သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဋိပက္ခဒေသ မြန်မာတိုင်းရင်းသားဒုက္ခသည်များ အကူအညီမလုံလောက်


ကရင်ဒုက္ခသည်များ
ကရင်ဒုက္ခသည်များ

မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူတွေ ပိုများလာနေချိန်မှာပဲ၊ လိုအပ်တဲ့ အကူအညီ အထောက်အပံ့တွေ ပေးပို့နိုင်ရေး အာဏာပိုင်တွေက ကန့်သတ်မှုတွေ ရှိနေတယ်လို့ အကူအညီပေးရေး အဖွဲ့အစည်းတွေက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလထဲတုန်းက ကရင်ပြည်နယ်တွင်းမှာ ကြုံခဲ့ရတဲ့ ပဋိပက္ခတွေအတွင်း ထွက်ပြေးကြရတဲ့ ကရင်တိုင်းရင်းသား အများစုဖြစ်တဲ့ စစ်ပြေးဒုက္ခသည် ၅၅၀၀ ကျော်ဟာ ဆိုရင်လည်း မြိုင်ကြီးငူဒေသမှာ အကူအညီ အလုံအလောက်မရပဲ နေထိုင်နေကြရသလို၊ လှိုင်းဘွဲ့မြို့နယ်တွင်းက ဒုက္ခသည်တွေအတွက် နိုင်ငံတကာ အဖွဲ့အစည်းတွေက အကူအညီပေးမယ့် အစီအစဉ်တွေကိုလည်း အာဏာပိုင်တွေ ဟန့်တားခဲ့ကြတာပါ။

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ပြောခွင့်ရသူ Arsen Sahakyan က အစားအသောက်ပေး ပို့မယ့် အစီအစဉ်ကို အစိုးရတာဝန်ရှိသူတွေက ခွင့်မပြုပဲ တားမြစ် ခံခဲ့ရကြောင်း ပြောဆိုခဲ့သလို၊ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလထဲမှာ ကလေးတွေအတွက် အဟာရဓာတ်များတဲ့ ဘစ်စကစ်တွေကို အကန့်အသတ် နဲ့ ပေးနိုင်ခဲ့တာဟာ နောက်ဆုံးပဲ လို့လည်း ပြောပါတယ်။ နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီတွေ အနေ နဲ့ မြန်မာနိုင်ငံတွင်းက မြို့နယ်ပေါင်း ၂၁ မြို့နယ်မှာ ကန့်သတ်မှုတွေနဲ့ ရင်ဆိုင်နေရကြောင်းလည်း လူသားချင်း စာနာမှုဆိုင်ရာ ကုလသမဂ္ဂ ညှိနှိုင်းဆောင်ရွက်ရေးမှူးရုံး (UNOCHA) က ပြောပါတယ်။

လူသားချင်းစာနာမှု အကူအညီတွေကို မှီခိုအားထားနေရတဲ့ သူတွေထံ လက်လှမ်းမမှီနိုင်ပဲ ဖြစ်နေရတဲ့ အခြေအနေတွေဟာ ပိုဆိုးလာနေတယ်လို့လည်း UNOCHA ရဲ့ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ Pierre Péron ကပြောပါတယ်။ ကုလသမဂ္ဂရဲ့ ကိန်းဂဏန်းတွေအရ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစလို့ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာ အိုးအိမ်စွန့်ခွာကြရတဲ့ ဒေသခံပေါင်း ၁၃၈,၀၀၀ ကျော် ရှိခဲ့ပြီး၊ ဒီအထဲက ၂၁,၀၀၀ သာ နေရပ်ပြန်နိုင်ကြောင်း လည်း ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ကိုးကန့်ဒေသက လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အရပ်သား ၂ သောင်းကျော်ဟာလည်း နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။

ပဋိပက္ခဒေသ မြန်မာတိုင်းရင်းသားဒုက္ခသည်များ အကူအညီမလုံလောက်
please wait

No media source currently available

0:00 0:01:28 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG