သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရွမ္း ၂ ဖဲြ႕တိုက္ပဲြ ေဒသခံမ်ား မေနရဲ 


SSA-RCSS

ရွမ္းျပည္ေတာင္ပိုင္း၊ လဲခ်ားၿမိဳ႕နယ္က ေနာင္လိုင္႐ြာမွာ RCSS /SSA ဘက္က တပ္သားစုေဆာင္းေနလို႔ ေဒသခံေတြထြက္ေျပးေနရၿပီး ေက်ာင္းေတြလည္းပိတ္ထားရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ႐ြာရဲ႕တဖက္စီမွာ RCSS နဲ႔ SSPP လက္နက္ကိုင္ ၂ဖြဲ႕ၾကား ေဒသခံေတြမွာ သတိနဲ႔ေနေနရတယ္လို႔ ေျပာပါတယ္။ ကိုခင္ေမာင္စိုးမင္း က  ေျပာျပမွာပါ။

ရွမ္း ၂ ဖဲြ႕တိုက္ပဲြ ေဒသခံမ်ား မေနရဲ

{{Zawgyi/Unicode}}
ရွမ္းျပည္ေတာင္ပိုင္း၊ လြိဳင္လင္ခ႐ိုင္၊ လဲခ်ားၿမိဳ႕နယ္က ေနာင္လိုင္႐ြာမွာ RCSS ဘက္က တပ္သားစုေဆာင္းေနလို႔ ေဒသခံေတြထြက္ေျပးေနရၿပီး ေက်ာင္းေတြလည္းပိတ္ထားရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ႐ြာရဲ႕တဖက္စီမွာ RCSS နဲ႔ SSPP လက္နက္ကိုင္ ၂ဖြဲ႕ၾကား ေဒသခံေတြမွာ သတိနဲ႔ေနေနရတယ္လို႔ ေျပာပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကေပးပို႔တဲ့သတင္းကို ကိုခင္ေမာင္စိုးမင္း က ေျပာျပမွာပါ။

ရွမ္းျပည္ေတာင္ပိုင္း၊ လဲခ်ားၿမိဳ႕နယ္က ေနာင္လိုင္ေက်း႐ြာမွာ ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ RCSS/SSA က တပ္သားသစ္စုေဆာင္းတာေတြရွိေနလို႔ ေဒသခံေတြ ထြက္ေျပးေနတာပါ။ ႐ြာထဲမွာ က်န္ခဲ့သူအမ်ားစုက အသက္ႀကီးသူေတြ၊ အမ်ိဳးသမီးေတြနဲ႔ ကေလးငယ္ေတြေလာက္ပဲ ရွိေတာ့တယ္လို႔ ေဒသခံတဦးက ေျပာပါတယ္။

"စစ္သားေတြလိုက္ေကာက္တာ အဲဒါေၾကာင့္မို႔လို႔ပဲ ထြက္ေျပးေနၾကရတယ္။ အသက္ႀကီးတဲ့သူရယ္၊ မိန္းမရယ္၊ ကေလးေတြရယ္ က်န္ခဲ့တာေပါ့။ ဒီဘက္က မ်ားေသာအားျဖင့္ ဘယ္လိုေကာက္တုန္းဆို လူပ်ိဳျဖစ္ေနၿပီးေတာ့ အိမ္ေထာင္စုတခုမွာ ၂ ေယာက္ရွိတယ္ဆိုရင္ ၁ ေယာက္ကို ေကာက္ကိုေကာက္တယ္ဆိုတဲ့ ပုံစံေပါ့။ အိမ္ေထာင္သည္ေတြက်ေတာ့ က်န္ေနခဲ့တယ္။ သက္ႀကီးသူေတြက်န္ေနခဲ့တယ္။ မ်ားေသာအားျဖင့္ လူငယ္ေတြ ထြက္ေျပးေနရတာ။ ခါတိုင္းဆိုရင္ေတာ့ ထိုင္းဘက္ကိုေျပးၾကတာေပါ့။ အခုက်ေတာ့ ထိုင္းဘက္ကလည္း ပိတ္တယ္ဆိုေတာ့ တျခားရပ္႐ြာမွာရွိတဲ့ အမ်ိဳးေတြဆီကိုထြက္ေျပးတဲ့ အေနအထားမွာေတာ့ ရွိတယ္ရွင့္။"

RCSS အဖြဲ႕ဝင္ေတြ ႐ြာထဲမွာရွိေနၿပီး ႐ြာခံတခ်ိဳ႕ ထြက္ေျပးေနရခ်ိန္မွာ စာသင္ေက်ာင္းေတြလည္း ပိတ္ထားတယ္လို႔ ေျပာပါတယ္။ RCSS/SSA ေတာင္ပိုင္းတပ္နဲ႔ SSPP/SSA ေျမာက္ပိုင္းတပ္ေတြ ေနာင္လိုင္႐ြာရဲ႕ တဖက္စီမွာ ရွိေနလို႔ ေဒသခံေတြမွာ အခ်ိန္မေ႐ြးတိုက္ပြဲျဖစ္လာႏိုင္တဲ့ အေျခအေနကို သတိထားေနရတယ္လို႔ ေျပာပါတယ္။

"အခုရက္ပိုင္းထဲ နယ္ေျမၿငိမ္ေတာ့ၿငိမ္တယ္။ ေစာေစာသြား ေစာေစာျပန္ အဲလိုအေနအထားေတာ့ ရွိတယ္။ သတိနဲ႔ေနေနရတဲ့ အေနအထားေပါ့။ တပ္ႏွစ္ဖက္က အရမ္းနီးေနတယ္ဆိုေတာ့ တကယ္လို႔မ်ား ေသနတ္သံေတြဘာေတြ ေပါက္တယ္ဆိုရင္ အဆင္သင့္ျဖစ္တဲ့ အေနအထားမွာေတာ့ ရွိေနတယ္။ စာသင္ေက်ာင္းေတြလည္း ပိတ္ထားတာ ၁ ပတ္ေက်ာ္ေလာက္ရွိသြားၿပီ။"

ေနာင္လိုင္႐ြာထဲမွာ တပ္သားသစ္စုေဆာင္းဖို႔ ေဒသခံေတြကို လိုက္လံဖမ္းဆီးေနတဲ့ အေျခအေနနဲ႔ပတ္သက္ၿပီး RCSS ဘက္ကိုဆက္သြယ္ခဲ့ေပမယ့္ မရခဲ့ပါဘူး။ ရွမ္းျပည္ေတာင္ပိုင္းနဲ႔ ေျမာက္ပိုင္းမွာ ႏွစ္ဖက္အဖြဲ႕ရဲ႕ တပ္သားသစ္စုေဆာင္းတဲ့ ျဖစ္စဥ္ေတြေၾကာင့္ ေဒသခံလူငယ္ေတြထြက္ေျပးတိမ္းေရွာင္ရတဲ့ အေျခအေနကလည္း မၾကာခဏဆိုသလိုရွိေနတာပါ။

ရွမ္း ၂ ဖဲြ႕တိုက္ပဲြ ေဒသခံမ်ား မေနရဲ
please wait

No media source currently available

0:00 0:02:31 0:00
တိုက္႐ိုက္ လင့္ခ္

...................................................

ရှမ်း ၂ ဖွဲ့တိုက်ပွဲ ဒေသခံများ မနေရဲ

{{Zawgyi/Unicode}}
ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်က နောင်လိုင်ရွာမှာ RCSS ဘက်က တပ်သားစုဆောင်းနေလို့ ဒေသခံတွေထွက်ပြေးနေရပြီး ကျောင်းတွေလည်းပိတ်ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရွာရဲ့တဖက်စီမှာ RCSS နဲ့ SSPP လက်နက်ကိုင် ၂ဖွဲ့ကြား ဒေသခံတွေမှာ သတိနဲ့နေနေရတယ်လို့ ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို ကိုခင်မောင်စိုးမင်း က ပြောပြမှာပါ။

ရှမ်းပြည်တောင်ပိုင်း၊ လဲချားမြို့နယ်က နောင်လိုင်ကျေးရွာမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA က တပ်သားသစ်စုဆောင်းတာတွေရှိနေလို့ ဒေသခံတွေ ထွက်ပြေးနေတာပါ။ ရွာထဲမှာ ကျန်ခဲ့သူအများစုက အသက်ကြီးသူတွေ၊ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေလောက်ပဲ ရှိတော့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

"စစ်သားတွေလိုက်ကောက်တာ အဲဒါကြောင့်မို့လို့ပဲ ထွက်ပြေးနေကြရတယ်။ အသက်ကြီးတဲ့သူရယ်၊ မိန်းမရယ်၊ ကလေးတွေရယ် ကျန်ခဲ့တာပေါ့။ ဒီဘက်က များသောအားဖြင့် ဘယ်လိုကောက်တုန်းဆို လူပျိုဖြစ်နေပြီးတော့ အိမ်ထောင်စုတခုမှာ ၂ ယောက်ရှိတယ်ဆိုရင် ၁ ယောက်ကို ကောက်ကိုကောက်တယ်ဆိုတဲ့ ပုံစံပေါ့။ အိမ်ထောင်သည်တွေကျတော့ ကျန်နေခဲ့တယ်။ သက်ကြီးသူတွေကျန်နေခဲ့တယ်။ များသောအားဖြင့် လူငယ်တွေ ထွက်ပြေးနေရတာ။ ခါတိုင်းဆိုရင်တော့ ထိုင်းဘက်ကိုပြေးကြတာပေါ့။ အခုကျတော့ ထိုင်းဘက်ကလည်း ပိတ်တယ်ဆိုတော့ တခြားရပ်ရွာမှာရှိတဲ့ အမျိုးတွေဆီကိုထွက်ပြေးတဲ့ အနေအထားမှာတော့ ရှိတယ်ရှင့်။"

RCSS အဖွဲ့ဝင်တွေ ရွာထဲမှာရှိနေပြီး ရွာခံတချို့ ထွက်ပြေးနေရချိန်မှာ စာသင်ကျောင်းတွေလည်း ပိတ်ထားတယ်လို့ ပြောပါတယ်။ RCSS/SSA တောင်ပိုင်းတပ်နဲ့ SSPP/SSA မြောက်ပိုင်းတပ်တွေ နောင်လိုင်ရွာရဲ့ တဖက်စီမှာ ရှိနေလို့ ဒေသခံတွေမှာ အချိန်မရွေးတိုက်ပွဲဖြစ်လာနိုင်တဲ့ အခြေအနေကို သတိထားနေရတယ်လို့ ပြောပါတယ်။

"အခုရက်ပိုင်းထဲ နယ်မြေငြိမ်တော့ငြိမ်တယ်။ စောစောသွား စောစောပြန် အဲလိုအနေအထားတော့ ရှိတယ်။ သတိနဲ့နေနေရတဲ့ အနေအထားပေါ့။ တပ်နှစ်ဖက်က အရမ်းနီးနေတယ်ဆိုတော့ တကယ်လို့များ သေနတ်သံတွေဘာတွေ ပေါက်တယ်ဆိုရင် အဆင်သင့်ဖြစ်တဲ့ အနေအထားမှာတော့ ရှိနေတယ်။ စာသင်ကျောင်းတွေလည်း ပိတ်ထားတာ ၁ ပတ်ကျော်လောက်ရှိသွားပြီ။"

နောင်လိုင်ရွာထဲမှာ တပ်သားသစ်စုဆောင်းဖို့ ဒေသခံတွေကို လိုက်လံဖမ်းဆီးနေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး RCSS ဘက်ကိုဆက်သွယ်ခဲ့ပေမယ့် မရခဲ့ပါဘူး။ ရှမ်းပြည်တောင်ပိုင်းနဲ့ မြောက်ပိုင်းမှာ နှစ်ဖက်အဖွဲ့ရဲ့ တပ်သားသစ်စုဆောင်းတဲ့ ဖြစ်စဉ်တွေကြောင့် ဒေသခံလူငယ်တွေထွက်ပြေးတိမ်းရှောင်ရတဲ့ အခြေအနေကလည်း မကြာခဏဆိုသလိုရှိနေတာပါ။

XS
SM
MD
LG