သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်တည်ငြိမ်ရေး ထောက်ကူကော်မတီ ဖွဲ့စည်း


ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းအောင် အထောက်အကူပြု ကော်မတီတရပ်ကို ဖွဲ့စည်းလိုက်ကြောင်း ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် သမ္မတရုံးကြေညာ
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းအောင် အထောက်အကူပြု ကော်မတီတရပ်ကို ဖွဲ့စည်းလိုက်ကြောင်း ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် သမ္မတရုံးကြေညာ

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းအောင် အထောက်အကူပြု ကော်မတီတရပ်ကို ဖွဲ့စည်းလိုက်ကြောင်း ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် သမ္မတရုံးက မတ်လ ၁၄ ရက် ကြာသပတေးနေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အမျိုးသားလွှတ်တော် ဒုဥက္ကဌ ဦးအေးသာအောင်ကို ကော်မတီဥက္ကဌ အဖြစ်ထားပြီး အဖွဲ့ဝင် ၁၄ ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကြေညာခဲ့တာပါ။

အဖွဲ့ဝင်တွေထဲမှာ ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်၊ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု တို့အပြင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစော၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုံးတို့ ပါဝင် ပါတယ်။

ရခိုင်ပြည်နယ်မှာ AA ရခိုင်တပ်မတော်နဲ့ အစိုးရစစ်တပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်လာြ့ပီး သောင်းနဲ့ ချီတဲ့ ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်နေရချိန်မှာ အခုလို ရခိုင် တည်ငြိမ်အေးချမ်းအောင် အထောက်ကူပြု ကော်မတီကို ဖွဲ့စည်းတာလည်း ဖြစ်ပါတယ်။ဒီကော်မတီက ရခိုင်ပြည်နယ်အစိုးရအဖွဲ၊ လွှတ်တော်နဲ့ ပြည်သူများကြား လိုအပ်တဲ့ စေ့စပ်ညှိနှိုင်းမှုတွေ လုပ်ဆောင်ရမှာ ဖြစ်ပြီး လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာကို လစဉ် တင်ပြရမှာ ဖြစ်ပါတယ်။

ကော်မတီအဖွဲ့ဝင် တချို့ကတော့ ကော်မီ ဖွ့ဲစည်းမယ့်အကြောင်း သူတို့ကို တစုံတရာ အကြောင်းကြားခြင်း မရှိသလို ဒီကော်မတီဖွဲ့စည်းတာနဲ့ ပတ်သက်ပြီး ဘာမှမသိခဲ့ရကြောင်း ပြောကြားကြပါတယ်။

XS
SM
MD
LG