သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပုဏၰားကၽြန္းၿမိဳ႕နယ္တြင္း ေပါက္ကဲြမႈေတြ ရက္ဆက္ျဖစ္ပြား


( သတင္းဓာတ္ပံု- ရကၡိဳင့္တပ္မေတာ္ - သတင္းႏွင့္ ျပန္ၾကားေရးဌာန)

ေျမာက္ပိုင္းမဟာမိတ္ ေလး ဖြဲ႕နဲ႔ ျမန္မာျငိမ္းခ်မ္းေရး ကိုယ္စားလွယ္အဖြဲ႔တို႔ ရွမ္းျပည္နယ္ က်ိဳင္းတုန္ျမိဳ႕မွာ ေတြ႔ဆုံေဆြး ေႏြးေနဆဲ တခ်ိန္ထဲမွာပဲ ရခိုင္ျပည္နယ္၊ ပုဏၰားကြ်န္းၿမိဳ႕နယ္ဘက္မွာ ႏွစ္ရက္ဆက္တုိက္ ဗုံးေပါက္ကြဲမႈ ျဖစ္ပြါးခဲ့ေၾကာင္း နယ္ ေျမခံ လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ ေဒသခံရြာသားေတြကေျပာပါတယ္။ ဒီဗုံးခြဲတိုက္ခိုက္မႈမွာ ရခိုင္လက္နက္ကိုင္ အဖြဲ႔ကလို႔ ေဒသခံေတြက ယူဆေနေပမဲ့ AA ဘက္က တစုံတရာေျပာဆိုတာမရွိပါဘူး။ အလားတူ ဘူးသီးေတာင္ျမိဳ႕နယ္ဘက္မွာလည္း စာသင္ေက်ာင္းအနီး မေပါက္ကဲြ ေသးတဲ့ မုိင္းႏွစ္လံုးေတြ႔ရွိခဲ့လို႔ စာသင္ေက်ာင္းပိတ္ထားရတဲ့ အေျခအေနရွိေနပါတယ္။ ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္နိုင္ကြန္းအိန္ကေန သတင္းေပးပို႔ထားပါတယ္။

မတည္ၿငိမ္မႈေတြ ျဖစ္ေပၚေနတဲ့ ရခိုင္ျပည္နယ္အတြင္းက ပုဏၰားကြ်န္းၿမိဳ႕နယ္ဘက္မွာ ဒီကေန႔မနက္ပိုင္းနဲ႔ မေန႔ညေနပိုင္းမွာ ဗုံးေပါက္ကြဲမႈ ျဖစ္ပြားခဲ့တဲ့အေၾကာင္း ပုဏၰားကြ်န္းၿမိဳ႕နယ္မဲ ဆႏၵနယ္က အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္လတ္က ေျပာပါတယ္။

“မိုင္းကြဲတဲ့ျဖစ္စဥ္က ႏွစ္ခုေပါ့။ ဒီေန႔ မနက္အေစာပိုင္း ၃ နာရီမွာ တခုကြဲတယ္။ ကြဲတဲ့ေနရာက ပ်ဥ္လ်ားရွည္ဆိုတဲ့ ရြာနဲ႔ ေအာင္ဆိပ္ဆိုတဲ့ရြာၾကားမွာ။ မိုင္းကြဲတယ္။ လက္နက္ငယ္ပစ္သံေတြက အမ်ားၾကီးၾကားရတယ္။ မေန႔ကညေန ၃ နာရီ ေက်ာ္မွာ အဲဒီလက္မဆိပ္က မင္းဇီေခ်ာင္းအသြားမွာ မိုင္းကြဲတယ္။ မိုင္းကြဲျပီးေနာက္ အဲဒီတပ္ဘက္က ပစ္တာ။ ဟိုဘက္ ဒီဘက္ ပစ္ျပီးေတာ့ေလ။ အရပ္သား ထိခိုက္မႈေတာ့ မရွိဘူး။”

ေအာင္ဆိပ္ရြာသား တဦးကေတာ့ တပ္မေတာ္ စစ္ေၾကာင္းကို မိုင္းခြဲတိုက္ခိုက္ခံရတာလို႔ ေျပာပါတယ္။

“တိုက္ပြဲေတာ့ မဟုတ္ပါဘူး။ သူတို႔က မိုင္းေထာင္တာ မိုင္းခြဲတာပဲ ရွိမယ္။ သူတို႔က တပ္ကလာ မိုင္ခြဲေျပးတာ ျဖစ္မွာပါ။ ခြဲတဲ့လူက AA လား ျဖစ္မွာပါေလ။ တပ္မေတာ္သြားတဲ့ လမ္းကိုပဲ ခြဲေျပးတာကိုး။”

ဗုံးခြဲမႈျဖစ္ပြားျပီး ျမန္မာစစ္တပ္ဘက္က လက္နက္ေတြနဲ႔ ပစ္ခတ္မႈေၾကာင့္ လက္မဆိတ္နဲ႔ မင္းဇီေခ်ာင္း ေက်းရြာသားေတြ ေၾကာက္လန္႔စိတ္နဲ႔ ရြာကေန တိမ္းေရွာင္ေနၾကရပါတယ္။

ပုဏၰားကြ်န္းၿမိဳ႕နယ္ဘက္ မိုင္းခြဲတိုက္ခိုက္မႈျဖစ္စဥ ္အပါအ၀င္ ဒီကေန႔ ႏွစ္ဘက္ထိေတြ႔မႈအေျခအေနနဲ႔ ပတ္သက္ျပီး AA ျပန္ၾကားေရးတာ၀န္ခံခိုင္သုခကို ဆက္သြယ္ခဲ့ရာမွာ။

“က်ေနာ္္ေမးထားတုန္းပဲ ရွိေသးတယ္။ ဟိုက ဘာမွအေၾကာင္း ျပန္မလာေသးဘူး။”

အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္တပ္မေတာ္ေျပာခြင့္ရ ဗိုလ္မွဴးၾကီး၀င္းေဇာ္ဦးကေတာ့ ဒီကေန႔မွာ တိုက္ပြဲျဖစ္ပြားတာ မရွိဘူးလို႔ ေျပာပါတယ္။

ဒီအေတာအတြင္း မၾကာေသးခင္က တိုက္ပြဲျဖစ္ပြားခဲ့တဲ့ ဘူးသီးေတာင္ၿမိဳ႕နယ္ သပိတ္ေတာင္ေက်းရြာက စာသင္ေက်ာင္းအနီး မေပါက္ကဲြေသးတဲ့ မုိင္း ႏွစ္လံုးေတြ႔ရွိလို႔ ဒီကေန႔မွာ စာသင္ေက်ာင္း ပိတ္ထားရတယ္လို႔ သပိတ္ေတာင္ေက်းရြာ ဆရာေတာ္ ဦးညာဏ၀ံသက အခုလိုမိန္႔ပါတယ္။

“စာသင္ေက်ာင္းကေတာ့ ဒီေန႔ေတာ့ ေက်ာင္းမဖြင့္ဘူးေလ။ ေက်ာင္းမတက္ၾကဘူး ကေလးေတြက။ ဒီမွာမေန႔ညက ဗုံးလို႔ ထင္ရတဲ့အရာ၀တၱဳ ႏွစ္ခုေပါ့။ အဲတာေတြ႔ၾကတယ္ေလ မေန႔ညက။ ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴးကေနျပီးေတာ့ သက္ဆိုင္တဲ့ ဌာနေတြကို အသိေပးထားပါတယ္။ ေျပာထားပါတယ္သူက။ မဖယ္ရေသးဘူး ရွိပါေသးတယ္။ သူတို႔က ေၾကာက္ျပီးေတာ့ ရြာကလူေတြကလည္း ျမိဳ႕ေပၚကို ဘူးသီးေတာင္ကို ေျပးတဲ့သူလည္း ေျပးၾကတယ္။ ညက်ရင္ကိုယ့္ရြာရွိတဲ့ ဘုန္းၾကီးေက်ာင္းကိုလည္း က်န္တဲ့လူ လာအိပ္တယ္ အဲဒီလို္ေပါ့။”

ဒီလို ဗုံးေတြ႔ရွိမႈေၾကာင့္ ရြာသားေတြကလည္း စိုးရိမ္စိတ္နဲ႔ ဘူးသီးေတာင္ျမိဳ႕ဘက္ကို တိမ္းေရွာင္ေနတယ္လို႔ ဆရာေတာ္က မိန္႔ပါတယ္။

ျပီးခဲ့တဲ့ တနဂၤေႏြေန႔က သပိတ္ေတာင္နဲ႔ ကင္းေခ်ာင္းၾကား ဗုံးေပါက္ကြဲမႈ ျဖစ္ပြားခဲ့အျပီး ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔ တိုက္ပြဲျဖစ္ပြားခဲ့ပါတယ္။

အဲဒီ တုိက္ပြဲေတြအတြင္း သပိတ္ေတာင္ေျမာက္ ရြာသား တဦး လက္နက္ထိမွန္ ေသဆုံးသြားတယ္လို႕ ဆရာေတာ္က ဆက္မိန္႔ပါတယ္။

“ပစ္ခတ္သံေတြေတာ့ ၾကားလိုက္တာပဲ အဲဒီေန႔တုန္းက ဦးဇင္းတို႔။ နာရီ၀က္ေလာက္ေတာ့ ပစ္ခဲ့တယ္ ထင္တယ္။ သပိတ္ေတာင္ရြာက ေတာင္ရြာေျမာက္ရြာအဲဒီလိုရွိေနတယ္။ အဲဒီေျမာက္ဘက္ ကုလားရြာကေတာ့ ကုလားတေယာက္ေတာ့ ဆုံးသြားတယ္ ေျပာတာပဲ။

တုိက္ပြဲေတြေၾကာင့္ သပိတ္ေတာင္ (မြတ္ဆလင္) ႐ြာက ရြာသား ဦးအဒူေကာ္ရီးမ္ ၄၅ ႏွစ္ကေတာ့ က်ည္ထိမွန္ ေသဆံုးသြားခဲ့ပါတယ္။

သပိတ္ေတာင္နဲ႔ ကင္းေခ်ာင္းၾကား တိုက္ပြဲျဖစ္ပြားခဲ့ေၾကာင္း ရခိုင္လက္နက္ကိုင္ AA ဘက္ကေန တနဂၤေႏြေန႔တုန္းက ဗီြအိုေအကို အတည္ျပဳ ေျပာဆိုခဲ့ပါတယ္။

မေန႔ကလည္း မင္းျပားျမိဳ႕နယ္ဘက္မွာ ျမန္မာစစ္တပ္နဲ႔ AA အဖြဲ႔တို႔အၾကား တိုက္ပြဲျပင္းထန္စြာ ျဖစ္ပြားခဲ့သလို ျမန္မာ စစ္တပ္ဘက္က ရဟတ္ယာဥ္ သုံးပစ္ခတ္ခဲ့တယ္လို႔ AA ေျပာခြင့္ရ ခိုင္သုခက ေျပာပါတယ္။

[Unicode Version]

မြောက်ပိုင်းမဟာမိတ် လေး ဖွဲ့နဲ့ မြန်မာငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ ရှမ်းပြည်နယ် ကျိုင်းတုန်မြို့မှာ တွေ့ဆုံဆွေး နွေးနေဆဲ တချိန်ထဲမှာပဲ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ဘက်မှာ နှစ်ရက်ဆက်တိုက် ဗုံးပေါက်ကွဲမှုဖြစ်ပွါးခဲ့ကြောင်း နယ် မြေခံ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဒေသခံရွာသားတွေကပြောပါတယ်။ ဒီဗုံးခွဲတိုက်ခိုက်မှုမှာ ရခိုင်လက်နက်ကိုင် အဖွဲ့ကလို့ ဒေသခံတွေက ယူဆနေပေမဲ့ AA ဘက်က တစုံတရာပြောဆိုတာမရှိပါဘူး။ အလားတူ ဘူးသီးတောင်မြို့နယ်ဘက်မှာလည်း စာသင်ကျောင်းအနီး မပေါက်ကွဲ သေးတဲ့ မိုင်းနှစ်လုံးတွေ့ရှိခဲ့လို့ စာသင်ကျောင်းပိတ်ထားရတဲ့ အခြေအနေရှိနေပါတယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက်နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

မတည်ငြိမ်မှုတွေ ဖြစ်ပေါ်နေတဲ့ ရခိုင်ပြည်နယ်အတွင်းက ပုဏ္ဏားကျွန်းမြို့နယ်ဘက်မှာ ဒီကနေ့မနက်ပိုင်းနဲ့ မနေ့ညနေပိုင်းမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့အကြောင်း ပုဏ္ဏားကျွန်းမြို့နယ်မဲ ဆန္ဒနယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောပါတယ်။

“မိုင်းကွဲတဲ့ဖြစ်စဉ်က နှစ်ခုပေါ့။ ဒီနေ့ မနက်အစောပိုင်း ၃ နာရီမှာ တခုကွဲတယ်။ ကွဲတဲ့နေရာက ပျဉ်လျားရှည်ဆိုတဲ့ ရွာနဲ့ အောင်ဆိပ်ဆိုတဲ့ရွာကြားမှာ။ မိုင်းကွဲတယ်။ လက်နက်ငယ်ပစ်သံတွေက အများကြီးကြားရတယ်။ မနေ့ကညနေ ၃ နာရီ ကျော်မှာ အဲဒီလက်မဆိပ်က မင်းဇီချောင်းအသွားမှာ မိုင်းကွဲတယ်။ မိုင်းကွဲပြီးနောက် အဲဒီတပ်ဘက်က ပစ်တာ။ ဟိုဘက် ဒီဘက် ပစ်ပြီးတော့လေ။ အရပ်သား ထိခိုက်မှုတော့ မရှိဘူး။”

အောင်ဆိပ်ရွာသား တဦးကတော့ တပ်မတော် စစ်ကြောင်းကို မိုင်းခွဲတိုက်ခိုက်ခံရတာလို့ ပြောပါတယ်။

“တိုက်ပွဲတော့ မဟုတ်ပါဘူး။ သူတို့က မိုင်းထောင်တာ မိုင်းခွဲတာပဲ ရှိမယ်။ သူတို့က တပ်ကလာ မိုင်ခွဲပြေးတာ ဖြစ်မှာပါ။ ခွဲတဲ့လူက AA လား ဖြစ်မှာပါလေ။ တပ်မတော်သွားတဲ့ လမ်းကိုပဲ ခွဲပြေးတာကိုး။”

ဗုံးခွဲမှုဖြစ်ပွားပြီး မြန်မာစစ်တပ်ဘက်က လက်နက်တွေနဲ့ ပစ်ခတ်မှုကြောင့် လက်မဆိတ်နဲ့ မင်းဇီချောင်း ကျေးရွာသားတွေ ကြောက်လန့်စိတ်နဲ့ ရွာကနေ တိမ်းရှောင်နေကြရပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်ဘက် မိုင်းခွဲတိုက်ခိုက်မှုဖြစ်စဥ ်အပါအဝင် ဒီကနေ့ နှစ်ဘက်ထိတွေ့မှုအခြေအနေနဲ့ ပတ်သက်ပြီး AA ပြန်ကြားရေးတာဝန်ခံခိုင်သုခကို ဆက်သွယ်ခဲ့ရာမှာ။

“ကျနော်မေးထားတုန်းပဲ ရှိသေးတယ်။ ဟိုက ဘာမှအကြောင်း ပြန်မလာသေးဘူး။”

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးကြီးဝင်းဇော်ဦးကတော့ ဒီကနေ့မှာ တိုက်ပွဲဖြစ်ပွားတာ မရှိဘူးလို့ ပြောပါတယ်။

ဒီအတောအတွင်း မကြာသေးခင်က တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ဘူးသီးတောင်မြို့နယ် သပိတ်တောင်ကျေးရွာက စာသင်ကျောင်းအနီး မပေါက်ကွဲသေးတဲ့ မိုင်း နှစ်လုံးတွေ့ရှိလို့ ဒီကနေ့မှာ စာသင်ကျောင်း ပိတ်ထားရတယ်လို့ သပိတ်တောင်ကျေးရွာ ဆရာတော် ဦးညာဏဝံသက အခုလိုမိန့်ပါတယ်။

“စာသင်ကျောင်းကတော့ ဒီနေ့တော့ ကျောင်းမဖွင့်ဘူးလေ။ ကျောင်းမတက်ကြဘူး ကလေးတွေက။ ဒီမှာမနေ့ညက ဗုံးလို့ ထင်ရတဲ့အရာဝတ္တု နှစ်ခုပေါ့။ အဲတာတွေ့ကြတယ်လေ မနေ့ညက။ ကျေးရွာအုပ်ချုပ်ရေးမှူးကနေပြီးတော့ သက်ဆိုင်တဲ့ ဌာနတွေကို အသိပေးထားပါတယ်။ ပြောထားပါတယ်သူက။ မဖယ်ရသေးဘူး ရှိပါသေးတယ်။ သူတို့က ကြောက်ပြီးတော့ ရွာကလူတွေကလဲ မြို့ပေါ်ကို ဘူးသီးတောင်ကို ပြေးတဲ့သူလည်း ပြေးကြတယ်။ ညကျရင်ကိုယ့်ရွာရှိတဲ့ ဘုန်းကြီးကျောင်းကိုလည်း ကျန်တဲ့လူ လာအိပ်တယ် အဲဒီလိုပေါ့။”

ဒီလို ဗုံးတွေ့ရှိမှုကြောင့် ရွာသားတွေကလည်း စိုးရိမ်စိတ်နဲ့ ဘူးသီးတောင်မြို့ဘက်ကို တိမ်းရှောင်နေတယ်လို့ ဆရာတော်က မိန့်ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က သပိတ်တောင်နဲ့ ကင်းချောင်းကြား ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့အပြီး မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အဲဒီ တိုက်ပွဲတွေအတွင်း သပိတ်တောင်မြောက် ရွာသား တဦး လက်နက်ထိမှန် သေဆုံးသွားတယ်လို့ ဆရာတော်က ဆက်မိန့်ပါတယ်။

“ပစ်ခတ်သံတွေတော့ ကြားလိုက်တာပဲ အဲဒီနေ့တုန်းက ဦးဇင်းတို့။ နာရီဝက်လောက်တော့ ပစ်ခဲ့တယ် ထင်တယ်။ သပိတ်တောင်ရွာက တောင်ရွာမြောက်ရွာအဲဒီလိုရှိနေတယ်။ အဲဒီမြောက်ဘက် ကုလားရွာကတော့ ကုလားတယောက်တော့ ဆုံးသွားတယ် ပြောတာပဲ။

တိုက်ပွဲတွေကြောင့် သပိတ်တောင် (မွတ်ဆလင်) ရွာက ရွာသား ဦးအဒူကော်ရီးမ် ၄၅ နှစ်ကတော့ ကျည်ထိမှန် သေဆုံးသွားခဲ့ပါတယ်။

သပိတ်တောင်နဲ့ ကင်းချောင်းကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ရခိုင်လက်နက်ကိုင် AA ဘက်ကနေ တနင်္ဂနွေနေ့တုန်းက ဗွီအိုအေကို အတည်ပြု ပြောဆိုခဲ့ပါတယ်။

မနေ့ကလည်း မင်းပြားမြို့နယ်ဘက်မှာ မြန်မာစစ်တပ်နဲ့ AA အဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သလို မြန်မာ စစ်တပ်ဘက်က ရဟတ်ယာဉ် သုံးပစ်ခတ်ခဲ့တယ်လို့ AA ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

တိုက္႐ိုက္ လင့္ခ္

XS
SM
MD
LG