သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရခိုင္ကဆားေတြ ဘဂၤလားေဒ့ရွ္ ျပန္ဝယ္ယူေတာ့မည္


ျမန္မာ့ဆားလုပ္ငန္းခြင္

အေရအေသြးမျပည့္မီတာေၾကာင့္ ဆယ္စုႏွစ္တစ္ခုၾကာ ဝယ္ယူမႈရပ္တန႔္ထားတဲ့ ရခိုင္ျပည္နယ္က ဆားေတြကို အေရအေသြးျပည့္မီရင္ ျပန္ၿပီးေတာ့ဝယ္ယူမယ္ဆိုၿပီးေတာ့ ဘဂၤလာေဒရွ႕္ ႏိုင္ငံဘက္က ေျပာဆိုထားတယ္လို႔ ရခိုင္ျပည္နယ္ဆားလုပ္ငန္းမ်ား အသင္းဥကၠဌကေျပာပါတယ္။ လာမယ့္ ဧၿပီလေလာက္မွာ ဘဂၤလားေဒရွ႕္ႏိုင္ငံဖက္ကို ဆားေတြ တင္ပို႔ႏိုင္ေအာင္ လုပ္ေဆာင္ေနတယ္လို႔ ရခိုင္ျပည္နယ္ဆားလုပ္ရွင္မ်ား အသင္းက ေျပာပါတယ္။ ရန္ကုန္ကလာတဲ့ သတင္းကို ကိုစံေက်ာ္က တင္ျပေပးပါမယ္။

ဆယ္စုႏွစ္တခုၾကာ ဝယ္ယူမႈရပ္တန႔္ထားတဲ့ ရခိုင္ျပည္နယ္က ထြက္တဲ့ဆားေတြကို ဘဂၤလားေဒရွ႕္ႏိုင္ငံဖက္က ျပန္လည္ဝယ္ယူဖို႔ စစ္ေကာင္စီနဲ႔ ဘဂၤလားေဒရွ႕္အစိုး ရၾကားၿပီးခဲ့တဲ့ ၂၀၂၂ခုႏွစ္ မတ္လအတြင္းမွာ ေဆြးေႏြးသေဘာတူခဲ့သလို ႏွစ္ႏိုင္ငံ ကုန္သည္ေတြၾကားမွာလဲ ကုန္သြယ္ဖို႔ သေဘာတူထားၾကပါတယ္။

လက္ရွိမွာေတာ့ ရခိုင္ျပည္နယ္က ထြက္တဲ့ ဆားေတြကို လာမယ့္ ဧၿပီလေလာက္မွာ ဘဂၤ လားေဒရွ႕္ႏိုင္ငံဖက္ကို တင္ပို႔ႏိုင္ဖို႔ လုပ္ေဆာင္ေနတယ္လို႔ ရခိုင္ျပည္နယ္ ဆားလုပ္ငန္းရွင္ မ်ားအသင္းဥကၠဌ ဦးသန္းဝင္းကေျပာပါတယ္။

“ က်ေနာ္တို႔ အခုဆားရာသီျဖစ္တဲ့ ၃လပိုင္း ၄လပိုင္း မတ္ ဧၿပီလေလာက္ကို တင္ပို႔ႏိုင္ဖို႔ အ တြက္က်ေနာ္တို႔ က်ေနာ္တို႔ အေရးတႀကီးလုပ္ေဆာင္ေနပါတယ္၊ ေနာက္ၿပီးေတာ့ က်ေနာ္ တို႔ ကုန္သြယ္ေရး ဝန္ႀကီးဌာန ေနျပည္ေတာ္မွာ က်ေနာ္တို႔ ႏိုင္ငံက ဆန္ေတြကို အစိုးရအ ခ်င္းခ်င္းဝယ္သလို က်ေနာ္တို႔ႏိုင္ငံက ဆားကိုလဲ ဝယ္ေပးဖို႔ဆိုၿပီးေတာ့ က်ေနာ္တို႔ ျပည္ ေထာင္စုဝန္ႀကီး အစိုးရအဖြဲ႕ကိုလည္း တင္ျပထားပါတယ္။”

ရခိုင္ျပည္နယ္ကထြက္တဲ့ ဆားေတြဟာ အေရအေသြးမျပည့္မွီတာေၾကာင့္ ဆားဝယ္ယူမႈကို ဘဂၤလားေဒရွ႕္ငံဖက္က ဆယ္စုႏွစ္တခုၾကာေအာင္ရပ္တန႔္ထားတာလည္းျဖစ္ပါတယ္။ လက္ရွိမွာေတာ့ အေရအေသြးျပည့္မွီရင္ ျပန္လည္ဝယ္ယူဖို႔ ေဆြးေႏြးထားၾကတယ္လို႔လည္း ဦးသန္းဝင္းကဆက္ေျပာပါတယ္။

“ က်ေနာ္တို႔ ၁၉၉၆ကေန ၂၀၀၄ခုႏွစ္အထိ တစ္ႏွစ္ကို ဆားတန္ခ်ိန္ ၈ေသာင္းကေန ၁သိန္း ခြဲအထိ တင္ပို႔ခဲ့တာျဖစ္ပါတယ္၊ အဲေတာ့ ၂၀၀၄ကစၿပီးေတာ့ က်ေနာ္တို႔မွာ အေရ အေသြးက တက္မလာဘူး ဘာလို႔မတက္လာလဲဆိုေတာ့ ေျမႀကီးေပၚမွာ ေနလွန္းရတဲ့ အတြက္ ႐ြံ႕ပါတဲ့ ဆားေတြကို ဘဂၤလားေဒရွ႕္က အလိုမရွိဘူးျဖစ္ပါတယ္၊ အဲတာေၾကာင့္ က်ေနာ္တို႔ ဆားကို ဘဂၤလားေဒရွ႕္က မယူေတာ့ပဲ အႏၵိယ ဂူဂ်ာဟစ္ျပည္နယ္မွာ ဆားေကာင္းဆားသန႔္ ေတြကိုပဲ ဦးလွည့္ၿပီးေတာ့ ဝယ္သြားတာျဖစ္ပါတယ္။”

လူဦးေရထူထပ္ၿပီး ေျမေနရာက်ဥ္းေျမာင္းတဲ့ ဘဂၤလားေဒရွ႕္ႏိုင္ငံမွာအတြက္ တစ္ႏွစ္ကို ဆား တန္ခ်ိန္ တသန္းနီးပါး လိုအပ္ေပမယ့္ ႏိုင္ငံတြင္းဆားထုပ္လုပ္မႈဟာ ၃သိန္း ေလာက္သာရွိၿပီး လိုအပ္တဲ့ ဆားေတြကို အိႏၵိယႏိုင္ငံကေနဂူဂ်ာရက္ျပည္နယ္ကေန ဝယ္ယူေနရတာပါ။

လက္ရွိမွေတာ့ ရခိုင္ျပည္နယ္ကေန တန္ခ်ိန္ ၉ေသာင္းေလာက္ဆားထုတ္လုပ္ႏိုင္ၿပီး ေဈးကြက္ခိုင္မာလာရင္ ဒီႏွစ္ပိုထုတ္ႏိုင္တယ္လို႔လဲ ရခိုင္ျပည္နယ္ ဆားလုပ္ငန္းရွင္မ်ားအသင္း ဥကၠဌ ဦးသန္းဝင္းကေျပာပါတယ္။

“ က်ေနာ္တို႔လက္ရွိလုပ္ေနတာကေတာ့ ဧက ၇ေထာင္ေက်ာ္ေလာက္အထိလုပ္ေနပါတယ္၊ ေနာက္ၿပီးေတာ့ က်ေနာ္တို႔ ဒီႏွစ္ထြက္မွာကေတာ့ တန္ခ်ိန္ ၉ေသာင္းေက်ာ္အထိကို က်ေနာ္ တို႔ထုတ္လုပ္ႏိုင္ပါတယ္၊ ေဈးကြက္သာခိုင္မာေအာင္ရရွိမယ္ဆိုရင္ ဒီႏွစ္သာ အေရာင္း အဝယ္ျဖစ္မယ္ဆိုရင္ ဧက ေလးငါးေျခာက္ေသာင္းအထိ တိုးခ်ဲ႕လုပ္ႏိုင္ပါတယ္။”

ရခိုင္ျပည္နယ္ထြက္တဲ့ဆားေတြအေရအေသြးျပည့္မွီေအာင္ထုတ္လုပ္ႏိုင္ဖို႔အတြက္ နည္းပညာနဲ႔ ေငြေၾကးပိုင္းဆိုင္ရာ လိုအပ္ခ်က္ေတြကိုစစ္ေကာင္စီကို တင္ျပထားသလို လိုအပ္တာေတြကို စစ္ေကာင္စီက ကူညီေပးဖို႔ ေျပာဆိုထားတာေတြ ရွိတယ္လို႔လဲ ဦးသန္းဝင္းကေျပာပါတယ္။

ဆယ္စုႏွစ္တခုၾကာရပ္တန႔္ထားတဲ့ ရခိုင္ျပည္နယ္က ဆားလုပ္ငန္းျပန္ၿပီးေတာ့ ဦးေမာ့ လာၿပီးေတာ့ ခိုင္မာတဲ့ ေဈးကြက္ေတြရရွိလာၿပီဆိုရင္ ရခိုင္ေဒသခံေတြအတြက္ အလုပ္ အကိုင္အခြင့္အလမ္းေတြမ်ားလာႏိုင္တာေၾကာင့္ ျပည္ပထြက္ခြာမႈေတြလဲ ေလ်ာ့က်လာ ႏိုင္တယ္လို႔လည္း ေဒသခံေတြက ေမွ်ာ္လင့္ထားၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

{Unicode}

ရခိုင်ကဆားတွေ ဘင်္ဂလားဒေ့ရှ် ပြန်ဝယ်ယူတော့မည်

အရေအသွေးမပြည့်မီတာကြောင့် ဆယ်စုနှစ်တစ်ခုကြာ ဝယ်ယူမှုရပ်တန့်ထားတဲ့ ရခိုင်ပြည်နယ်က ဆားတွေကို အရေအသွေးပြည့်မီရင် ပြန်ပြီးတော့ဝယ်ယူမယ်ဆိုပြီးတော့ ဘင်္ဂလာဒေရှ့် နိုင်ငံဘက်က ပြောဆိုထားတယ်လို့ ရခိုင်ပြည်နယ်ဆားလုပ်ငန်းများ အသင်းဥက္ကဌကပြောပါတယ်။ လာမယ့် ဧပြီလလောက်မှာ ဘင်္ဂလားဒေရှ့်နိုင်ငံဖက်ကို ဆားတွေ တင်ပို့နိုင်အောင် လုပ်ဆောင်နေတယ်လို့ ရခိုင်ပြည်နယ်ဆားလုပ်ရှင်များ အသင်းက ပြောပါတယ်။ ရန်ကုန်ကလာတဲ့ သတင်းကို ကိုစံကျော်က တင်ပြပေးပါမယ်။

ဆယ်စုနှစ်တခုကြာ ဝယ်ယူမှုရပ်တန့်ထားတဲ့ ရခိုင်ပြည်နယ်က ထွက်တဲ့ဆားတွေကို ဘင်္ဂလားဒေရှ့်နိုင်ငံဖက်က ပြန်လည်ဝယ်ယူဖို့ စစ်ကောင်စီနဲ့ ဘင်္ဂလားဒေရှ့်အစိုးရကြားပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် မတ်လအတွင်းမှာ ဆွေးနွေးသဘောတူခဲ့သလို နှစ်နိုင်ငံ ကုန်သည်တွေကြားမှာလဲ ကုန်သွယ်ဖို့ သဘောတူထားကြပါတယ်။

လက်ရှိမှာတော့ ရခိုင်ပြည်နယ်က ထွက်တဲ့ ဆားတွေကို လာမယ့် ဧပြီလလောက်မှာ ဘင်္ဂလားဒေရှ့်နိုင်ငံဖက်ကို တင်ပို့နိုင်ဖို့ လုပ်ဆောင်နေတယ်လို့ ရခိုင်ပြည်နယ် ဆားလုပ်ငန်းရှင် များအသင်းဥက္ကဌ ဦးသန်းဝင်းကပြောပါတယ်။

“ ကျနော်တို့ အခုဆားရာသီဖြစ်တဲ့ ၃လပိုင်း ၄လပိုင်း မတ် ဧပြီလလောက်ကို တင်ပို့နိုင်ဖို့ အ တွက်ကျနော်တို့ ကျနော်တို့ အရေးတကြီးလုပ်ဆောင်နေပါတယ်၊ နောက်ပြီးတော့ ကျနော် တို့ ကုန်သွယ်ရေး ဝန်ကြီးဌာန နေပြည်တော်မှာ ကျနော်တို့ နိုင်ငံက ဆန်တွေကို အစိုးရအ ချင်းချင်းဝယ်သလို ကျနော်တို့နိုင်ငံက ဆားကိုလဲ ဝယ်ပေးဖို့ဆိုပြီးတော့ ကျနော်တို့ ပြည် ထောင်စုဝန်ကြီး အစိုးရအဖွဲ့ကိုလည်း တင်ပြထားပါတယ်။”

ရခိုင်ပြည်နယ်ကထွက်တဲ့ ဆားတွေဟာ အရေအသွေးမပြည့်မှီတာကြောင့် ဆားဝယ်ယူမှုကို ဘင်္ဂလားဒေရှ့်နိုင်ငံဖက်က ဆယ်စုနှစ်တစ်ခုကြာအောင်ရပ်တန့်ထားတာလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ အရည်အသွေးပြည့်မှီရင် ပြန်လည်ဝယ်ယူဖို့ ဆွေးနွေးထားကြတယ်လို့လည်း ဦးသန်းဝင်းကဆက်ပြောပါတယ်။

“ ကျနော်တို့ ၁၉၉၆ ကနေ ၂၀၀၄ခုနှစ်အထိ တစ်နှစ်ကို ဆားတန်ချိန် ၈ သောင်းကနေ ၁ သိန်း ခွဲအထိ တင်ပို့ခဲ့တာဖြစ်ပါတယ်၊ အဲတော့ ၂၀၀၄ကစပြီးတော့ ကျနော်တို့မှာ အရေ အသွေးက တက်မလာဘူး ဘာလို့မတက်လာလဲဆိုတော့ မြေကြီးပေါ်မှာ နေလှန်းရတဲ့ အတွက် ရွံ့ပါတဲ့ ဆားတွေကို ဘင်္ဂလားဒေရှ့်က အလိုမရှိဘူးဖြစ်ပါတယ်၊ အဲတာကြောင့် ကျနော်တို့ ဆားကို ဘင်္ဂလားဒေရှ့်က မယူတော့ပဲ အန္ဒိယ ဂူဂျာဟစ်ပြည်နယ်မှာ ဆားကောင်းဆားသန့် တွေကိုပဲ ဦးလှည့်ပြီးတော့ ဝယ်သွားတာဖြစ်ပါတယ်။”

လူဦးရေထူထပ်ပြီး မြေနေရာကျဉ်းမြောင်းတဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံမှာအတွက် တစ်နှစ်ကို ဆား တန်ချိန် တစ်သန်းနီးပါး လိုအပ်ပေမယ့် နိုင်ငံတွင်းဆားထုပ်လုပ်မှုဟာ ၃ သိန်းလောက်သာရှိပြီး လိုအပ်တဲ့ ဆားတွေကို အိန္ဒိယနိုင်ငံ ဂူဂျာရက်ပြည်နယ်ကနေ ဝယ်ယူနေရတာပါ။

လက်ရှိမှာတော့ ရခိုင်ပြည်နယ်ကနေ တန်ချိန် ၉ သောင်းလောက်ဆားထုတ်လုပ်နိုင်ပြီး ဈေးကွက်ခိုင်မာလာရင် ဒီနှစ်ပိုထုတ်နိုင်တယ်လို့လဲ ရခိုင်ပြည်နယ် ဆားလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးသန်းဝင်းကပြောပါတယ်။

“ ကျနော်တို့လက်ရှိလုပ်နေတာကတော့ ဧက ၇ ထောင်ကျော်လောက်အထိလုပ်နေပါတယ်၊ နောက်ပြီးတော့ ကျနော်တို့ ဒီနှစ်ထွက်မှာကတော့ တန်ချိန် ၉သောင်းကျော်အထိကို ကျနော်တို့ထုတ်လုပ်နိုင်ပါတယ်၊ ဈေးကွက်သာခိုင်မာအောင်ရရှိမယ်ဆိုရင် ဒီနှစ်သာ အရောင်း အဝယ်ဖြစ်မယ်ဆိုရင် ဧက လေးငါးခြောက်သောင်းအထိ တိုးချဲ့လုပ်နိုင်ပါတယ်။”

ရခိုင်ပြည်နယ်ထွက်တဲ့ဆားတွေအရေအသွေးပြည့်မှီအောင်ထုတ်လုပ်နိုင်ဖို့အတွက် နည်းပညာနဲ့ ငွေကြေးပိုင်းဆိုင်ရာ လိုအပ်ချက်တွေကိုစစ်ကောင်စီကို တင်ပြထားသလို လိုအပ်တာတွေကို စစ်ကောင်စီက ကူညီပေးဖို့ ပြောဆိုထားတာတွေ ရှိတယ်လို့လဲ ဦးသန်းဝင်းကပြောပါတယ်။

ဆယ်စုနှစ်တခုကြာရပ်တန့်ထားတဲ့ ရခိုင်ပြည်နယ်က ဆားလုပ်ငန်းပြန်ပြီးတော့ ဦးမော့လာပြီးတော့ ခိုင်မာတဲ့ ဈေးကွက်တွေရရှိလာပြီဆိုရင် ရခိုင်ဒေသခံတွေအတွက် အလုပ် အကိုင်အခွင့်အလမ်းတွေများလာနိုင်တာကြောင့် ပြည်ပထွက်ခွာမှုတွေလဲ လျော့ကျလာ နိုင်တယ်လို့လည်း ဒေသခံတွေက မျှော်လင့်ထားကြပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG