သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရာမာဒန်ဥပုသ်လ စတင်


အင်ဒိုနီးရှားနိုင်ငံတွင်း ရာမာဒန် ဥပုသ်လအတွက် ပြင်ဆင်မှုများ
အင်ဒိုနီးရှားနိုင်ငံတွင်း ရာမာဒန် ဥပုသ်လအတွက် ပြင်ဆင်မှုများ

မူဆလင်တို့ရဲ့ ရာမာဒန် ဥပုသ်လက ဒီကနေ့ တနင်္ဂနွေနေ့ နှောင်းပိုင်း ဒါမှမဟုတ် တနလာၤနေ့မှာ စတင်မယ်လို့ ခန့်မှန်းရပြီး ကမ္ဘာတလွှားက မူဆလင်တွေ ရာမာဒန် ဥပုသ်လ အတွက် ပြင်ဆင်နေကြပါတယ်။

ရာမာဒန် ဥပုသ်လမှာတော့ ဘာသာဝင်တို့ အနေနဲ့ နေ့ပိုင်း အချိန်တွေမှာ ရေတောင် မသောက်ဘဲ အစားအသောက်စားတာကို ရှောင်ကျဉ်ပြီး ဘုရားဝတ်ပြုတာနဲ့ ကိုရမ် ကျမ်းစာ လေ့လာဆည်းပူတာတို့ကို ဆောင်ရွက်ပြီး ဥပုသ်စောင့်ကြတာ ဖြစ်ပါတယ်။ မကောင်းတဲ့ အပြုအမူတွေ နောက် ဆေးလိပ်သောက်တာလိုမျိုး၊ လိင်ဆက်ဆံတာလိုမျိုး ဖျော်ဖြေမှုတွေလည်း ရှောင်ကျဉ်ကြရပါတယ်။

မတူညီတဲ့ ဓလေ့ထုံးစံတွေ၊ နေထိုင်ရာ ဒေသတွေ အပေါ်မှာလိုက်ပြီး ရာမာဒန် ဥပုသ်စောင့်ကြတဲ့ ပုံစံတွေကလည်း မတူကြပါဘူး။ နေ့ပိုင်းအချိန်တွေမှာ အစားစားတာကို ရှောင်ကျဉ်ရတာက နွေရာသီ ကာလ နေ့တာရှည်တဲ့ ဝင်ရိုးစွန်းဒေသတွေ အနီးမှာ နေထိုင်ကြသူတွေ အတွက်တော့ အတော်လေး ခက်ခဲပါတယ်။

နွေရာသီမှာ နေမဝင်တဲ့ ဒေသတွေ ဒါမှမဟုတ်လည်း ရာမာဒန် ဥပုသ်လက ဆောင်းရာသီမှာ ကျရောက်ခဲ့ရင် ဆောင်းတွင်း နေမထွက်တဲ့ ဒေသတွေမှာ နေထိုင်ကြတဲ့ မူဆလင်တွေ အတွက် မက္ကာမြို့က နေဝင်ချိန် နေထွက်ချိန်ကို လိုက်နာအသုံးပြုခွင့်ကို မူဆလင် ဘာသာရေး ခေါင်းဆောင်တွေက လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကဘဲFatwa စီရင်ထုံးထဲမှာ ထည့်သွင်း ထုတ်ပြန်ခဲ့ကြပါတယ်။

ရာမာဒန်ဥပုသ်လ စတင်
please wait

No media source currently available

0:00 0:01:05 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG