သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump ကို ပါတီတွင်း ထောက်ခံမှု ပိုလျော့ပါး


ရီပတ်ဘလစ်ကန်ပါတီ သမ္မတလောင်း ဒေါ်နယ်ထရန် မိန့်ခွန်းပြောစဉ် ဆန္ဒပြသူတဦး မတ်တပ်ရပ်နေစဉ် (သြဂုတ်လ ၈ ရက် ၂၀၁၆)
ရီပတ်ဘလစ်ကန်ပါတီ သမ္မတလောင်း ဒေါ်နယ်ထရန် မိန့်ခွန်းပြောစဉ် ဆန္ဒပြသူတဦး မတ်တပ်ရပ်နေစဉ် (သြဂုတ်လ ၈ ရက် ၂၀၁၆)

ဒီသီတင်းပတ်ထဲမှာပဲ ဒုတိယအကြိမ်အဖြစ် ထင်ရှားတဲ့ ရီပတ်ဘလစ်ကန်ပါတီအုပ်စုတစုက သမ္မတလောင်း ဒေါ်နယ်ထရန့်ကို ထောက်ခံမှာ မဟုတ်ကြောင်း ပြောဆိုလိုက်ပါတယ်။

ကွန်ဂရက်လွှတ်တော်အမတ်ဟောင်းတွေ၊ သမ္မတဟောင်းတွေ ဖြစ်ကြတဲ့ ရော်နယ်ရီဂင်နဲ့ သမ္မတ ဘုရှ် ၂ ဦးစလုံးလက်ထက်က အဆင့်မြင့် ပါတီဝင်တွေ ပါဝင်တဲ့ ကိုယ်စားလှယ် ၇၀ ကျော်က ရီပတ်ဘလစ်ကန် အမျိုးသားကော်မတီဥက္ကဋ္ဌ Reince Priebus ထံ စာရေးသားပေးပို့ခဲ့ကြတာပါ။

ကော်မတီအနေနဲ့ ပါတီရဲ့ ငွေကြေး၊ အချိန်နဲ့ ဝန်ထမ်းတွေကို ထရန့်ကိုထောက်ခံတဲ့ စည်းရုံးရေး ကြော်ငြာလုပ်ငန်းတွေမှာ သုံးနေတာတွေကို ရပ်ဆိုင်းစေချင်ကြပြီး၊ အဲဒီအစား အထက်နဲ့အောက်လွှတ်တော် ကိုယ်စားလှယ်တွေအတွက် သုံးစေလိုတဲ့အကြောင်း ပြောဆိုခဲ့ကြတာပါ။ ထရန့်အနေနဲ့ နိုဝင်ဘာလ သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရနိုင်တဲ့ အခွင့်အလမ်းက တနေ့တခြား နည်းပါးလာနေပြီလို့လည်း ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းကလည်း ရီပါတ်ဘလစ်ကင်ပါတီက အထင်ကရ ပုဂ္ဂိုလ် ၅၀ က မစ္စတာ ထရန့်ကို မဲပေးမှာ မဟုတ်ကြောင်း လက်မှတ်ရေးထိုး တဲ့ စာတစောင် ထုတ်ပြန်ခဲ့ပါတယ်။ ထရန့်ဟာ သမ္မတ အရည်အချင်းမမှီရုံမက အန္တရာယ်ကြီးတဲ့ အမေရိကန် စစ်ဦးစီးချုပ်တယောက်ဖြစ်လာနိုင်သလို အမေရိကန် သမိုင်းမှာ အရမ်းကားဆုံး သမ္မတ ဖြစ်လာဖို့ရှိတယ်လို့ လည်း ပြောခဲ့ကြတာပါ။

Trump ကို ပါတီတွင်း ထောက်ခံမှု ပိုလျော့ပါး
please wait

No media source currently available

0:00 0:00:46 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG