သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကက်စထရို ကွယ်လွန်သည့်အပေါ် တုန့်ပြန်ချက်များ ကွဲပြား


ကျူးဘားခေါင်းဆောင်ဟောင်း Fidel Castro ကွယ်လွန်ခြင်း အောက်မေ့ဖွယ် အခမ်းအနား။
ကျူးဘားခေါင်းဆောင်ဟောင်း Fidel Castro ကွယ်လွန်ခြင်း အောက်မေ့ဖွယ် အခမ်းအနား။

ကျူးဘားခေါင်းဆောင်ဟောင်း Fidel Castro ကွယ်လွန်ခဲ့တဲ့ အပေါ် ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ တု့ံ့ပြန်မှုတွေထဲမှာတော့ ဝမ်းနည်းကြေကွဲမှုတွေရော ဝေဖန်မှုတွေရော ရှိနေတာပါ။ ဒါပေမဲ့လို့ ကနေဒါ ဝန်ကြီးချုပ် Justin Trudeau ကတော့ Fidel Castro ရဲ့ တော်လှန်ရေး၊ နောက် အာဏာရှင် Castro ရဲ့ ကျူးဘားပြည်သူတွေအပေါ် ထားတဲ့ မေတ္တာနဲ့ ဆောင်ရွက်ချက်တွေ အတွက် ချီးကျူးဂုဏ်ပြု စကားပြောဆိုလိုက်တာကြောင့် ကနေဒါနဲ့ အမေရိကန် နိုင်ငံရေးသမားတွေရဲ့ ပြစ်တင်ဝေဖန်မှုတွေ ထွက်ပေါ်လာစေခဲ့ပါတယ်။

ကနေဒါ ဝန်ကြီးချုပ်က ကျနော့် အဖေဟာ Fidel ကို သူငယ်ချင်းလို့ ခေါ်ဖို့ သိပ်ပြီး ဂုဏ်ယူတာပါ။ ကျနော့် အဖေဆုံးပြီးနောက်ပိုင်း ကျနော် Fidel နဲ့ တွေ့ဆုံဖို့ အခွင့်အရေး ရခဲ့ပါတယ်လို့ ပြောခဲ့တာပါ။ ကနေဒါ ကွန်ဆာဗေးတစ် လွှတ်တော်အမတ် Kellie Leitch ကတော့ ဝန်ကြီးချုပ် Trudeau ရဲ့ Castro အပေါ် မှတ်ချက်ဟာဆိုရင် Castro အကြောင်း ဝတ္ထုစာအုပ် ဖတ်ထားတဲ့ အတိုင်း ဖြစ်နေတယ်လို့ ပြောဆိုပါတယ်။ ကျူးဘားနွယ်ဖွား အမေရိကန် အထက်လွှတ်တော် အမတ် Marco Rubio ကတော့ ကနေဒါဝန်ကြီးချုပ်ရဲ့ ကြေညာချက် အစစ်အမှန်ဆိုရင်တော့ သိပ်ကို ရှက်ဖို့၊ စိတ်ကသိကအောက် ဖြစ်ဖို့ ကောင်းတယ်လို့ ပြောဆိုခဲ့ပါတယ်။

အမေရိကန် ရွေးကောက်ခံ သမ္မတ Donald Trump ကတော့ Castro ဟာ ကိုယ့်ပြည်သူတွေကို ဆယ်စုနှစ် ၆ ခုနီးပါး ဖိနှိပ်ခဲ့တဲ့ ရက်စက်တဲ့ အာဏာရှင် ဖြစ်တယ်လို့ တွစ်တာစာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ Castro ရဲ့ သမိုင်းအမွေတွေထဲမှာတော့ ကွက်မျက် သုတ်သင်ရေးအဖွဲ့တွေ၊ ခိုးယူမှုတွေ၊ ဒုက္ခပင်လယ်ဝေရတာတွေနဲ့ ဆင်းရဲမွဲတေမှု၊ နောက် အခြေခံ လူ့အခွင့်အရေးကို ငြင်းပယ်ခဲ့တာတွေ ပါဝင်တယ်လို့လည်း ရွေးကောက်ခံ သမ္မတ Trump က ပြောပါတယ်။

အမေရိကန် သမ္မတဟောင်း Jimmy Carter ကတော့ သူနဲ့ သူ့ဇနီးတို့ ကျူးဘားနိုင်ငံတွင်းမှာ Fidel Castro နဲ့ အတူ သွားလာခဲ့ကြတာတွေ၊ နောက် ကျူးဘား ပြည်သူတွေ အပေါ်မှာ ထားတဲ့ သူ့ရဲ့ မေတ္တာကို ပြန်ပြောင်းအောက်မေ့မိတယ်လို့ ပြောဆိုပါတယ်။ ကျူးဘားပြည်သူတွေ ငြိမ်းချမ်း တိုးတက်ပါစေကြောင်းလည်း အမေရိကန် သမ္မတဟောင်း ကာတာက ကြေညာချက်မှာ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG