သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Republican ပါတီ ညီလာခံ ဒုတိယနေ့ စီးပွားရေး အဓိကထား ဆွေးနွေးမည်

Republican ပါတီ ညီလာခံ
Republican ပါတီ ညီလာခံ

ရီပါဘလီကန်ပါတီရဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံ ဒုတိယမြောက်နေ့ဖြစ်တဲ့ ဒီကနေ့မှာတော့ စီးပွားရေးဆိုင်ရာ အကြောင်းအရာတွေကို အဓိကထား ဆွေးနွေးကြဖို့ရှိနေပါတယ်။

ညီလာခံပထမနေ့တုန်းကတော့ ရီပါဘလီကန်သမ္မတလောင်း ဖြစ်လာဖို့ သေချာနေ တဲ့ Donald Trump ရဲ့ဇနီးဖြစ်သူက သူမရဲ့ခင်ပွန်းဟာ ထူးခြားထက်မြက်တဲ့ ခေါင်းဆောင် တယောက်ဖြစ်ပြီး အမေရိကန်ပြည်ထောင်စု အတွက် အပြောင်းအလဲတွေ ဖော်ဆောင်ပေးနိုင်မယ့် တဦးတည်းသောပုဂ္ဂိုလ် ဖြစ်တယ်လို့ ပြောဆိုသွားပါတယ်။

“ရှင်တို့အတွက်၊ တိုင်းပြည်အတွက် တိုက်ပွဲဝင်ပေးမယ့်သူတဦး အလိုရှိတယ်ဆိုရင်တော့ အဲဒီသူဟာ Trump ပဲ ဆိုတာကို ကျမ အာမခံတယ်။” - လို့ ဆိုပြီး Trump ရဲ့ဇနီး Melania Trump က မနေ့က ညီလာခံမိန့်ခွန်းမှာ ပြောသွားခဲ့တာပါ။

ဆလိုဗေးနီးယားနိုင်ငံမှာ မွေးဖွားပြီး အမေရိကန်ပြည်ထောင်စု ကို ပြောင်းရွှေ့နေထိုင် လာသူတဦးဖြစ်တဲ့ Melania Trump က သူမရဲ့ ဘဝအကြောင်း တချို့ကိုလည်း မိန့်ခွန်းထဲမှာ ထည့်ပြောသွားပါတယ်။ဒါပေမဲ့ သူ့ရဲ့မိန့်ခွန်းဟာ ၂၀၀၈ ခုနှစ်က ဒီမိုကရက်တစ်ပါတီ နိုင်ငံလုံးဆိုင်ရာညီလာခံမှာ Michelle Obama ပြောသွားခဲ့တဲ့ မိန့်ခွန်းထဲက ပြောဆိုချက်တချို့နဲ့ သွားတူနေတာကို သတင်းထောက်တွေက သတိပြုမိခဲ့ပြီးတဲ့နောက်မှာတော့ ပုံတူကူးချထားတဲ့ မိန့်ခွန်းလား ဆိုပြီး မေးခွန်းထုတ် ခံနေရပါတယ်။

Ohio ပြည်နယ် Cleveland မြို့မှာ ကျင်းပနေတဲ့ ဒီကနေ့ ဒုတိယမြောက်နေ့ ရီပါဘလီကန် ပါတီညီလာခံမှာ စကားပြောကြမယ့် ပုဂ္ဂိုလ်တွေ ထဲမှာတော့ အောက်လွှတ်တော် ဥက္ကဋ္ဌ Paul Ryan နဲ့ သမ္မတလောင်း ဖြစ်ရေး ပါဝင် ယှဉ်ပြိုင်ခဲ့ကြသူတွေ ဖြစ်တဲ့ Chris Christie နဲ့ Ben Carson အပါအဝင် ပါတီရဲ့ အရေးပါဆုံး ပုဂ္ဂိုလ်တချို့ပါ ပါတယ်။

Republican ပါတီ ညီလာခံ ဒုတိယနေ့ စီးပွားရေး အဓိကထား ဆွေးနွေးမည်
please wait

No media source currently available

0:00 0:01:19 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG