သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဥတုရာသီ ေျပာင္းလဲမႈေၾကာင့္ ႏွင္းဖံုးေတာင္ေတြထိခိုက္မႈ ကုစားေရး သုေတသီေတြ ႀကိဳးပမ္း


NASA က ထုတ္ျပန္ခဲ့တဲ့ အႏၱာတိကတုိက္ရွိ Thwaites ေရခဲျပင္။

(Zawgyi / Unicode)

ဥတုရာသီ ေျပာင္းလဲမႈေၾကာင့္ သဘာဝ ေဘးအႏၱရာယ္ႀကီးေတြကေန ေရွာင္ရွားႏုိင္ေအာင္ အိီတလီႏုိင္ငံက သုေတသီေတြ ႀကိဳးပမ္းေနၾကပါတယ္။ Val Senales ေတာင္ၾကားထဲက Grawand ေရခဲလႊာေတြလည္း ႏွစ္စဥ္ႏွစ္တုိင္း အရည္ေပ်ာ္လာေနပါတယ္။ ႏွင္းေလွ်ာစီးသူေတြၾကား ေရပန္းစားတဲ့ ႏွင္းေလွ်ာစီး စခန္းေတြမွာလည္း ႏွင္းတုေတြနဲ႔ အစားထိုးေနရတာပါ။ ဒါတင္မက အျခားႏုိင္ငံေတြလိုပဲ ဆိုးရြားျပင္းထန္လွတဲ့ မိုးေခါင္ေရရွားမႈ၊ ေရႀကီးေရလွ်ံမႈေတြနဲ႔ ရင္ဆုိင္ရမယ့္ အလားအလာလည္း ရွိေနပါတယ္။ ဒါကို ေရွာင္ရွားႏုိင္ေအာင္ သုေတသီေတြ အားထုတ္ႀကိဳးပမ္းေနပါတယ္။ ေအပီသတင္းကို အေျခခံၿပီး နန္းေလာင္ဝ္ တင္ျပထားပါတယ္။

တခ်ိန္တုန္းကေတာ့ ႏွင္းေလွ်ာစီးစခန္းေတြမွာ ႏွင္းေတြနဲ႔ ဖုံးလႊမ္းေနတတ္ေပမယ့္ ခုခ်ိန္မွာေတာ့ ႏွင္းေတြအစား ညိဳညစ္ညစ္ ေက်ာက္ေတာင္ေစာင္းေတြကိုသာ အထင္အရွား ေတြ႔ေနရပါၿပီ။ ၾသစႀတီးယားႏုိင္ငံနဲ႔ နယ္ခ်င္းစပ္ေနတဲ့ အီတလီႏုိင္ငံ၊ Grawand ေရခဲလႊာေတြရွိရာ Val Senales ေတာင္ၾကားေဒသက ႏွင္းေလွ်ာစီးစခန္းကေတာ့ စက္တင္ဘာလမွာ ျပန္ဖြင့္ခဲ့တဲ့ တခုတည္းေသာစခန္း ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ႏွင္းအစစ္ေတြေနရာမွာ ႏွင္းအတုေတြနဲ႔ အစားထိုးထားရတာပါ။ ႏွစ္တုိင္းလိုလို ႏွင္းေတြအက်နည္းလာတာေၾကာင့္လည္း ႏွင္းအတုေတြ သုံးေနရတာပါ။ ႏွင္းေလွ်ာစီးသမားေတြ ေပ်ာ္ရႊင္မႈရွိေရး ဆိုတာထက္ ပိုၿပီး အေရးႀကီးတဲ့ျပႆနာ ရွိေနတယ္လို႔ Bolzano တကၠသိုလ္က ပညာရွင္ေတြက ေျပာပါတယ္။

Bolzano တကၠသိုလ္ ဟိုက္ဒေရာလစ္ ေဆာက္လုပ္ေရးပညာဌာန ပါေမာကၡ Maurizio Righetti က အခုလို ေျပာပါတယ္။

“ဒီက ရာသီဥတုက အပူပိုင္းေဒသက အေျခအေနလို ျဖစ္လာပါတယ္။ ေရွ႕ဆက္ ဘာျဖစ္လာမလဲဆိုတဲ့ ေမးခြန္းေတြလည္း တသီႀကီး ထြက္လာပါတယ္။ အပူခ်ိ္န္တိုးလာတာနဲ႔အမွ် ပင္လယ္ေရမ်က္ႏွာျပင္ အထက္က ေရခဲေတြ အရည္ေပ်ာ္လာပါလိမ့္မယ္။ ဒါေၾကာင့္လည္း ေရခဲလႊာေတြ အရည္ေပ်ာ္လာမယ့္ကိစၥ ေရွာင္လႊဲလို႔ မရႏိုင္ပါဘူး။ ဒီအျဖစ္အပ်က္မ်ိဳးေတြကို ျပည္တြင္းျပည္ပ သတင္းစာေတြ ႐ုပ္ျမင္သံၾကားေတြေပၚမွာ ေန႔စဥ္နဲ႔အမွ် ျမင္ေနရတာပါ။ က်ေနာ့္လုပ္ေဖာ္ကိုင္ဘက္ မိုးေလဝသပညာရွင္ အေတာ္မ်ားမ်ားကလည္း ေပ်ာက္ကြယ္လုနီးျဖစ္ေနတဲ့ ေရခဲလႊာေတြကို ကေလးေတြျမင္ဖူးေအာင္ ခုေနေခၚျပထားပါဆိုၿပီး ေျပာေနပါတယ္။ ေနာက္ထပ္ ၁၅ ႏွစ္၊ အႏွစ္ ၂၀ ေလာက္အတြင္း ေရခဲလႊာေတြ ေပ်ာက္ကြယ္သြားမယ့္ အေျခအေန ေရာက္ေနပါၿပီ။”

South Tyrol အရပ္က ေရအားလွ်ပ္စစ္စက္႐ုံ ၃၄ ခုကို စီမံခန္႔ခြဲေနတဲ့ Alperia ကုမၸဏီရဲ႕ ေထာက္ပံ့ကူညီမႈနဲ႔ ပါေမာကၡ Righetti က ေရတို ေရရွည္ ကာလအတြက္ ေရရရွိႏုိင္ေရး သုေတသန လုပ္ေနပါတယ္။ ေရအားလွ်ပ္စစ္စက္႐ုံအတြက္ လိုအပ္တဲ့ ေရအရင္းအျမစ္ကို ႀကိဳတင္ခန္႔မွန္းႏုိင္ဖို႔ သုေတသန လုပ္ေနတာျဖစ္သလို အေကာင္းဆုံး နည္းလမ္းေတြနဲ႔ စြမ္းအင္ထုတ္လုပ္ႏုိင္ေရး၊ ဝင္ေငြအမ်ားဆုံးရေရး ေလ့လာစူးစမ္းေနတာပါ။ ၂၀၁၇ ခုႏွစ္ကစၿပီး ေရခဲလႊာေတြ အရည္ေပ်ာ္ရာက စီးထြက္လာတဲ့ ေရပမာဏကို ပါေမာကၡ Righetti နဲ႔အဖြဲ႔က တုိင္းတာလာၾကပါတယ္။ ေႏြရာသီကာလတေလွ်ာက္ စုစုေပါင္း သိုေလွာင္ထားႏုိင္တဲ့ ေရပမာဏအားလုံးရဲ႕ ၄၀ ရာခုိင္ႏႈန္းေလာက္က Grawand ေရခဲျမစ္လို ေနရာကေန ျမစ္ဖ်ားခံလာတာ ျဖစ္ပါတယ္။

“ေဆာင္းရာသီကာလတေလွ်ာက္ စုေဆာင္းထားတဲ့ ေရေတြကို ေရအလိုအပ္ဆုံး အခ်ိန္ျဖစ္တဲ့ ေႏြရာသီမ်ိဳးမွာ လႊတ္ေပးပါတယ္။ တခ်ိန္ခ်ိန္မွာ ဒီေရေတြ မရွိေတာ့ဘူး၊ ေရခဲလႊာေတြလည္း ဆက္ၿပီး အရည္ေပ်ာ္ေနမယ္၊ ဥတုရာသီ ေျပာင္းလဲမႈေၾကာင့္ အပူခ်ိန္ေတြ ျမင့္တက္ေနမယ္ဆိုရင္ နည္းဗ်ဴဟာအရ အေရးပါတဲ့ ဒီလို ေရသိုေလွာင္ကန္ေတြလည္း ရွိေတာ့မွာမဟုတ္ပါဘူး။ ဒီကိစၥကုိ စၿပီး စဥ္းစားဖို႔လိုပါၿပီ။” လုိ႔ ပါေမာကၡ Maurizio Righetti က ဆုိပါတယ္။

ခုခိ်န္မွာေတာ့ ေရခဲေတာင္ေတြကေန လက္ရွိ စီးဆင္းလာတဲ့ ေရေတြကို ေရအားလွ်ပ္စစ္ ဓာတ္အားေပးစက္႐ုံေတြမွာ အသုံးျပဳေနပါတယ္။ တခ်ိဳ႔ေရေတြကေတာ့ မႏွစ္ကက်ထားတဲ့ ႏွင္းေတြ အရည္ေပ်ာ္လာတာပါ။ ဥပမာေျပာရရင္ Lake Vernago ေရကန္ႀကီးမွာလည္း မၾကာခင္ တျဖည္းျဖည္း ေရက်လာႏုိ္င္သလို လာမယ့္ဆယ္စုႏွစ္ေတြအတြင္း လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ဖို႔ ဒါမွမဟုတ္ လူေတြအသုံးျပဳဖို႔ မရွိမျဖစ္လိုအပ္တဲ့ အဖိုးတန္ရင္းျမစ္တခု ျဖစ္လာႏုိင္ပါတယ္။ အပူခ်ိန္တိုးလာတာနဲ႔အမွ် ႏွင္းေတာင္ေတြေပၚမွာ ႏွင္းေတြအက်နည္းၿပီး ေတာင္ထိပ္ကေန မိုးနဲ႔ ေရေတြ ႐ုတ္တရက္ ပိုၿပီး စီးဆင္းလာႏုိင္တဲ့အတြက္ ေရႀကီးေရလွ်ံ ျဖစ္လာႏုိင္ပါတယ္။

ပါေမာကၡ Maurizio Righetti က အခုလို ဆက္ေျပာပါတယ္။

“ၿပီးခဲ့တဲ့ ၁၀ ႏွစ္အတြင္း ျပင္းထန္လွတဲ့ သဘာဝေဘးအႏၱရာယ္ဆုိင္ရာ အျဖစ္အပ်က္ေတြ ခပ္စိပ္စိပ္ ေတြ႔လာရၿပီး အႏၱရာယ္လည္း ပိုႀကီးလာပါတယ္။ ဒီအေျခအေနနဲ႔ လိုက္ေလ်ာညီေထြျဖစ္ေအာင္ ေနထုိင္ရင္း ဒါကို အေျဖရွာဖို႔ လိုပါတယ္။ ေရႀကီးေရလွ်ံမႈေတြျဖစ္တဲ့ အႀကိမ္အေရအတြက္နဲ႔ သူ႔ရဲ႕အက်ိဳးသက္ေရာက္မႈကို စာရင္းျပဳစုထားဖို႔ လိုပါတယ္။ ဥပမာ ေရကာတာေတြကို ၃ ေပကေန ၆ ေပေလာက္ထိ ျမႇင့္ေဆာက္ဖို႔လိုမလို ဆိုတာမ်ိဳး အဲဒီသတင္းအခ်က္အလက္အေပၚ မူတည္ၿပီး ပုံစံဆြဲသူေတြ စဥ္းစားႏုိင္မွာ ျဖစ္ပါတယ္။ ႀကိဳတင္ သုေတသန လုပ္ထားဖု႔ိေတာ့ လိုပါတယ္။”

Noi Techpark မွာရွိတဲ့ ဓာတ္ခြဲခန္းမွာေတာ့ သုေတသီေတြက ေဒသတြင္းက ပထဝီဝင္ ေျမအေနအထားအတုိင္း ပုံစံခ်ၿပီး လက္ေတြ႔ေလ့လာေနတာပါ။

Bolzano တကၠသုိလ္က သုေတသီ Giuseppe Roberto Pisaturo က အခုလို ေျပာပါတယ္။

“ကမၻာေျမႀကီးကို က်ေနာ္တို႔ အသုံးခ်ေနတဲ့ပုံစံ ေျပာင္းလိုက္မယ္ဆိုရင္ေတာ့ လူသားေတြအေနနဲ႔ ကမၻာႀကီးကို ကယ္တင္ႏုိင္မွာပါ။ ကိုယ္အသက္ရွင္ေနထုိင္တဲ့ ကာလကိုပဲ စဥ္းစားေနလို႔ မျဖစ္္ပါဘူး။ အနာဂတ္မ်ိဳးဆက္အတြက္ ထည့္စဥ္းစားၿပီး ကာဗြန္ဒိုင္ေအာက္ဆုိဒ္ဓာတ္ေငြ႔ ထုတ္လႊတ္မႈ ျမင့္တက္ေနတဲ့ ကိစၥကို ခ်ဥ္းကပ္ေဆာင္ရြက္ရမွာ ျဖစ္ပါတယ္။ ဖန္လုံအိမ္ဓာတ္ေငြ႔ ထုတ္လႊတ္မႈကို ကန္႔သတ္လိုက္မယ္ဆိုရင္ ကမၻာ့ပူေႏြးမႈကို ေရွာင္ရွားႏုိင္မယ္၊ ေနာက္ၿပီး အပူခ်ိန္ျမင့္တက္လို႔ ေရခဲလႊာေတြ အရည္္ေပ်ာ္ရာက ျဖစ္လာတဲ့ ေနာက္ဆက္တြဲ မိုးသည္းထန္မႈနဲ႔ ေရႀကီးေရလွ်ံမႈေတြကိုပါ ေရွာင္လႊဲႏုိင္မွာ ျဖစ္ပါတယ္။”

သခ်ၤာနည္းနဲ႔ တြက္ခ်က္ၿပီး ေရစီးဆင္းလႈပ္ရွားပုံကို ခန္႔မွန္းေန႐ုံနဲ႔ မလုံေလာက္တဲ့အတြက္ ဓာတ္ခြဲခန္းမွာ ခုေတြ႔ျမင္ေနရတဲ့ နမူနာအတုိင္း အရင္ဦးဆုံး ပုံစံခ်ၿပီး ေလ့လာဖို႔ လိုတယ္လို႔လည္း သုေတသီေတြက ေျပာပါတယ္။ Bolzano တကၠသိုလ္ကလည္း ေရစီးဝင္မႈနဲ႔ ေရလမ္းေၾကာင္းလႊဲႏုိင္မယ့္ နည္းလမ္းေတြကို ပုံစံခ် ေလ့လာေနတာပါ။

Bolzano တကၠသို္္လ္က တြဲဖက္ပါေမာကၡ Michele Larcher က အခုလို ရွင္းျပပါတယ္။

“ဒါကေတာ့ San Candido အရပ္ အားကစား႐ုံေအာက္မွာ ေဆာက္မယ့္ လုိဏ္ေခါင္းႀကီးရဲ႕ ပုံစံတူ ျဖစ္ပါတယ္။ မိုးသည္းထန္မႈေၾကာင့္ စီးဝင္လာမယ့္ ေရေတြကို San Candio အရပ္က လူမေနတဲ့ ေနရာေတြကေတဆင့္ စီးထြက္သြားေအာင္ ရည္မွန္းထားပါတယ္။”

ေရေတြႀကီးလာတဲ့အခါ ေမ်ာပါလာတဲ့ အပ်က္အစီး အပိုင္းအစေတြ၊ သစ္ကုိင္းေတြကို ပထမဆုံး ေရစစ္ကန္က ဆယ္ယူထားမွာ ျဖစ္ပါတယ္။ ဒုတိယအဆင့္မွာေတာ့ ေရစီးဆင္းမႈ အားနည္းေအာင္ ဖန္တီးထားၿပီး Sesto ျမစ္ထဲ ေရေတြထိန္းခ်ဳပ္ပို႔လႊတ္ဖို႔ ဖန္တီးထားပါတယ္။ ဒါဆိုရင္ေတာ့ အနီးအနားမွာရွိတဲ့ Moso ၿမိဳ႕ထဲ ေရေတြေရာက္လာေတာ့မွာ မဟုတ္ပါဘူး။ ဥတုရာသီ ေျပာင္းလဲမႈကို ေနရာစုံမွာ ရင္ဆုိင္ေနရတဲ့အတြက္ သဘာဝပတ္ဝန္းက်င္အေပၚ ထိခို္က္မႈ နည္းႏုိ္္င္သမွ် နည္းေအာင္၊ အကုန္အက်နည္းတဲ့ နည္းလမ္းရွာေဖြဖို႔ လိုတယ္လို႔လည္း သုေတသီေတြက ေျပာပါတယ္။ ေရႀကီးေရလွ်ံမႈ တားျမစ္ႏုိင္ဖို႔ အေဆာက္အအုံႀကီးေတြ ေဆာက္လုပ္ႏုိ္င္တယ္ဆိုေပမယ့္ ေျမအေနအထားနဲ႔ သဘာဝပတ္ဝန္းက်င္သာမက စီးပြါးေရးကိုပါ ထိခိုက္ႏုိင္သလို ေရရွည္ခံဖို႔လည္း သိပ္မလြယ္ဘူးလို႔လည္း ေထာက္ျပၾကပါတယ္။ ဒါေၾကာင့္လည္း ပါေမာကၡ Larcher တို႔ကေတာ့ သဘာဝပတ္ဝန္းက်င္နဲ႔ လူသားထုအေပၚ ထိခုိက္မႈမရွိတဲ့ နည္းလမ္းနဲ႔ ရွာေဖြလုပ္ကုိင္ေနၾကတာပါ။

အေကာင္းဆုံးရလဒ္ထြက္ဖို႔ ႀကိဳတင္ျပင္ဆင္မႈက အဓိကက်တယ္လို႔လည္း သုေတသီေတြက ေျပာၾကပါတယ္။ ၿပီးခဲ့တဲ့ ၇ ႏွစ္အတြင္း ၁၇ ဧကေက်ာ္ အက်ယ္အဝန္းရွိတဲ့ ေရခဲလႊာေတြ ေႏြရာသီကာလမွာ အရည္ေပ်ာ္မသြားေအာင္ အဝတ္စေတြနဲ႔ အုပ္ထားခဲ့ပါတယ္။ ခုေတာ့ ႏွင္းေလွ်ာစီးကာလ ျပန္စတဲ့အခ်ိန္က်မွ အဲဒီအဝတ္စေတြကို ဖယ္ရွားလို္က္တာပါ။ ခုခ်ိန္မွာေတာ့ ေတာင္ေအာက္က ေရကန္ႀကီးမွာလည္း လူတခ်ိဳ႕ ငါးဖမ္းရင္း အပန္းေျဖေနၾကပါတယ္။ သိပ္မၾကာခင္ကာလမွာေတာ့ ဒီကန္ထဲက ေရေတြဟာလည္း အဖိုးတန္ဆုံး ကုန္ပစၥည္းတခု ျဖစ္လာႏုိင္တဲ့ အလားအလာေတြ ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

ဥတုရာသီ ပြောင်းလဲမှုကြောင့် နှင်းဖုံးတောင်တွေထိခိုက်မှု ကုစားရေး သုတေသီတွေ ကြိုးပမ်း

ဥတုရာသီ ပြောင်းလဲမှုကြောင့် သဘာဝ ဘေးအန္တရာယ်ကြီးတွေကနေ ရှောင်ရှားနိုင်အောင် အီတလီနိုင်ငံက သုတေသီတွေ ကြိုးပမ်းနေကြပါတယ်။ Val Senales တောင်ကြားထဲက Grawand ရေခဲလွှာတွေလည်း နှစ်စဉ်နှစ်တိုင်း အရည်ပျော်လာနေပါတယ်။ နှင်းလျှောစီးသူတွေကြား ရေပန်းစားတဲ့ နှင်းလျှောစီး စခန်းတွေမှာလည်း နှင်းတုတွေနဲ့ အစားထိုးနေရတာပါ။ ဒါတင်မက အခြားနိုင်ငံတွေလိုပဲ ဆိုးရွားပြင်းထန်လှတဲ့ မိုးခေါင်ရေရှားမှု၊ ရေကြီးရေလျှံမှုတွေနဲ့ ရင်ဆိုင်ရမယ့် အလားအလာလည်း ရှိနေပါတယ်။ ဒါကို ရှောင်ရှားနိုင်အောင် သုတေသီတွေ အားထုတ်ကြိုးပမ်းနေပါတယ်။ အေပီသတင်းကို အခြေခံပြီး နန်းလောင်ဝ် တင်ပြထားပါတယ်။

တချိန်တုန်းကတော့ နှင်းလျှောစီးစခန်းတွေမှာ နှင်းတွေနဲ့ ဖုံးလွှမ်းနေတတ်ပေမယ့် ခုချိန်မှာတော့ နှင်းတွေအစား ညိုညစ်ညစ် ကျောက်တောင်စောင်းတွေကိုသာ အထင်အရှား တွေ့နေရပါပြီ။ သြစတြီးယားနိုင်ငံနဲ့ နယ်ချင်းစပ်နေတဲ့ အီတလီနိုင်ငံ၊ Grawand ရေခဲလွှာတွေရှိရာ Val Senales တောင်ကြားဒေသက နှင်းလျှောစီးစခန်းကတော့ စက်တင်ဘာလမှာ ပြန်ဖွင့်ခဲ့တဲ့ တခုတည်းသောစခန်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နှင်းအစစ်တွေနေရာမှာ နှင်းအတုတွေနဲ့ အစားထိုးထားရတာပါ။ နှစ်တိုင်းလိုလို နှင်းတွေအကျနည်းလာတာကြောင့်လည်း နှင်းအတုတွေ သုံးနေရတာပါ။ နှင်းလျှောစီးသမားတွေ ပျော်ရွှင်မှုရှိရေး ဆိုတာထက် ပိုပြီး အရေးကြီးတဲ့ပြဿနာ ရှိနေတယ်လို့ Bolzano တက္ကသိုလ်က ပညာရှင်တွေက ပြောပါတယ်။

Bolzano တက္ကသိုလ် ဟိုက်ဒရောလစ် ဆောက်လုပ်ရေးပညာဌာန ပါမောက္ခ Maurizio Righetti က အခုလို ပြောပါတယ်။

“ဒီက ရာသီဥတုက အပူပိုင်းဒေသက အခြေအနေလို ဖြစ်လာပါတယ်။ ရှေ့ဆက် ဘာဖြစ်လာမလဲဆိုတဲ့ မေးခွန်းတွေလည်း တသီကြီး ထွက်လာပါတယ်။ အပူချိန်တိုးလာတာနဲ့အမျှ ပင်လယ်ရေမျက်နှာပြင် အထက်က ရေခဲတွေ အရည်ပျော်လာပါလိမ့်မယ်။ ဒါကြောင့်လည်း ရေခဲလွှာတွေ အရည်ပျော်လာမယ့်ကိစ္စ ရှောင်လွှဲလို့ မရနိုင်ပါဘူး။ ဒီအဖြစ်အပျက်မျိုးတွေကို ပြည်တွင်းပြည်ပ သတင်းစာတွေ ရုပ်မြင်သံကြားတွေပေါ်မှာ နေ့စဉ်နဲ့အမျှ မြင်နေရတာပါ။ ကျနော့်လုပ်ဖော်ကိုင်ဘက် မိုးလေဝသပညာရှင် အတော်များများကလည်း ပျောက်ကွယ်လုနီးဖြစ်နေတဲ့ ရေခဲလွှာတွေကို ကလေးတွေမြင်ဖူးအောင် ခုနေခေါ်ပြထားပါဆိုပြီး ပြောနေပါတယ်။ နောက်ထပ် ၁၅ နှစ်၊ အနှစ် ၂၀ လောက်အတွင်း ရေခဲလွှာတွေ ပျောက်ကွယ်သွားမယ့် အခြေအနေ ရောက်နေပါပြီ။”

South Tyrol အရပ်က ရေအားလျှပ်စစ်စက်ရုံ ၃၄ ခုကို စီမံခန့်ခွဲနေတဲ့ Alperia ကုမ္ပဏီရဲ့ ထောက်ပံ့ကူညီမှုနဲ့ ပါမောက္ခ Righetti က ရေတို ရေရှည် ကာလအတွက် ရေရရှိနိုင်ရေး သုတေသန လုပ်နေပါတယ်။ ရေအားလျှပ်စစ်စက်ရုံအတွက် လိုအပ်တဲ့ ရေအရင်းအမြစ်ကို ကြိုတင်ခန့်မှန်းနိုင်ဖို့ သုတေသန လုပ်နေတာဖြစ်သလို အကောင်းဆုံး နည်းလမ်းတွေနဲ့ စွမ်းအင်ထုတ်လုပ်နိုင်ရေး၊ ဝင်ငွေအများဆုံးရရေး လေ့လာစူးစမ်းနေတာပါ။ ၂၀၁၇ ခုနှစ်ကစပြီး ရေခဲလွှာတွေ အရည်ပျော်ရာက စီးထွက်လာတဲ့ ရေပမာဏကို ပါမောက္ခ Righetti နဲ့အဖွဲ့က တိုင်းတာလာကြပါတယ်။ နွေရာသီကာလတလျှောက် စုစုပေါင်း သိုလှောင်ထားနိုင်တဲ့ ရေပမာဏအားလုံးရဲ့ ၄၀ ရာခိုင်နှုန်းလောက်က Grawand ရေခဲမြစ်လို နေရာကနေ မြစ်ဖျားခံလာတာ ဖြစ်ပါတယ်။

“ဆောင်းရာသီကာလတလျှောက် စုဆောင်းထားတဲ့ ရေတွေကို ရေအလိုအပ်ဆုံး အချိန်ဖြစ်တဲ့ နွေရာသီမျိုးမှာ လွှတ်ပေးပါတယ်။ တချိန်ချိန်မှာ ဒီရေတွေ မရှိတော့ဘူး၊ ရေခဲလွှာတွေလည်း ဆက်ပြီး အရည်ပျော်နေမယ်၊ ဥတုရာသီ ပြောင်းလဲမှုကြောင့် အပူချိန်တွေ မြင့်တက်နေမယ်ဆိုရင် နည်းဗျူဟာအရ အရေးပါတဲ့ ဒီလို ရေသိုလှောင်ကန်တွေလည်း ရှိတော့မှာမဟုတ်ပါဘူး။ ဒီကိစ္စကို စပြီး စဉ်းစားဖို့လိုပါပြီ။” လို့ ပါမောက္ခ Maurizio Righetti က ဆိုပါတယ်။

ခုချိန်မှာတော့ ရေခဲတောင်တွေကနေ လက်ရှိ စီးဆင်းလာတဲ့ ရေတွေကို ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံတွေမှာ အသုံးပြုနေပါတယ်။ တချို့ရေတွေကတော့ မနှစ်ကကျထားတဲ့ နှင်းတွေ အရည်ပျော်လာတာပါ။ ဥပမာပြောရရင် Lake Vernago ရေကန်ကြီးမှာလည်း မကြာခင် တဖြည်းဖြည်း ရေကျလာနိုင်သလို လာမယ့်ဆယ်စုနှစ်တွေအတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖို့ ဒါမှမဟုတ် လူတွေအသုံးပြုဖို့ မရှိမဖြစ်လိုအပ်တဲ့ အဖိုးတန်ရင်းမြစ်တခု ဖြစ်လာနိုင်ပါတယ်။ အပူချိန်တိုးလာတာနဲ့အမျှ နှင်းတောင်တွေပေါ်မှာ နှင်းတွေအကျနည်းပြီး တောင်ထိပ်ကနေ မိုးနဲ့ ရေတွေ ရုတ်တရက် ပိုပြီး စီးဆင်းလာနိုင်တဲ့အတွက် ရေကြီးရေလျှံ ဖြစ်လာနိုင်ပါတယ်။

ပါမောက္ခ Maurizio Righetti က အခုလို ဆက်ပြောပါတယ်။

“ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း ပြင်းထန်လှတဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အဖြစ်အပျက်တွေ ခပ်စိပ်စိပ် တွေ့လာရပြီး အန္တရာယ်လည်း ပိုကြီးလာပါတယ်။ ဒီအခြေအနေနဲ့ လိုက်လျောညီထွေဖြစ်အောင် နေထိုင်ရင်း ဒါကို အဖြေရှာဖို့ လိုပါတယ်။ ရေကြီးရေလျှံမှုတွေဖြစ်တဲ့ အကြိမ်အရေအတွက်နဲ့ သူ့ရဲ့အကျိုးသက်ရောက်မှုကို စာရင်းပြုစုထားဖို့ လိုပါတယ်။ ဥပမာ ရေကာတာတွေကို ၃ ပေကနေ ၆ ပေလောက်ထိ မြှင့်ဆောက်ဖို့လိုမလို ဆိုတာမျိုး အဲဒီသတင်းအချက်အလက်အပေါ် မူတည်ပြီး ပုံစံဆွဲသူတွေ စဉ်းစားနိုင်မှာ ဖြစ်ပါတယ်။ ကြိုတင် သုတေသန လုပ်ထားဖု့ိတော့ လိုပါတယ်။”

Noi Techpark မှာရှိတဲ့ ဓာတ်ခွဲခန်းမှာတော့ သုတေသီတွေက ဒေသတွင်းက ပထဝီဝင် မြေအနေအထားအတိုင်း ပုံစံချပြီး လက်တွေ့လေ့လာနေတာပါ။

Bolzano တက္ကသိုလ်က သုတေသီ Giuseppe Roberto Pisaturo က အခုလို ဆိုပါတယ်။

“ကမ္ဘာမြေကြီးကို ကျနော်တို့ အသုံးချနေတဲ့ပုံစံ ပြောင်းလိုက်မယ်ဆိုရင်တော့ လူသားတွေအနေနဲ့ ကမ္ဘာကြီးကို ကယ်တင်နိုင်မှာပါ။ ကိုယ်အသက်ရှင်နေထိုင်တဲ့ ကာလကိုပဲ စဉ်းစားနေလို့ မဖြစ်ပါဘူး။ အနာဂတ်မျိုးဆက်အတွက် ထည့်စဉ်းစားပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ထုတ်လွှတ်မှု မြင့်တက်နေတဲ့ ကိစ္စကို ချဉ်းကပ်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို ကန့်သတ်လိုက်မယ်ဆိုရင် ကမ္ဘာ့ပူနွေးမှုကို ရှောင်ရှားနိုင်မယ်၊ နောက်ပြီး အပူချိန်မြင့်တက်လို့ ရေခဲလွှာတွေ အရည်ပျော်ရာက ဖြစ်လာတဲ့ နောက်ဆက်တွဲ မိုးသည်းထန်မှုနဲ့ ရေကြီးရေလျှံမှုတွေကိုပါ ရှောင်လွှဲနိုင်မှာ ဖြစ်ပါတယ်။”

သင်္ချာနည်းနဲ့ တွက်ချက်ပြီး ရေစီးဆင်းလှုပ်ရှားပုံကို ခန့်မှန်းနေရုံနဲ့ မလုံလောက်တဲ့အတွက် ဓာတ်ခွဲခန်းမှာ ခုတွေ့မြင်နေရတဲ့ နမူနာအတိုင်း အရင်ဦးဆုံး ပုံစံချပြီး လေ့လာဖို့ လိုတယ်လို့လည်း သုတေသီတွေက ပြောပါတယ်။ Bolzano တက္ကသိုလ်ကလည်း ရေစီးဝင်မှုနဲ့ ရေလမ်းကြောင်းလွှဲနိုင်မယ့် နည်းလမ်းတွေကို ပုံစံချ လေ့လာနေတာပါ။

Bolzano တက္ကသို်လ်က တွဲဖက်ပါမောက္ခ Michele Larcher က အခုလို ရှင်းပြပါတယ်။

“ဒါကတော့ San Candido အရပ် အားကစားရုံအောက်မှာ ဆောက်မယ့် လိုဏ်ခေါင်းကြီးရဲ့ ပုံစံတူ ဖြစ်ပါတယ်။ မိုးသည်းထန်မှုကြောင့် စီးဝင်လာမယ့် ရေတွေကို San Candio အရပ်က လူမနေတဲ့ နေရာတွေကတေဆင့် စီးထွက်သွားအောင် ရည်မှန်းထားပါတယ်။”

ရေတွေကြီးလာတဲ့အခါ မျောပါလာတဲ့ အပျက်အစီး အပိုင်းအစတွေ၊ သစ်ကိုင်းတွေကို ပထမဆုံး ရေစစ်ကန်က ဆယ်ယူထားမှာ ဖြစ်ပါတယ်။ ဒုတိယအဆင့်မှာတော့ ရေစီးဆင်းမှု အားနည်းအောင် ဖန်တီးထားပြီး Sesto မြစ်ထဲ ရေတွေထိန်းချုပ်ပို့လွှတ်ဖို့ ဖန်တီးထားပါတယ်။ ဒါဆိုရင်တော့ အနီးအနားမှာရှိတဲ့ Moso မြို့ထဲ ရေတွေရောက်လာတော့မှာ မဟုတ်ပါဘူး။ ဥတုရာသီ ပြောင်းလဲမှုကို နေရာစုံမှာ ရင်ဆိုင်နေရတဲ့အတွက် သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှု နည်းနို်င်သမျှ နည်းအောင်၊ အကုန်အကျနည်းတဲ့ နည်းလမ်းရှာဖွေဖို့ လိုတယ်လို့လည်း သုတေသီတွေက ပြောပါတယ်။ ရေကြီးရေလျှံမှု တားမြစ်နိုင်ဖို့ အဆောက်အအုံကြီးတွေ ဆောက်လုပ်နိုင်တယ်ဆိုပေမယ့် မြေအနေအထားနဲ့ သဘာဝပတ်ဝန်းကျင်သာမက စီးပွါးရေးကိုပါ ထိခိုက်နိုင်သလို ရေရှည်ခံဖို့လည်း သိပ်မလွယ်ဘူးလို့လည်း ထောက်ပြကြပါတယ်။ ဒါကြောင့်လည်း ပါမောက္ခ Larcher တို့ကတော့ သဘာဝပတ်ဝန်းကျင်နဲ့ လူသားထုအပေါ် ထိခိုက်မှုမရှိတဲ့ နည်းလမ်းနဲ့ ရှာဖွေလုပ်ကိုင်နေကြတာပါ။

အကောင်းဆုံးရလဒ်ထွက်ဖို့ ကြိုတင်ပြင်ဆင်မှုက အဓိကကျတယ်လို့လည်း သုတေသီတွေက ပြောကြပါတယ်။ ပြီးခဲ့တဲ့ ၇ နှစ်အတွင်း ၁၇ ဧကကျော် အကျယ်အဝန်းရှိတဲ့ ရေခဲလွှာတွေ နွေရာသီကာလမှာ အရည်ပျော်မသွားအောင် အဝတ်စတွေနဲ့ အုပ်ထားခဲ့ပါတယ်။ ခုတော့ နှင်းလျှောစီးကာလ ပြန်စတဲ့အချိန်ကျမှ အဲဒီအဝတ်စတွေကို ဖယ်ရှားလိုက်တာပါ။ ခုချိန်မှာတော့ တောင်အောက်က ရေကန်ကြီးမှာလည်း လူတချို့ ငါးဖမ်းရင်း အပန်းဖြေနေကြပါတယ်။ သိပ်မကြာခင်ကာလမှာတော့ ဒီကန်ထဲက ရေတွေဟာလည်း အဖိုးတန်ဆုံး ကုန်ပစ္စည်းတခု ဖြစ်လာနိုင်တဲ့ အလားအလာတွေ ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG