သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယက စစ်ကောင်စီနဲ့ဆက်ဆံရင် မြန်မာ့အရေး အာဆီယံကြိုးပမ်းမှု အားပျော့နိုင် (အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး)


အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi

[[Zawgyi/Unicode]]

အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာစစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံမယ်ဆိုရင် မြန်မာ့အရေး အာဆီယံရဲ့ ကြိုးပမ်းမှုတွေကို ထိရောက်မှုအားနည်းအောင် လုပ်လိုက်သလို ဖြစ်သွားနိုင်တဲ့အကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi က သတိပေးလိုက်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ဆုံးဖြတ်ချက်ကြောင့် အာဆီယံရဲ့ ကြိုးပမ်းမှုတွေ အားနည်းသွားနိုင်တယ်ဆိုတာ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးကို သူ ပြောခဲ့တဲ့အကြောင်း အိန္ဒိယနိုင်ငံထုတ် The Hindu သတင်းစာကို အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီးက ပြောတာပါ။

အိန္ဒိယအပါအဝင် တခြားနိုင်ငံတွေဟာ မြန်မာနိုင်ငံ့အရေးမှာ မတူကွဲပြားတဲ့ နည်းလမ်းတွေကို ရွေးချယ်မယ့်အစား အာဆီယံရဲ့မူဝါဒအပေါ် လေးစားဖို့လိုတဲ့အကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi က ပြောပါတယ်။ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေအဆုံးသတ်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းတွေကြား ဆွေးနွေးအဖြေရှာနိုင်ရေးနဲ့ လူသားချင်းစာနာမှု အကူအညီတွေပေးနိုင်ရး အဓိကထားတဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်အတိုင်းလိုက်ပြီး ဆောင်ရွက်ဖို့လည်း အိန္ဒိယနိုင်ငံကို အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းပါတယ်။

လက်တွဲဘက်နိုင်ငံတွေအနေနဲ့ အာဆီယံရဲ့ ကြိုးပမ်းမှုတွေ ထောက်ခံဖို့လိုပြီး အာဆီယံနဲ့မတူတဲ့နည်းလမ်းကို သုံးမယ်ဆိုရင် မြန်မာနိုင်ငံ လက်ရှိ နိုင်ငံရေးအကြပ်အတည်းက လွန်မြောက်ရေးအတွက် ထိရောက်အောင်လုပ်ဆောင်နိုင်မှာမဟုတ် ဘူးလို့လည်း Retno Marsudi က ပြောသွားပါတယ်။

=================

[[Unicode]]





XS
SM
MD
LG