထြက္ကုန္က စစ္ေတြရယ္ ေမာင္းေတာရယ္ နယ္စပ္စခန္း ႏွစ္ခုကပို႔တဲ့ ကုန္သြယ္မႈမမာဏရဲ႕ အနည္းဆုံး ၆၀ရာခိုင္ႏႈန္း အေက်ာ္ေလာက္ကို ေရထြက္ကုန္ေတြ မ်ားပါတယ္ခင္ဗ်။"

ၿပီးခဲ့တဲ့ ၂၀၂၂ ေအာက္တိုဘာကေန ဒီဇင္ဘာလ သုံးလအတြင္းမွာ ျမန္မာက ဘဂၤလားေဒ့ရွ္ကို ပို႔ကုန္တန္ဖိုး အေမရိကန္ေဒၚလာ ငါးသန္းေက်ာ္ တင္ပို႔ႏိုင္ခဲ့တယ္လို႔ ရခိုင္ျပည္နယ္ ကုန္သည္အသင္းက ထုတ္ျပန္ထားပါတယ္။ စစ္ေတြနဲ႔ ေမာင္းေတာ နယ္စပ္စခန္း ႏွစ္ခုကေန တင္ပို႔ခဲ့တာျဖစ္ၿပီး ေရခ်ိဳငါးျမစ္ခ်င္း၊ ငါးသေလာက္၊ ငါးကြမ္းရွပ္၊ ငါးနီတူေျခာက္နဲ႔ ငါးအမႈန႔္တို႔ကို တင္ပို႔ခဲ့တာပါ။ မန္က်ည္းသီးမွည့္၊ ၾကက္သြန္နီ၊ ခ်င္းနဲ႔ အဝတ္အထည္ စတဲ့ ကုန္ပစၥည္းေတြကိုလည္း ျမန္မာဘက္က တင္ပို႔ခဲ့တယ္လို႔ ဘဂၤလားေဒ့ရွ္ကလာတဲ့ သတင္းတခ်ိဳ႕မွာ ေဖာ္ျပထားပါတယ္။

ပင္လယ္ေရေၾကာင္းနဲ႔ နယ္စပ္ကုန္သြယ္ေရး ႏွစ္ခုေပါင္းဆိုရင္ေတာ့ ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္ ကုန္သြယ္မႈက ၂၀၂၂-၂၀၂၃ ပထမေျခာက္လအတြင္းမွာ ၇၆.၅၂၆ သန္းရွိတယ္လို႔ ျမန္မာ စီးပြားကူးသန္းဌာနရဲ႕ စာရင္းေတြမွာ ေဖာ္ျပထားပါတယ္။

ဘဂၤလားေဒ့ရွ္ဟာ ၂၀၂၂ကေန ၂၀၂၇ ႏွစ္အတြင္း ျမန္မာႏိုင္ငံကေန ဆန္တန္ခ်ိန္ ႏွစ္သိန္းခြဲနဲ႔ ေပါင္းဆန္တန္ခ်ိန္ ငါးေသာင္းေလာက္ကို ဝယ္ယူဖို႔အတြက္ ၿပီးခဲ့တဲ့ႏွစ္ကုန္ပိုင္းက ႏွစ္ႏိုင္ငံ နားလည္မႈစာခ်ဳပ္ကိုလည္းေရးထိုးခဲ့ပါတယ္။ အဲဒီပမာဏထဲက ဆန္တန္ခ်ိန္ ၁၆၅,၀၀၀ ကို တင္ပို႔ထားၿပီး ျဖစ္တယ္လို႔ ျမန္မာစီးပြားကူးသန္းဌာနက ထုတ္ျပန္ထားတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode]

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး ပြန်ကောင်းလာနေ

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်မှုက ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ် ပထမ ခြောက်လအတွင်းမှာ ပြန်များလာပြီး သွင်းကုန်ထက် ပို့ကုန်ကို ပိုပြီးတင်ပို့နိုင်ခဲ့တယ်လို့ ရခိုင်ပြည်နယ်က ကုန်သည်တွေက ဗွီအိုအေကို ပြောပါတယ်။ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်း ရခိုင်ပြည်နယ်ထဲမှာ နယ်မြေမတည်ငြိမ်တာကြောင့် ကုန်သွယ်ရေး ရပ်နားခဲ့ရပေမဲ့ အခုတော့ ပြန်ပြီး ကောင်းလာခဲ့ကြောင်း ရခိုင်ပြည်နယ် ကုန်သည်များအသင်းက ပြောပါတယ်။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး အခြေအနေ သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက ပြောပြမှာပါ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ သွင်းကုန်လိုအပ်ချက်ကြောင့် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ကုန်သွယ်မှုပမာဏဟာ ကျန်ခဲ့တဲ့ ဘဏ္ဍာနှစ်ထက် ပိုများလာပြီး ပို့ကုန်အများအပြား တင်ပို့လာနိုင်ခဲ့တယ်လို့ ရခိုင်ပြည်နယ်က လုပ်ငန်းရှင်တချို့က ပြောပါတယ်။ ပထမခြောက်လ အတွင်းမှာတင် အမေရိကန်ဒေါ်လာ ၅၅သန်းကျော်ဖိုး ပို့ကုန် တင်ပို့ထားနိုင်ကြောင်း မြန်မာ စီးပွားကူးသန်းဌာနရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။ အထူးသဖြင့် မောင်းတောနယ်စပ်ကနေ ရေထွက်ကုန်နဲ့ အခြားစားသောက်ကုန်တွေ အများအပြား ပြန်ပြီးတင်ပို့လာနိုင်တာပါ။

၂၀၂၂ နှစ်ကုန်ပိုင်း ရခိုင်ပြည်နယ်ထဲမှာ နယ်မြေမတည်ငြိမ်တာကြောင့် စစ်တွေ-ရန်ကုန်ကားလမ်းက ပိတ်ထားခဲ့ရပြီး နယ်စပ် ကုန်သွယ်ရေးလည်း ရပ်နားခဲ့ရတာပါ။ အခုတော့ ပြန်လည်ပတ်နေပြီလို့ ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတင်အောင်ဦးက ဗွီအိုအေကို ပြောပါတယ်။

" ဘင်္ဂလားဒေ့ရှ်ကို ကျနော်တို့ တင်ပို့တဲ့ဟာကတော့ ပြီးခဲ့တဲ့ (နှစ်)ထက်ပေါ့လေ နည်းနည်းလေး တက်လာတယ်ဆိုတာတော့ ဟုတ်ပါလိမ့်မယ်၊ ၂၀၂၂ ရဲ့ နောက်ပိုင်းသုံးလက ဒီဘက်မှာ လမ်းခရီး အခက်အခဲတွေ တော်တော်များများ ကြုံခဲ့ရတာတွေ ရှိပါတယ်။ အခုတော့ ၂၀၂၂ နှစ်မကုန်ခင်ပဲ ဒါတွေက ပြန်ပွင့်သွားပြီ ဖြစ်တဲ့အတွက် ကုန်သွယ်မှုကတော့ ပြန်ပြီးတက်လာတယ်ဆိုတဲ့ အနေအထားပဲ ရှိပါတယ်။ အဓိကတော့ ရေထွက်ကုန် များပါတယ်၊ ရေထွက်ကုန်က စစ်တွေရယ် မောင်းတောရယ် နယ်စပ်စခန်း နှစ်ခုကပို့တဲ့ ကုန်သွယ်မှုမမာဏရဲ့ အနည်းဆုံး ၆၀ရာခိုင်နှုန်း အကျော်လောက်ကို ရေထွက်ကုန်တွေ များပါတယ်ခင်ဗျ။"

ပြီးခဲ့တဲ့ ၂၀၂၂ အောက်တိုဘာကနေ ဒီဇင်ဘာလ သုံးလအတွင်းမှာ မြန်မာက ဘင်္ဂလားဒေ့ရှ်ကို ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ငါးသန်းကျော် တင်ပို့နိုင်ခဲ့တယ်လို့ ရခိုင်ပြည်နယ် ကုန်သည်အသင်းက ထုတ်ပြန်ထားပါတယ်။ စစ်တွေနဲ့ မောင်းတော နယ်စပ်စခန်း နှစ်ခုကနေ တင်ပို့ခဲ့တာဖြစ်ပြီး ရေချိုငါးမြစ်ချင်း၊ ငါးသလောက်၊ ငါးကွမ်းရှပ်၊ ငါးနီတူခြောက်နဲ့ ငါးအမှုန့်တို့ကို တင်ပို့ခဲ့တာပါ။ မန်ကျည်းသီးမှည့်၊ ကြက်သွန်နီ၊ ချင်းနဲ့ အဝတ်အထည် စတဲ့ ကုန်ပစ္စည်းတွေကိုလည်း မြန်မာဘက်က တင်ပို့ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်ကလာတဲ့ သတင်းတချို့မှာ ဖော်ပြထားပါတယ်။

ပင်လယ်ရေကြောင်းနဲ့ နယ်စပ်ကုန်သွယ်ရေး နှစ်ခုပေါင်းဆိုရင်တော့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ကုန်သွယ်မှုက ၂၀၂၂-၂၀၂၃ ပထမခြောက်လအတွင်းမှာ ၇၆.၅၂၆ သန်းရှိတယ်လို့ မြန်မာ စီးပွားကူးသန်းဌာနရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ်ဟာ ၂၀၂၂ကနေ ၂၀၂၇ နှစ်အတွင်း မြန်မာနိုင်ငံကနေ ဆန်တန်ချိန် နှစ်သိန်းခွဲနဲ့ ပေါင်းဆန်တန်ချိန် ငါးသောင်းလောက်ကို ဝယ်ယူဖို့အတွက် ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက နှစ်နိုင်ငံ နားလည်မှုစာချုပ်ကိုလည်းရေးထိုးခဲ့ပါတယ်။ အဲဒီပမာဏထဲက ဆန်တန်ချိန် ၁၆၅,၀၀၀ ကို တင်ပို့ထားပြီး ဖြစ်တယ်လို့ မြန်မာစီးပွားကူးသန်းဌာနက ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG