[[Zawgyi/Unicode]]
ရခိုင္ေျမာက္ပိုင္း စစ္ေျပးဒုကၡသည္စခန္းတခ်ိဳ႕မွာ စားနပ္ရိကၡာနဲ႔ေသာက္သုံးေရ ျပတ္လပ္ေနၿပီလို႔ စခန္းတာဝန္ရွိသူေတြကေျပာပါတယ္။ စစ္ေဘးဒုကၡ သည္ေတြအေနနဲ႔ ေနရပ္ျပန္ဖို႔ ခက္ခဲေနေသးသလို စစ္ေဘးဒုကၡသည္စခန္းေတြမွာ အလႉရွင္ေတြလည္း နည္းပါးလာတာေၾကာင့္ အခက္ႀကဳံေနရတာျဖစ္တယ္လို႔လည္း စစ္ေဘးဒုကၡသည္ေတြက ေျပာပါတယ္။ ရခိုင္က စစ္ေဘးဒုကၡသည္ေတြနဲ႔ ပတ္သတ္ၿပီးရန္ကုန္ကေပးပို႔တဲ့သတင္းကို ကိုေဇာ္ဝင္းလႈိင္က တင္ျပေပးထားပါတယ္။
ရခိုင္ေျမာက္ပိုင္း စစ္ေျပးဒုကၡသည္စခန္းေတြဟာ အခ်ိန္ၾကာလာတာနဲ႔အမွ် ကူညီေထာက္ပံ့မႈအားနည္းလာသလို စခန္းတခ်ိဳ႕မွာ ခုဆိုရင္ စားနပ္ရိကၡာေရာ ေသာက္သုံးေရပါ ျပတ္လပ္မႈ ရင္ဆိုင္လာရပါတယ္။ ေက်ာက္ေတာ္ၿမိဳ႕နယ္က လူဦးေရ ၃,၀၀၀ နီးပါးေနထိုင္တဲ့ ေညာင္ေခ်ာင္း စစ္ေဘးဒုကၡသည္စခန္းမွာဆိုရင္လည္း ေသာက္သုံးေရမရွိတာေၾကာင့္ ေခ်ာင္းကိုသုံးေနရၿပီး ဝမ္းေရာဂါျဖစ္ပြားတာေတြလည္း ရွိတယ္လို႔ စခန္းတာဝန္ခံ ကိုခိုင္မ်ိဳးေအာင္ကေျပာပါတယ္။
“ကန္မွာက ေသာက္ေရလည္းမရေတာ့ဘူး။ သုံးေရလည္းမရေတာ့ဘူး။ အဲဒါေၾကာင့္ ေခ်ာင္းေရကိုပဲသုံးေနရတယ္။ အဲဒီေခ်ာင္းေရဆိုတာကလည္း တအား ညစ္ပတ္တယ္။ ဘာလို႔လဲဆိုေတာ့ ေခ်ာင္းမွာ အိမ္သာတို႔ဘာတို႔ခ်ထားတာရွိတယ္ဆိုေတာ့ က်န္းမာေရးနဲ႔မညီၫြတ္မႈျဖစ္ေနတယ္၊ ဒါေၾကာင့္မလို႔ ကေလးေတြ မၾကာမၾကာ ဝမ္းေရာဂါေတြျဖစ္တယ္။ က်ေနာ္ကေတာ့ ကူညီေပးႏိုင္မယ့္ NGO INGO ေတြကို အကူအညီေတာင္းထားတာရွိတယ္။ သူတို႔လည္း ကူညီေပးဖို႔ ႀကိဳးစားေနတာရွိတယ္လို႔ေျပာတယ္။ ေနာက္ၿပီးေတာ့ က်ေနာ္ ဒီဇင္ဘာလေလာက္ကတည္းက စစ္ေကာင္စီကို အစည္းအေဝးမွာ တင္ျပထားတာရွိတယ္ အစ္ကို။ အခုအခ်ိန္ထိေတာ့ တစုံတရာ ကူညီေပးတာေတာ့မရွိေသးဘူး”
ဒါ့အျပင္ ပုဏၰားကြၽန္းၿမိဳ႕နယ္အတြင္းက အထက္ျမတ္လွဲ စစ္ေဘးဒုကၡသည္စခန္းမွာလည္း စားနပ္ရိကၡာေတြလည္း မရွိေတာ့သလို ေသာက္သုံးေရေတြလည္း ရွားပါးေနပါတယ္။ အထက္ျမတ္လွဲစစ္ေဘးဒုကၡသည္စခန္းက ကိုေအာင္ႏိုင္ဝင္းကေတာ့ ေရမရွိတာေၾကာင့္ ျမစ္က ဆားငံေရေတြကို သုံးေနရတယ္လို႔ ေျပာပါတယ္။
အထက္ျမတ္လွဲစစ္ေဘးဒုကၡသည္စခန္း ကိုေအာင္ႏိုင္ဝင္းအသံ။
“စားနပ္ရိကၡာေကာ ေရေတြေကာရွားပါးေနတယ္။ အလႉရွင္ေတြလည္းမရွိဘူး၊ ေရခ်ိဳးရတာလည္း ဆားငံေရကို ခ်ိဳးေနရတယ္၊ စားေရးေသာက္ေရးလည္းအဆင္မေျပဘူး။ အလႉရွင္ေတြလည္း မေရာက္ဘူး။ ဆန္ေတြလည္းကုန္ေနတယ္”
လက္ရခိုင္ျပည္နယ္မွာ ရွိတဲ့ စစ္ေဘးဒုကၡသည္စခန္းေတြကို အစိုးရက ဆန္ရိကၡာ ေထာက္ပံ့တာေတြရွိေပမယ့္လည္း လုံေလာက္မႈမရွိဘူးလို႔လည္း ပုဏၰားကြၽန္းၿမိဳ႕နယ္ စစ္မႈဇုန္ စစ္ေဘးဒုကၡသည္းစခန္းက တာဝန္ရွိသူတဦးကေျပာပါတယ္။ အဲဒီဒုကၡသည္စခန္းမွာ ေသာက္သုံးေရေတြလည္း ရွားပါးေနတာပါ။ လက္ရွိမွာေတာ့ အဖြဲ႕တခုက သုံးလစီမံကိန္းနဲ႔ ေရလႉေပးေနတာေၾကာင့္ အဆင္ေျပေနေပမယ့္ အဲဒီသုံးလၿပီးရင္ ေသာက္သုံးမရရွိေတာ့မွာကို စိုးရိမ္ေနရတယ္လို႔လည္း ဒုကၡသည္တဦးကေျပာပါတယ္။
“ရိကၡာကလည္းလုံလုံေလာက္မရွိဘူး။ မနက္တဗူး၊ ညတဗူးပဲ ေပးထားတာဆိုေတာ့ အဲထက္ပိုစားတဲ့သူေတြမွာက်ေတာ့ ရိကၡာလုံလုံေလာက္ေလာက္မရွိဘူး။ ေသာက္သုံးေရက်ေတာ့ ဆာရာဆိုတဲ့ အဖြဲ႕ တစ္ခုက ေသာက္ေရ သုံးေရ ေတြကို ကားနဲ႔တင္ၿပီးေတာ့ ပို႔ေပးေနတဲ့ အတြက္ အခုအခ်ိန္ထိေတာ့ လုံေလာက္ေနေသးတယ္၊ ဒါေပမယ့္သူတို႔ကလည္း သုံးလပဲေပးမယ္ဆိုေတာ့ အဲဒီသုံးလ ၿပီးရင္ ေရဘယ္ကရမလဲ က်ေနာ္တို႔မွာေမ်ာ္လင့္ခ်က္မရွိေသးဘူး”
ရခိုင္ျပည္နယ္မွာ လက္ရွိအခ်ိန္ထိ စစ္ေဘးဒုကၡသည္ ၉၀,၀၀၀ ေက်ာ္ေလာက္ ဟာ လုံၿခဳံေရးအာမခံခ်က္မရွိတာေၾကာင့္ ေနရပ္ျပန္ဖို႔ ခက္ခဲေနၾကၿပီး စစ္ေဘးဒုကၡသည္စခန္းေတြမွာ ေနထိုင္ေနဆဲျဖစ္ပါတယ္။
ရခိုင္လက္နက္ကိုင္ AA အဖြဲ႕နဲ႔စစ္တပ္ၾကား ၿပီးခဲ့တဲ့ ၂၀၂၀ ခုႏွစ္ စက္တင္ဘာလ အေစာပိုင္းကကတည္းက တိုက္ပြဲေတြ ရပ္တန႔္ေနတာလည္းျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဒီလအတြင္းမွပဲ ေမာင္ေတာဘက္မွာ AA အဖြဲ႕နဲ႔ ျမန္မာစစ္တပ္ၾကား ႏွစ္ဘက္တိုက္ပြဲေတြ ျဖစ္ပြားခဲ့တာေၾကာင့္ ရခိုင္ျပည္နယ္တိုက္ပြဲ တေၾကာ့ျပန္ႀကီးထြားလာမွာကို ေဒသခံေတြအေနနဲ႔ စိုးရိမ္ေနၾကတာလည္းျဖစ္ပါတယ္။
==============
[[Unicode]]
ရခိုင်မြောက်ပိုင်း ဒုက္ခသည်စခန်းတချို့ ရိက္ခာနဲ့သောက်သုံးရေ ပြတ်လပ်
ရခိုင်မြောက်ပိုင်း စစ်ပြေးဒုက္ခသည်စခန်းတချို့မှာ စားနပ်ရိက္ခာနဲ့သောက်သုံးရေ ပြတ်လပ်နေပြီလို့ စခန်းတာဝန်ရှိသူတွေကပြောပါတယ်။ စစ်ဘေးဒုက္ခ သည်တွေအနေနဲ့ နေရပ်ပြန်ဖို့ ခက်ခဲနေသေးသလို စစ်ဘေးဒုက္ခသည်စခန်းတွေမှာ အလှူရှင်တွေလည်း နည်းပါးလာတာကြောင့် အခက်ကြုံနေရတာဖြစ်တယ်လို့လည်း စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။ ရခိုင်က စစ်ဘေးဒုက္ခသည်တွေနဲ့ ပတ်သတ်ပြီးရန်ကုန်ကပေးပို့တဲ့သတင်းကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
ရခိုင်မြောက်ပိုင်း စစ်ပြေးဒုက္ခသည်စခန်းတွေဟာ အချိန်ကြာလာတာနဲ့အမျှ ကူညီထောက်ပံ့မှုအားနည်းလာသလို စခန်းတချို့မှာ ခုဆိုရင် စားနပ်ရိက္ခာရော သောက်သုံးရေပါ ပြတ်လပ်မှု ရင်ဆိုင်လာရပါတယ်။ ကျောက်တော်မြို့နယ်က လူဦးရေ ၃,၀၀၀ နီးပါးနေထိုင်တဲ့ ညောင်ချောင်း စစ်ဘေးဒုက္ခသည်စခန်းမှာဆိုရင်လည်း သောက်သုံးရေမရှိတာကြောင့် ချောင်းကိုသုံးနေရပြီး ဝမ်းရောဂါဖြစ်ပွားတာတွေလည်း ရှိတယ်လို့ စခန်းတာဝန်ခံ ကိုခိုင်မျိုးအောင်ကပြောပါတယ်။
“ကန်မှာက သောက်ရေလည်းမရတော့ဘူး။ သုံးရေလည်းမရတော့ဘူး။ အဲဒါကြောင့် ချောင်းရေကိုပဲသုံးနေရတယ်။ အဲဒီချောင်းရေဆိုတာကလည်း တအား ညစ်ပတ်တယ်။ ဘာလို့လဲဆိုတော့ ချောင်းမှာ အိမ်သာတို့ဘာတို့ချထားတာရှိတယ်ဆိုတော့ ကျန်းမာရေးနဲ့မညီညွတ်မှုဖြစ်နေတယ်၊ ဒါကြောင့်မလို့ ကလေးတွေ မကြာမကြာ ဝမ်းရောဂါတွေဖြစ်တယ်။ ကျနော်ကတော့ ကူညီပေးနိုင်မယ့် NGO INGO တွေကို အကူအညီတောင်းထားတာရှိတယ်။ သူတို့လည်း ကူညီပေးဖို့ ကြိုးစားနေတာရှိတယ်လို့ပြောတယ်။ နောက်ပြီးတော့ ကျနော် ဒီဇင်ဘာလလောက်ကတည်းက စစ်ကောင်စီကို အစည်းအဝေးမှာ တင်ပြထားတာရှိတယ် အစ်ကို။ အခုအချိန်ထိတော့ တစုံတရာ ကူညီပေးတာတော့မရှိသေးဘူး”
ဒါ့အပြင် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက အထက်မြတ်လှဲ စစ်ဘေးဒုက္ခသည်စခန်းမှာလည်း စားနပ်ရိက္ခာတွေလည်း မရှိတော့သလို သောက်သုံးရေတွေလည်း ရှားပါးနေပါတယ်။ အထက်မြတ်လှဲစစ်ဘေးဒုက္ခသည်စခန်းက ကိုအောင်နိုင်ဝင်းကတော့ ရေမရှိတာကြောင့် မြစ်က ဆားငံရေတွေကို သုံးနေရတယ်လို့ ပြောပါတယ်။
အထက်မြတ်လှဲစစ်ဘေးဒုက္ခသည်စခန်း ကိုအောင်နိုင်ဝင်းအသံ။
“စားနပ်ရိက္ခာကော ရေတွေကောရှားပါးနေတယ်။ အလှူရှင်တွေလည်းမရှိဘူး၊ ရေချိုးရတာလည်း ဆားငံရေကို ချိုးနေရတယ်၊ စားရေးသောက်ရေးလည်းအဆင်မပြေဘူး။ အလှူရှင်တွေလည်း မရောက်ဘူး။ ဆန်တွေလည်းကုန်နေတယ်”
လက်ရခိုင်ပြည်နယ်မှာ ရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေကို အစိုးရက ဆန်ရိက္ခာ ထောက်ပံ့တာတွေရှိပေမယ့်လည်း လုံလောက်မှုမရှိဘူးလို့လည်း ပုဏ္ဏားကျွန်းမြို့နယ် စစ်မှုဇုန် စစ်ဘေးဒုက္ခသည်းစခန်းက တာဝန်ရှိသူတဦးကပြောပါတယ်။ အဲဒီဒုက္ခသည်စခန်းမှာ သောက်သုံးရေတွေလည်း ရှားပါးနေတာပါ။ လက်ရှိမှာတော့ အဖွဲ့တခုက သုံးလစီမံကိန်းနဲ့ ရေလှူပေးနေတာကြောင့် အဆင်ပြေနေပေမယ့် အဲဒီသုံးလပြီးရင် သောက်သုံးမရရှိတော့မှာကို စိုးရိမ်နေရတယ်လို့လည်း ဒုက္ခသည်တဦးကပြောပါတယ်။
“ရိက္ခာကလည်းလုံလုံလောက်မရှိဘူး။ မနက်တဗူး၊ ညတဗူးပဲ ပေးထားတာဆိုတော့ အဲထက်ပိုစားတဲ့သူတွေမှာကျတော့ ရိက္ခာလုံလုံလောက်လောက်မရှိဘူး။ သောက်သုံးရေကျတော့ ဆာရာဆိုတဲ့ အဖွဲ့ တစ်ခုက သောက်ရေ သုံးရေ တွေကို ကားနဲ့တင်ပြီးတော့ ပို့ပေးနေတဲ့ အတွက် အခုအချိန်ထိတော့ လုံလောက်နေသေးတယ်၊ ဒါပေမယ့်သူတို့ကလည်း သုံးလပဲပေးမယ်ဆိုတော့ အဲဒီသုံးလ ပြီးရင် ရေဘယ်ကရမလဲ ကျနော်တို့မှာမျော်လင့်ချက်မရှိသေးဘူး”
ရခိုင်ပြည်နယ်မှာ လက်ရှိအချိန်ထိ စစ်ဘေးဒုက္ခသည် ၉၀,၀၀၀ ကျော်လောက် ဟာ လုံခြုံရေးအာမခံချက်မရှိတာကြောင့် နေရပ်ပြန်ဖို့ ခက်ခဲနေကြပြီး စစ်ဘေးဒုက္ခသည်စခန်းတွေမှာ နေထိုင်နေဆဲဖြစ်ပါတယ်။
ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့စစ်တပ်ကြား ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် စက်တင်ဘာလ အစောပိုင်းကကတည်းက တိုက်ပွဲတွေ ရပ်တန့်နေတာလည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီလအတွင်းမှပဲ မောင်တောဘက်မှာ AA အဖွဲ့နဲ့ မြန်မာစစ်တပ်ကြား နှစ်ဘက်တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့် ရခိုင်ပြည်နယ်တိုက်ပွဲ တကြော့ပြန်ကြီးထွားလာမှာကို ဒေသခံတွေအနေနဲ့ စိုးရိမ်နေကြတာလည်းဖြစ်ပါတယ်။
==============