သုံးရလွယ်ကူစေသည့် Link များ

ရခိုင်အရေးနိုင်ငံတကာဖိအား ပြုပြင်ပြောင်းလဲရေးထိခိုက်နိုင်လား (တိုက်ရိုက်လေလှိုင်း)


ရခိုင်မြောက်ပိုင်း အကြမ်းဖက်မှုတွေနဲ့ ပဋိပက္ခအခြေအနေတွေကြောင့် မွတ်ဆလင်ဒုက္ခသည်တွေ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံကို သိန်းနဲ့ချီထွက်ပြေးတိမ်းရှောင်ရပြီး၊ ဒီအခြေအနေတွေအပေါ်မှာ နိုင်ငံတကာရဲ့ ပြစ်တင်ဝေဖန်မှုတွေ မြင့်တက်လာပါတယ်။

ရခိုင်အရေး ကိုင်တွယ်ဖြေရှင်းဖို့ ကုလသမဂ္ဂအပါအ၀င် အနောက်နိုင်ငံတွေနဲ့ မွတ်ဆလင် ကမ္ဘာရဲ့ဖိအားကလည်း ကြီးမားလာပါတယ်။ ရခိုင်အရေး နိုင်ငံတကာ ဖိအားတွေကြောင့် လက်ရှိသွားနေတဲ့မြန်မာ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွေ ကိုပါ ထိခိုက်နိုင်ပါသလား ဆိုတာ အခု အင်္ဂါနေ့ညပိုင်းတိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ သုံးသပ်ဆွေးနွေးထားပါတယ်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးအောင်မိုးဇော်နဲ့ Myanmar Journalism Institute က ဒါရိုက်တာ ဦးစိန်ဝင်းတို့က ပင်တိုင်ဆွေးနွေးထားပါတယ်။

XS
SM
MD
LG