အေမရိကန္ ဆီးနိတ္လႊတ္ေတာ္အမတ္ေဟာင္းလည္းျဖစ္၊ ကုလသမဂၢဆိုင္ရာသံအမတ္ႀကီး ေဟာင္းလည္းျဖစ္ New Mexico ျပည္နယ္အုပ္ခ်ဳပ္ေရးမႈးေဟာင္းလည္းျဖစ္တဲ့ Bill Richardson ဟာ ျမန္မာႏိုင္ငံကိုေရာက္ရွိေနပါတယ္။ အာဏာသိမ္းစစ္ေကာင္စီ ဥကၠဌ ဗိုလ္ခ်ဳပ္မႈးႀကီးမင္းေအာင္လႈိင္နဲ႔ လည္းေတြဆုံဖို႔ရွိေနပါတယ္။ Bill Richardson ကေတာ့ သူ႔ရဲ႕ခရီးစဥ္ဟာ ပုဂၢလိကခရီးစဥ္ျဖစ္ တယ္လို႔ ေျပာဆိုထားပါတယ္။ ကိုဗစ္ ၁၉ အတြက္အကူအညီအပါအဝင္ လူသားခ်င္းစာနာေထာက္ ထားမႈဆိုင္ရာ ကိစၥေတြအတြက္လို႔ေျပာဆိုထားပါတယ္။
သူ႔ရဲ႕ခရီးစဥ္နဲ႔ပတ္သက္ၿပီး NUG အစိုးရရဲ့ အာဆီယံဆုိင္ရာ သံအမတ္ႀကီး ဦးဘုိလွတင့္ နဲ့ ျမန္မာ့အေရး ခ်င္းျပည္အေရးေတြေဆာင္ရြက္ေနတဲ့ The Pastor Fellowship USA ရဲ႕တြဲဘက္ အတြင္းေရးမႈး ဆလိုင္း ဟင္နရီ ဘန္က်ဲလ်ံ တို႔ကို ကုိေဇာ္မုိးေက်ာ္က ဆက္သြယ္ေမးျမန္းထား ပါတယ္။
ကုိေဇာ္မုိးေက်ာ္။ ။ အေမရိကန္ျပည္ေထာင္စုရဲ့ထင္ရွားတဲ့ႏုိင္ငံေရးသမားတဦးျဖစ္တဲ့ Bill Richardson ျမန္မာျပည္ကုိသြား တယ္လုိ့သိရပါတယ္။ သူ့ရဲ့ခရီးစဥ္ဟာ သူ့အေနနဲ့ ဒါမွမဟုတ္ အေမရိကန္အေနနဲ့ေပါ့ေလ ၾကား၀င္ေစ့ စပ္ညွိႏုိင္းမွုမ်ိဳး ျဖစ္လာဖုိ့အတြက္ႀကိဳးပမ္းတဲ့အစလုိ့ထင္ပါသလားခင္ဗ်။
ဦးဘုိလွတင့္။ ။ သူကုိယ္တုိင္ထုတ္ျပန္ေၾကျငာခ်က္မွာလည္း သူ့ရဲ့ Private visit (ပုဂၢလိကခရီးစဥ္) သြားတဲ့ Trip (ခရီး) ဘဲျဖစ္တယ္။ ဒီ Trip ရဲ့ရည္ရြယ္ခ်က္ကလည္းဘဲ၊ ကုိဗစ္ ၁၉ နဲ့ပတ္သက္လုိ့၊ က်ေနာ္တုိ့၊ ကာ ကြယ္ေဆးေတြ၊ ကုသႏုိင္တဲ့တျခားေဆး၀ါးေတြတခ်ိန္ထဲမွာ လူသားျခင္းစာနာေထာက္ထားမွုဆုိင္ရာ အကူအညီျဖန့္ျဖူးမွုကိစၥေတြနဲ့ပတ္သက္လုိ့သြားတယ္လုိ့ေဖၚျပထားတာျဖစ္ပါတယ္။ ဒါေၾကာင့္မုိ့လုိ့ အခုဒါဟာျဖင့္တျခားအေမရိကန္ျပည္ေထာင္စုကပါ၀င္ပတ္သက္မလား ဆုိတဲ့ေမးခြန္းကေတာ့ ဘယ္လုိမွဒီကိစၥနဲ့ပတ္သက္ၿပီးေတာ့ Comment (မွတ္ခ်က္) ေပးလုိ့မရပါဘူးခင္ဗ်။
ကုိေဇာ္မုိးေက်ာ္။ ။ အခုလုိအခ်ိန္မ်ိဳးဟာ အေမရိကန္ရဲ့ဆီးနိတ္လႊတ္ေတာ္အမတ္ေဟာင္းလည္းျဖစ္၊ ၀န္ႀကီးေဟာင္း လည္းျဖစ္၊ ဒီထိပ္ပုိင္းႏုိင္ငံေရးသမား၊ ထင္ရွားတဲ့ႏုိင္ငံေရးသမားတဦးဟာ အခုလုိအေျခအေနမွာ ျမန္မာႏုိင္ငံကုိသြားေရာက္တယ္ဆုိေတာ့ ဘယ္လုိထင္ပါသလဲ၊ သင့္ေတာ္ရဲ့လား၊ ဘယ္လုိအေန အထားမ်ိဳးရွိတယ္ထင္ပါသလဲခင္ဗ်။
ဦးဘုိလွတင့္။ ။ ဒါကေတာ့အင္မတန္မွ၊ ဟုိ က်ေနာ္တုိ့အေနနဲ့အေတာ္ေတာ္ေလးစုိးရိမ္မကင္း ျဖစ္တဲ့အေနအထား မွာရွိပါတယ္။ ဘာေၾကာင့္လည္းဆုိေတာ့ က်ေနာ္တုိ့ ႏုိင္ငံတကာတုိအိမ္နီးျခင္းႏုိင္ငံတုိ့နဲ့ အေမရိကန္ ျပည္ေထာင္စုအပါအ၀င္ ကုသမဂၢအဆုံးေပါ့ေနာ္၊ ျမန္မာႏုိင္ငံရဲ့ပကတိအေျခအေနမွာလူသားျခင္းစာနာ ေထာက္ထားမွုကိစၥေတြဘဲျဖစ္ျဖစ္၊ က်ေနာ္တုိ့ႏုိင္ငံေရး ပဋိပကၡေတြကုိ ၾကား၀င္ေစ့စပ္ေဆာင္ရြက္ေပး ခ်င္တာဘဲျဖစ္ျဖစ္၊ ဒီလက္ရွိတရားမ၀င္ စစ္အာဏာသိမ္း စစ္ေကာင္စီကုိ သူတုိ့ကုိတရား၀င္အသိ အမွတ္ျပုတဲ့ ပုံစံမ်ိဳးေတြသက္ေရာက္သြားမယ့္ အေနအထားမ်ိဳးကုိ က်ေနာ္တုိ့လုံး၀မလုိလားပါဘူး။
ကုိေဇာ္မုိးေက်ာ္။ ။ အခုအခ်ိန္အမွာအထီးက်န္ျဖစ္ေနတဲ့ ဒီ စစ္အစုိးရကုိအသိအမွတ္ျပုသလုိျဖစ္သြားသလား၊ စစ္အစိုးရ အတြက္ေတာ့ေကာင္းတဲ့ကိစၥတခုျဖစ္သြားတယ္လုိ့ထင္ပါသလား၊ ဘယ္လုိထင္ပါသလဲခင္ဗ်။
ဦးဘုိလွတင့္။ ။ဒီေန့အခ်ိန္မွာဆုိခဲ့လုိ့ရွိရင္ေတာ့ ဒီ စစ္ေကာင္စီဟာ ရတဲ့နည္းေတြနဲ့၊ ဟုိအၿမဲတမ္းလွည့္စားဖုိ့ႀကိဳးစား ေလ့ရွိပါတယ္။ ဘာျဖစ္လုိ့ အာဆီယံကုိယ္စားလွယ္ေတြနဲ့ ကုိယ့္ေဒသဆုိင္ရာအဖဲြ့အစည္းထဲမွာ ဗုိလ္ခ်ဳပ္မွုးႀကီးမင္းေအာင္လွုိင္ကုိယ္တုိင္ ဧၿပီလ ၂၅ ရက္ေန့မွာ ကတိေပးထားခ်က္ေတြကုိေတာ့ မလုိက္နာဘဲ ဘာေၾကာင့္မုိ့ Bill Richardson ရဲ့ခရီးစဥ္ကုိမွလက္ခံလည္းဆုိတာက်ေနာ္တုိ့ျပန္ၿပီးေမး ခြန္းထုတ္ရမယ့္ ကိစၥျဖစ္ပါတယ္ခင္ဗ်။
ကုိေဇာ္မုိးေက်ာ္။ ။ေနာက္ဒီ Bill Richardson ရဲ့ ခရီးစဥ္ဟာ သူကေတာ့ေျပာတာကေတာ့၊ ဒါကေတာ့ သူ့ရဲ့ပုဂၢလိက ခရီးစဥ္လုိ့ေျပာပါတယ္။ ဒါေပမယ့္ျဖစ္ႏုိင္ပါ့မလားခင္ဗ်။ ဒီ လူသားခ်င္းစာနာမွုအေထာက္အကူ ဆုိတာမ်ိဳးေတြကလည္း ႏုိင္ငံကတာအဖဲြ့အစည္းေတြ အေမရိကန္ျပည္ေထာင္စုအစိုးရ ဒါမွမဟုတ္ ကုလသမဂၢ စသည္ျဖင့္ ဒီလုိလုပ္ရတဲ့ လုပ္ရတဲ့အေနအထားမ်ိဳးေတြရွိပါတယ္။ ဒါကုိသူကကုိယ္စားျပု ၿပီးသြားေရာက္ေဆြးေႏြးေပးတာလားေပါ့ေနာ္။ ဒါေၾကာင့္ဒါဟာ သူ့ရဲ့ ပုဂၢလိက ခရီးစဥ္လုိ့ေျပာတယ္ ဆုိေပမယ့္၊ ဟုတ္လား ျဖစ္ႏုိင္ပါ့မလားေပါ့ေနာ္၊ ဘာျဖစ္လုိ့လဲဆုိေတာ့တခ်ိန္တုန္းက ဒီေဒၚေအာင္ဆန္းစုၾကည္ အက်ယ္ခ်ဳပ္ေနအိမ္အက်ယ္ခ်ဳပ္ ေနအိမ္အက်ယ္ခ်ဳပ္က်ေနတဲ့ကာက လတုန္းက ဒီ ဆီနိတ္တာ ဂ်င္ ၀က္ (Jim Web) တုိ့ ျမန္မာျပည္ကုိလာခဲ့တာမ်ိဳးေတြရွိတယ္၊ ၾကားကေန၀င္ေရာက္ေစ့စ့ပ္ေဆြးေႏြး ေပးခဲ့တာမ်ိဳးေတြရွိခဲ့ဖူးပါတယ္။ အခုလည္း ဒီလုိကိစၥေတြကုိဦး တည္တယ္လုိ့ထင္ပါသလားခင္ဗ်၊ ျဖစ္ႏုိင္တယ္လုိ့ထင္ပါသလားခင္ဗ်။
ဦးဘုိလွတင့္။ ။ အဲဒါကေတာ့ ေျပာဖုိ့အင္မတန္မွာေစာေသးတယ္လုိဘဲ က်ေနာ္တုိ့ေျပာၾကရမွာပါ။ ဒီခရီးစဥ္ဟာ သူေျပာတဲ့အတုိင္း၊ သူ့ေၾကျငာခ်က္အတုိင္းေျပာေနတာျဖစ္ပါတယ္။ သူ့ရဲ့ထုတ္ျပန္ေၾကျငာခ်က္မွာ ဒါဟာသူ့ရဲ့ private ခရီးစဥ္ျဖစ္တယ္။ လူသားျခင္းစာနာေထာက္ထားမွုဆုိင္ရာ ဆုိတဲ့ကိစၥမ်ိဳး က်ေနာ္တုိ့ ထုတ္ျပန္ေၾကျငာထားတာေတြ့ရပါတယ္
ဒါကေတာ့ NUG အစိုးရရဲ့ အာဆီယံဆုိင္ရာသံအမတ္ႀကီး ဦးဘုိလွတင့္ကုိေမးျမန္းခဲ့တာျဖစ္ပါတယ္။ ေနာက္ၿပီးေတာ့ ဒီ Bill Richardson ရဲ့ ခရီးစဥ္နဲ့ပတ္သက္ၿပီးေတာ့ ျမန္မာျပည္နဲ့ခ်င္းျပည္အေရးေတြ ကုိေဆာင္ရြက္ေနတဲ့ The Pastor Fellowship USA ရဲ့ တဲြဘက္အတြင္းေရးမွုျဖစ္တဲ့ ဆလုိင္း ဟင္နရီ ဘန္က်ဲလ်ံ ကုိလည္းေမးၾကည့္ပါတယ္။
ကိုေဇာ္မိုးေက်ာ္။ ။ အခုဒီ အေမရိကန္ဆီးနိတ္အမတ္ေဟာင္းေပါ့ Bill Richardson ရဲ့ ခရီးစဥ္နဲ့ပတ္သက္ၿပီးေတာ့ ဘယ္လုိထင္ပါသလဲခင္ဗ်။
ဆလုိင္း ဟင္နရီ ဘန္က်ဲလ်ံ။ ။ က်ေနာ္တုိ့အေနနဲ့ကေတာ့ ႀကိဳဆုိရမွာျဖစ္ပါတယ္။ ဒါေပမယ့္ မင္းေအာင္လွုိင္နဲ့ သူ့ရဲ့အစုိးရနဲ့ ဘဲေတြ့တာ မဟုတ္ဘဲနဲ့၊ က်ေနာ္တု့ိခ်င္းျပည္နယ္မွာလည္းဘဲ တကယ္ဘဲ က်ေနာ္တုိ့ အဲလုိသူသား ျခင္းစာနာေထာက္ထားတဲ့ အကူအညီေတြလုိအပ္ေနပါတယ္။ အဲလုိ တကယ္လုိအပ္ေနတဲ့ေနရာေတြ ကုိသြားဖုိ့ သြားေရာက္ဖုိ့ရန္က်ေနာ္တုိ့ကေတာင္းဆုိရမွာျဖစ္ပါတယ္။
ကုိေဇာ္မုိးေက်ာ္။ ။ အခုလုိ ထင္ရွားတဲ့အေမရိကန္ ႏုိင္ငံေရးသမားတဦးကအခုလုိအခ်ိန္မွာ ျမန္မာျပည္ကုိသြားေရာက္တာ ဟာ အာဏာသိမ္းစစ္ေကာင္စီကုိ အာဏာသိမ္းစစ္ေကာင္စီကုိ အသိအမွတ္ျပုသြားသ လုိမ်ားျဖစ္ သလား၊ ဘယ္လုိထင္ပါသလဲခင္ဗ်။
ဆလုိင္း ဟင္နရီ ဘန္က်ဲလ်ံ။ ။ တဘက္ေနေျပာရရင္ေတာ့ က်ေနာ္တုိ့စစ္အရကုိ အသိအမွတ္ျပုသလုိျဖစ္သြားသလုိျဖစ္သြားတယ္လို့ က်ေနာ္ထင္ပါတယ္။ တကယ္တမ္းေျပာရရင္ေတာ့ အခုအခ်ိန္မွာက်ေနာ္တုိ့ စစ္အစိုးရနဲ့ တုိက္ရုိက္ မဆက္သြယ္ဘဲနဲ့ က်ေနာ္တုိ့ NUG အစုိးရနဲဘဲျဖစ္ျဖစ္၊ က်န္တဲ့က်ေနာ္တုိ့ တုိင္းရင္းသားအဖဲြ့ေတြနဲ့ ဘဲျဖစ္ျဖစ္ ဆက္သြယ္ၿပီးေတာ့ျပုလုပ္သင့္တယ္လုိ့ဘဲ ထင္ပါတယ္။ ဒါေပမယ့္ ႏုိင္ငံတႏုိင္ငံရဲ့ သူတုိ့ policy (မူ၀ါဒ) ျခင္းမတူတဲ့အခါမွာ က်ေနာ္တုိ့ဖက္ကေနေတာ့ အဲ့လုိတုိက္ရုိက္ ေ၀ဖန္ေျပာဆုိလုိ့ မရဘူးလုိ့ထင္ပါတယ္။
NUG အစိုးရရဲ့ အာဆီယံဆုိင္ရာ သံအမတ္ႀကီး ဦးဘုိလွတင့္ နဲ့ ျမန္မာ့အေရး ခ်င္းျပည္အေရးေတြေဆာင္ရြက္ေနတဲ့ The Pastor Fellowship USA ရဲ႕တြဲဘက္ အတြင္းေရးမႈး ဆလိုင္း ဟင္နရီ ဘန္က်ဲလ်ံ တို႔ကို ကုိေဇာ္မုိးေက်ာ္က ဆက္သြယ္ေမးျမန္းခဲ့တာပါ။
-------------------------------------------------------
Bill Richardson ရဲ့မြန်မာခရီးစဉ် အပေါ် မြန်မာ့အရေး သုံးသပ်သူတချို့အမြင်
အမေရိကန် ဆီးနိတ်လွှတ်တော်အမတ်ဟောင်းလည်းဖြစ်၊ ကုလသမဂ္ဂဆိုင်ရာသံအမတ်ကြီး ဟောင်းလည်းဖြစ် New Mexico ပြည်နယ်အုပ်ချုပ်ရေးမှုးဟောင်းလည်းဖြစ်တဲ့ Bill Richardson ဟာ မြန်မာနိုင်ငံကိုရောက်ရှိနေပါတယ်။ အာဏာသိမ်းစစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်နဲ့ လည်းတွေဆုံဖို့ရှိနေပါတယ်။ Bill Richardson ကတော့ သူ့ရဲ့ခရီးစဉ်ဟာ ပုဂ္ဂလိကခရီးစဉ်ဖြစ် တယ်လို့ ပြောဆိုထားပါတယ်။ ကိုဗစ် ၁၉ အတွက်အကူအညီအပါအဝင် လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ ကိစ္စတွေအတွက်လို့ပြောဆိုထားပါတယ်။
သူ့ရဲ့ခရီးစဉ်နဲ့ပတ်သက်ပြီး NUG အစိုးရရဲ့ အာဆီယံဆိုင်ရာ သံအမတ်ကြီး ဦးဘိုလှတင့် နဲ့ မြန်မာ့အရေး ချင်းပြည်အရေးတွေဆောင်ရွက်နေတဲ့ The Pastor Fellowship USA ရဲ့တွဲဘက် အတွင်းရေးမှုး ဆလိုင်း ဟင်နရီ ဘန်ကျဲလျံ တို့ကို ကိုဇော်မိုးကျော်က ဆက်သွယ်မေးမြန်းထား ပါတယ်။
ကိုဇော်မိုးကျော်။ ။ အမေရိကန်ပြည်ထောင်စုရဲ့ထင်ရှားတဲ့နိုင်ငံရေးသမားတဦးဖြစ်တဲ့ Bill Richardson မြန်မာပြည်ကိုသွား တယ်လို့သိရပါတယ်။ သူ့ရဲ့ခရီးစဉ်ဟာ သူ့အနေနဲ့ ဒါမှမဟုတ် အမေရိကန်အနေနဲ့ပေါ့လေ ကြားဝင်စေ့ စပ်ညှိနိုင်းမှုမျိုး ဖြစ်လာဖို့အတွက်ကြိုးပမ်းတဲ့အစလို့ထင်ပါသလားခင်ဗျ။
ဦးဘိုလှတင့်။ ။ သူကိုယ်တိုင်ထုတ်ပြန်ကြေငြာချက်မှာလည်း သူ့ရဲ့ Private visit (ပုဂ္ဂလိကခရီးစဉ်) သွားတဲ့ Trip (ခရီး) ဘဲဖြစ်တယ်။ ဒီ Trip ရဲ့ရည်ရွယ်ချက်ကလည်းဘဲ၊ ကိုဗစ် ၁၉ နဲ့ပတ်သက်လို့၊ ကျနော်တို့၊ ကာ ကွယ်ဆေးတွေ၊ ကုသနိုင်တဲ့တခြားဆေးဝါးတွေတချိန်ထဲမှာ လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီဖြန့်ဖြူးမှုကိစ္စတွေနဲ့ပတ်သက်လို့သွားတယ်လို့ဖေါ်ပြထားတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အခုဒါဟာဖြင့်တခြားအမေရိကန်ပြည်ထောင်စုကပါဝင်ပတ်သက်မလား ဆိုတဲ့မေးခွန်းကတော့ ဘယ်လိုမှဒီကိစ္စနဲ့ပတ်သက်ပြီးတော့ Comment (မှတ်ချက်) ပေးလို့မရပါဘူးခင်ဗျ။
ကိုဇော်မိုးကျော်။ ။ အခုလိုအချိန်မျိုးဟာ အမေရိကန်ရဲ့ဆီးနိတ်လွှတ်တော်အမတ်ဟောင်းလည်းဖြစ်၊ ဝန်ကြီးဟောင်း လည်းဖြစ်၊ ဒီထိပ်ပိုင်းနိုင်ငံရေးသမား၊ ထင်ရှားတဲ့နိုင်ငံရေးသမားတဦးဟာ အခုလိုအခြေအနေမှာ မြန်မာနိုင်ငံကိုသွားရောက်တယ်ဆိုတော့ ဘယ်လိုထင်ပါသလဲ၊ သင့်တော်ရဲ့လား၊ ဘယ်လိုအနေ အထားမျိုးရှိတယ်ထင်ပါသလဲခင်ဗျ။
ဦးဘိုလှတင့်။ ။ ဒါကတော့အင်မတန်မှ၊ ဟို ကျနော်တို့အနေနဲ့အတော်တော်လေးစိုးရိမ်မကင်း ဖြစ်တဲ့အနေအထား မှာရှိပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကျနော်တို့ နိုင်ငံတကာတိုအိမ်နီးခြင်းနိုင်ငံတို့နဲ့ အမေရိကန် ပြည်ထောင်စုအပါအဝင် ကုသမဂ္ဂအဆုံးပေါ့နော်၊ မြန်မာနိုင်ငံရဲ့ပကတိအခြေအနေမှာလူသားခြင်းစာနာ ထောက်ထားမှုကိစ္စတွေဘဲဖြစ်ဖြစ်၊ ကျနော်တို့နိုင်ငံရေး ပဋိပက္ခတွေကို ကြားဝင်စေ့စပ်ဆောင်ရွက်ပေး ချင်တာဘဲဖြစ်ဖြစ်၊ ဒီလက်ရှိတရားမဝင် စစ်အာဏာသိမ်း စစ်ကောင်စီကို သူတို့ကိုတရားဝင်အသိ အမှတ်ပြုတဲ့ ပုံစံမျိုးတွေသက်ရောက်သွားမယ့် အနေအထားမျိုးကို ကျနော်တို့လုံးဝမလိုလားပါဘူး။
ကိုဇော်မိုးကျော်။ ။ အခုအချိန်အမှာအထီးကျန်ဖြစ်နေတဲ့ ဒီ စစ်အစိုးရကိုအသိအမှတ်ပြုသလိုဖြစ်သွားသလား၊ စစ်အစိုးရ အတွက်တော့ကောင်းတဲ့ကိစ္စတခုဖြစ်သွားတယ်လို့ထင်ပါသလား၊ ဘယ်လိုထင်ပါသလဲခင်ဗျ။
ဦးဘိုလှတင့်။ ။ဒီနေ့အချိန်မှာဆိုခဲ့လို့ရှိရင်တော့ ဒီ စစ်ကောင်စီဟာ ရတဲ့နည်းတွေနဲ့၊ ဟိုအမြဲတမ်းလှည့်စားဖို့ကြိုးစား လေ့ရှိပါတယ်။ ဘာဖြစ်လို့ အာဆီယံကိုယ်စားလှယ်တွေနဲ့ ကိုယ့်ဒေသဆိုင်ရာအဖွဲ့အစည်းထဲမှာ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ကိုယ်တိုင် ဧပြီလ ၂၅ ရက်နေ့မှာ ကတိပေးထားချက်တွေကိုတော့ မလိုက်နာဘဲ ဘာကြောင့်မို့ Bill Richardson ရဲ့ခရီးစဉ်ကိုမှလက်ခံလည်းဆိုတာကျနော်တို့ပြန်ပြီးမေး ခွန်းထုတ်ရမယ့် ကိစ္စဖြစ်ပါတယ်ခင်ဗျ။
ကိုဇော်မိုးကျော်။ ။နောက်ဒီ Bill Richardson ရဲ့ ခရီးစဉ်ဟာ သူကတော့ပြောတာကတော့၊ ဒါကတော့ သူ့ရဲ့ပုဂ္ဂလိက ခရီးစဉ်လို့ပြောပါတယ်။ ဒါပေမယ့်ဖြစ်နိုင်ပါ့မလားခင်ဗျ။ ဒီ လူသားချင်းစာနာမှုအထောက်အကူ ဆိုတာမျိုးတွေကလည်း နိုင်ငံကတာအဖွဲ့အစည်းတွေ အမေရိကန်ပြည်ထောင်စုအစိုးရ ဒါမှမဟုတ် ကုလသမဂ္ဂ စသည်ဖြင့် ဒီလိုလုပ်ရတဲ့ လုပ်ရတဲ့အနေအထားမျိုးတွေရှိပါတယ်။ ဒါကိုသူကကိုယ်စားပြု ပြီးသွားရောက်ဆွေးနွေးပေးတာလားပေါ့နော်။ ဒါကြောင့်ဒါဟာ သူ့ရဲ့ ပုဂ္ဂလိက ခရီးစဉ်လို့ပြောတယ် ဆိုပေမယ့်၊ ဟုတ်လား ဖြစ်နိုင်ပါ့မလားပေါ့နော်၊ ဘာဖြစ်လို့လဲဆိုတော့တချိန်တုန်းက ဒီဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်နေအိမ်အကျယ်ချုပ် နေအိမ်အကျယ်ချုပ်ကျနေတဲ့ကာက လတုန်းက ဒီ ဆီနိတ်တာ ဂျင် ဝက် (Jim Web) တို့ မြန်မာပြည်ကိုလာခဲ့တာမျိုးတွေရှိတယ်၊ ကြားကနေဝင်ရောက်စေ့စ့ပ်ဆွေးနွေး ပေးခဲ့တာမျိုးတွေရှိခဲ့ဖူးပါတယ်။ အခုလည်း ဒီလိုကိစ္စတွေကိုဦး တည်တယ်လို့ထင်ပါသလားခင်ဗျ၊ ဖြစ်နိုင်တယ်လို့ထင်ပါသလားခင်ဗျ။
ဦးဘိုလှတင့်။ ။ အဲဒါကတော့ ပြောဖို့အင်မတန်မှာစောသေးတယ်လိုဘဲ ကျနော်တို့ပြောကြရမှာပါ။ ဒီခရီးစဉ်ဟာ သူပြောတဲ့အတိုင်း၊ သူ့ကြေငြာချက်အတိုင်းပြောနေတာဖြစ်ပါတယ်။ သူ့ရဲ့ထုတ်ပြန်ကြေငြာချက်မှာ ဒါဟာသူ့ရဲ့ private ခရီးစဉ်ဖြစ်တယ်။ လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာ ဆိုတဲ့ကိစ္စမျိုး ကျနော်တို့ ထုတ်ပြန်ကြေငြာထားတာတွေ့ရပါတယ်
ဒါကတော့ NUG အစိုးရရဲ့ အာဆီယံဆိုင်ရာသံအမတ်ကြီး ဦးဘိုလှတင့်ကိုမေးမြန်းခဲ့တာဖြစ်ပါတယ်။ နောက်ပြီးတော့ ဒီ Bill Richardson ရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီးတော့ မြန်မာပြည်နဲ့ချင်းပြည်အရေးတွေ ကိုဆောင်ရွက်နေတဲ့ The Pastor Fellowship USA ရဲ့ တွဲဘက်အတွင်းရေးမှုဖြစ်တဲ့ ဆလိုင်း ဟင်နရီ ဘန်ကျဲလျံ ကိုလည်းမေးကြည့်ပါတယ်။
ကိုဇော်မိုးကျော်။ ။ အခုဒီ အမေရိကန်ဆီးနိတ်အမတ်ဟောင်းပေါ့ Bill Richardson ရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီးတော့ ဘယ်လိုထင်ပါသလဲခင်ဗျ။
ဆလိုင်း ဟင်နရီ ဘန်ကျဲလျံ။ ။ ကျနော်တို့အနေနဲ့ကတော့ ကြိုဆိုရမှာဖြစ်ပါတယ်။ ဒါပေမယ့် မင်းအောင်လှိုင်နဲ့ သူ့ရဲ့အစိုးရနဲ့ ဘဲတွေ့တာ မဟုတ်ဘဲနဲ့၊ ကျနော်တု့ိချင်းပြည်နယ်မှာလည်းဘဲ တကယ်ဘဲ ကျနော်တို့ အဲလိုသူသား ခြင်းစာနာထောက်ထားတဲ့ အကူအညီတွေလိုအပ်နေပါတယ်။ အဲလို တကယ်လိုအပ်နေတဲ့နေရာတွေ ကိုသွားဖို့ သွားရောက်ဖို့ရန်ကျနော်တို့ကတောင်းဆိုရမှာဖြစ်ပါတယ်။
ကိုဇော်မိုးကျော်။ ။ အခုလို ထင်ရှားတဲ့အမေရိကန် နိုင်ငံရေးသမားတဦးကအခုလိုအချိန်မှာ မြန်မာပြည်ကိုသွားရောက်တာ ဟာ အာဏာသိမ်းစစ်ကောင်စီကို အာဏာသိမ်းစစ်ကောင်စီကို အသိအမှတ်ပြုသွားသ လိုများဖြစ် သလား၊ ဘယ်လိုထင်ပါသလဲခင်ဗျ။
ဆလိုင်း ဟင်နရီ ဘန်ကျဲလျံ။ ။ တဘက်နေပြောရရင်တော့ ကျနော်တို့စစ်အရကို အသိအမှတ်ပြုသလိုဖြစ်သွားသလိုဖြစ်သွားတယ်လို့ ကျနော်ထင်ပါတယ်။ တကယ်တမ်းပြောရရင်တော့ အခုအချိန်မှာကျနော်တို့ စစ်အစိုးရနဲ့ တိုက်ရိုက် မဆက်သွယ်ဘဲနဲ့ ကျနော်တို့ NUG အစိုးရနဲဘဲဖြစ်ဖြစ်၊ ကျန်တဲ့ကျနော်တို့ တိုင်းရင်းသားအဖွဲ့တွေနဲ့ ဘဲဖြစ်ဖြစ် ဆက်သွယ်ပြီးတော့ပြုလုပ်သင့်တယ်လို့ဘဲ ထင်ပါတယ်။ ဒါပေမယ့် နိုင်ငံတနိုင်ငံရဲ့ သူတို့ policy (မူဝါဒ) ခြင်းမတူတဲ့အခါမှာ ကျနော်တို့ဖက်ကနေတော့ အဲ့လိုတိုက်ရိုက် ဝေဖန်ပြောဆိုလို့ မရဘူးလို့ထင်ပါတယ်။
NUG အစိုးရရဲ့ အာဆီယံဆိုင်ရာ သံအမတ်ကြီး ဦးဘိုလှတင့် နဲ့ မြန်မာ့အရေး ချင်းပြည်အရေးတွေဆောင်ရွက်နေတဲ့ The Pastor Fellowship USA ရဲ့တွဲဘက် အတွင်းရေးမှုး ဆလိုင်း ဟင်နရီ ဘန်ကျဲလျံ တို့ကို ကိုဇော်မိုးကျော်က ဆက်သွယ်မေးမြန်းခဲ့တာပါ။