သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ရခိုင်အရေးဝိုင်းဝန်ဖြေရှင်းဖို့ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း


ရခိုင်ပြည်နယ် အကျပ်အတည်းနဲ့ ပတ်သက်လို့ စိုးရိမ်ကြောင်းနဲ့ ရေရှည်ပြေလည်နိုင်အောင် ၀ိုင်းဝန်းကြိုးပမ်းကြဖို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) နဲ့ ဆက်စပ် အစည်းအဝေးတွေကို တက်ရောက်လာတဲ့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးက ဒီကနေ့ပဲ တိုက်တွန်းလိုက်ပါတယ်။

ရခိုင်ပြည်နယ်က အခြေအနေအပေါ် စိုးရိမ်ကြောင်း ပြဿနာအတွက် ရေရှည်အဖြေရှာနိုင်ဖို့ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အာဆီယံ အပါအ၀င် တခြားမိတ်ဘက်တွေနဲ့ပါ လက်တွဲကြိုးပမ်းသွားဖို့ ဆုံးဖြတ်ထားကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီး Marise Payne ကပြောဆိုသွားတာပါ။ အာဆီယံ အစည်းအဝေးပွဲတွေမှာတော့ ရခိုင်ပြည်နယ်ကနေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို တိမ်းရှောင်သွားတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေး တိုက်တွန်းမှုတွေလည်း ရှိခဲ့ပါတယ်။

မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် လက်ခံမထားပေမဲ့ ဒုက္ခသည်တွေကို ပြန်လည်လက်ခံရေး ဘင်္ဂလားဒေ့ရှ်၊ ကုလသမဂ္ဂ အေဂျင်စီတွေနဲ့ သဘောတူညီချက်တွေ သီးခြားရေးထိုးထားပြီး အကောင်အထည်ဖော်ဖို့ ကြိုးပမ်းနေကြောင်း ပြောဆိုထားတာပါ။ အာဆီယံ ဆွေးနွေးပွဲတွေကို တက်ရောက်နေတဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီးဌာန၀န်ကြီး ဦးကျော်တင် ဟာလည်း သံတမန်တွေနဲ့ တွေ့ဆုံရာမှာ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့ မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ မကြာသေးခင်ကပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်ခဲ့တာ၊ ပြန်လည်လက်ခံရေးအတွက် မြန်မာဘက်က ပြင်ဆင်ထားတာတွေနဲ့ နောက်ဆုံး အခြေအနေတွေကို ရှင်းလင်းပြောကြားခဲ့ကြောင်းလည်း မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာနက ကြေညာချက်ထုတ်ပြန် ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG