သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ရေယာဉ် တိုက်ခိုက်ခံရကြောင်း တပ်မတော်ထုတ်ပြန်


စစ်ရေယာဉ် သုံးစင်းအား ပစ်ခတ်ခဲ့တယ်ဆိုသည့် ရှော့တိုက်ဒုံး (သတင်းဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)
စစ်ရေယာဉ် သုံးစင်းအား ပစ်ခတ်ခဲ့တယ်ဆိုသည့် ရှော့တိုက်ဒုံး (သတင်းဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲတွေ ဖြစ်ပွားနေရာမှာ မြန်မာ့တပ်မတော် ရေယာဉ်တွေ တိုက်ခိုက်ခံရကြောင်း တပ်မတော်ဘက်က သတင်း ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ရသေ့တောင်မြို့နယ် မေယုမြစ်မှာ တပ်မတော်ပိုင်စစ်ရေယာဉ် ၃ စီးကို AA ဘက်က တိုက်ခိုက်တယ်လို့ မြန်မာစစ်တပ်ပြောခွင့်ရက ပြောပါတယ်။ ပစ်ခတ်မှုမှာ ရေယာဉ်အပါဝင် တပ်မတော်ဘက်က ထိခိုက်မှု ရှိခဲ့ကြောင်း AA တာဝန်ရှိသူတွေက ပြောဆိုနေသလို တပ်မတော်ဘက်က ထိခိုက်မှု မရှိကြောင်း ပြောဆိုပါတယ်။ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့အနီးမှာ ကျောက်ချရပ်နားထားတဲ့ တပ်မတော်ပိုင် စစ်ရေယာဉ် ၃ စီးကို ရခိုင်လက်နက်ကိုင် AA အဖွဲ့ကနေ ရှော့တိုက်ဒုံးနဲ့ လာရောက် ပစ်ခတ်တ ိုက်ခိုက်ခဲ့တယ်လို့ တပ်မတော ်သတင်းမှန်ပြန်ကြားရေး အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အခုလိုပြောပါတယ်။

“အဲဒီနေရာကို ရှင်းလင်းတဲ့အခါမှာ ကျနော်တို့ ၁၀၇ မီလီမီတာ ရှော့တိုက်ဒုံး ၃ ခုနဲ့ အသင့်ပြင်ဆင်ထားတဲ့ဟာတွေ မိတယ်ဆိုတာ ကျနော်တို့ သတင်း ထုတ်ပြန်ထားပါတယ်ဗျ။ အဲဒီမှာတော့ စစ်ရေယာဉ်တွေ ထိခိုက်မှုတော့ မရှိပါဘူး။ ကျနော်တို့ မြေပြင်လုံခြုံရေး ဆက်လက်ဆောင်ရွက်တာပဲ ရှိပါတယ်ဗျ။”

ဇူလိုင်လ ၂၀ ရက် နံနက်ပိုင်းက မေယုမြစ်ကမ်းအနီးမှာ ကျောက်ချ ရပ်နားထားတဲ့ တပ်မတော် ရေတပ် စစ်ရေယာဉ် ၃ စီး ကို AA အဖွဲ့ကနေ အနောက်ဘက် ကမ်းစပ်ကနေပြီးတော့ ရှော့တိုက်ဒုံး ၂ လုံးနဲ့ လာရောက်ပစ်ခတ်ခဲ့ပြီး စစ်ရေယာဉ် အမှုထမ်းတွေက ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။

AA ဘက်ကနေ လာရောက် ပစ်ခတ်ခဲ့တဲ့ ပတ်ဝန်းကျင်နေရာတဝိုက်ကို ရှင်းလင်းဆောင်ရွက်ရာမှာ ပစ်ခတ်ဖို့ အသင့် အနေအထားရှိတဲ့ Type 63 ၁၀၇ မီလီမီတာ အမျိုးအစားဒုံးသီး ၃ လုံးကို ဘတ္တရီအိုး၊ ဝါယာကြိုးတွေနဲ့ ချိတ်ဆက်လျက် ထပ်မံ တွေ့ရှိရပြီး ဘေးအန္တရာယ် မရှိစေရေး စနစ်တကျ သက်မဲ့ပြုလုပ်ခဲ့တယ်လို့ မနေ့က ရက်စွဲနဲ့ တပ်မတော်ဘက်က သတင်း ထုတ်ပြန်ထားပါတယ်။

တပ်မတော်ရေတပ ်သင်္ဘောတိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်လို့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက အခုလိုပြောပါတယ်။

“မေယုမြစ်ထဲမှာနေပြီးတော့ ဗမာစစ်တပ်ရဲ့ စစ်ရေယာဥ ်တစီးကို ကျနော်တို့ဘက်က ပစ်ခတ်တိုက်ခိုက်ခဲ့တာ ရှိတယ်။ အဲဒီမှာတော့ သူတို့ရဲ့ သဘောၤရဲ့ ဦးပိုင်းနဲ့ ပဲ့ပိုင်းကို ထိတာပေါ့နော်။ သူတို့ အကျအဆုံးတွေ ရှိနိုင်တယ်ဗျ။ ဒါပေမဲ့ ဘယ်လောက်ကျဆုံးသလည်းဆ ိုတာတော့ ကျနော်တို့လည်း အသေးစိတ် မသိရသေးဘူး။”

ဇူလိုင်လ ၁၉ ရက်နေ့မှာလည်း မြေပုံမြို့နယ်အတွင်း တောင်ဆိတ်မြစ်မှာ ရပ်နားထားတဲ့ မြန်မာရေတပ် စစ်ရေယာဉ် နှစ်စီးကိုလည်း AA ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ AA ပြန်ကြားရေးတာဝန်ခံခိုင်သုခက ပြောပါတယ်။

“စစ်ကူလာတဲ့ စစ်ရေယာဉ် နှစ် စီးကို မြေပုံနဲ့အမ်း အစပ်ပေါ့နော်။ တောင်ဆိတ်မြစ်ထဲမှာ နေပြီးတော့ ကျနော်တို့ဘက်က ပစ်ခတ်တိုက်ခိုက်တာရ ှိတယ်။ အဲဒီမှာကျောက်ဖြူ ခမရ ၅၄၃ ပေါ့နော်။ အဲဒီမှာ အရာရှိအပါဝင် ကျဆုံးတွေတော်တော်များတယ်ဗျ။”

ဒီစစ်ရေယာဉ် ပစ်ခတ်ခံရမှုအတွင်း ထိခိုက်မှုမရှိဘူးလို့ တပ်မတော်ဘက်က ပြောပါတယ်။
ပြီးခဲ့တဲ့ဇွန်လ ၂၂ ရက်ကလည်း စစ်တွေမြို့ ဆတ်ရိုးကျချောင်းဝအနီး ကျောက်ချထားတဲ့ တပ်မတော်ဆွဲ ရေယာဉ် တစီးကို AA က ရှော့တိုက်ဒုံး သုံးလုံးနဲ့ ပစ်ခတ်ခဲ့လို့ စစ်သည် နှစ်ဦး ကျဆုံးပြီး တဦး ဒဏ်ရာရခဲ့ပါတယ်။

ဒီရက်ပိုင်း စစ်ရေယာဉ် တိုက်ခိုက်ခံရအပြီး မြန်မာစစ်တပ်ကနေ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရာမှာ စိုးရိမ်စိတ်နဲ့ ဒေသခံကျေး ရွာသားတွေလည်း စစ်ဘေး တိမ်းရှောင်နေကြရတာပါ။

ရသေ့တောင်မြို့နယ် ပြာပင်ရင်း၊ လုံးတင်၊ ခတောက်ချောင်းစတဲ့ ကျေးရွာသားတွေ စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ပြာပင်ရင်းကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တဦးကပြောပါတယ်။

“သူတို့ သေနတ်သံကြားတော့ ရွာက ရှောင်ပြေးရပါတယ်။ အခုလည်း ရှောင်နေရပါတယ်။ ကမ်းစပ်နားက ရွာတွေပါ။ အဲဒီ ပြာပင်ရင်းတို့ လုံးတင်ရွာတို့ ခတောက်ချောင်းရွာလည်း ရှိပါတယ်။ သူတို့ နီးစပ်ရာ ရွာတွေမှာပဲ ရှောင်နေတယ်လို့ ပြောပါတယ်။ ခန့်မှန်းခြေကတော့ လူဦးရေကတော့ ၆၀၀ လောက်တော့ရှိမယ် ထင်ပါတယ်။”

ရခိုင်ပြည်နယ် အမ်းမြို့နယ်အတွင်းမှာ ဇူလိုင်လ ၁၈ ရက်နေ့က မြန်မာစစ်တပ်နဲ့ AA တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသလို အမ်းမြို့နယ်က ကျေးရွာသား တချို့ကလည်း ကျောက်ဖြူမြို့ပေါ်ကို စစ်ဘေးတိမ်းရှောင်နေရဆဲ အခြေအနေမှာ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG