သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဆလင်းကာတာဈာပန ကန်သမ္မတတွေနဲ့ဇနီးများတက်ရောက်


ကွယ်လွန်သူ သမ္မတဟောင်းကတော် ရိုဆလင်းကာတာရဲ့ဈာပနပွဲကိုတက်ရောက်လာကြတဲ့ သက်ရှိထင်ရှား သမ္မတကတော်များ။ (မယ်လာနီယာ ထရမ့်၊ မီရှဲလ်အိုဘားမား၊ လော်ရာဘုရှ်နဲ့ ဟီလာရီကလင်တန်) (နိုဝင်ဘာ ၂၈၊ ၂၀၂၃)
ကွယ်လွန်သူ သမ္မတဟောင်းကတော် ရိုဆလင်းကာတာရဲ့ဈာပနပွဲကိုတက်ရောက်လာကြတဲ့ သက်ရှိထင်ရှား သမ္မတကတော်များ။ (မယ်လာနီယာ ထရမ့်၊ မီရှဲလ်အိုဘားမား၊ လော်ရာဘုရှ်နဲ့ ဟီလာရီကလင်တန်) (နိုဝင်ဘာ ၂၈၊ ၂၀၂၃)

သမ္မတဟောင်းကာတာရဲ့ဇနီး ရိုဆလင်း ကာတာရဲ့စျာပနအခမ်းအနားကို အတ္တလန္တာမြို့မှာ အင်္ဂါနေ့ က ကျင်းပခဲ့ပြီး သက်ရှိထင်ရှားသမ္မတကတော်အားလုံး နဲ့ ယခင်သမ္မတ အသက် ၉၉ နှစ်အရွယ် ခင်ပွန်း ဂျင်မီကာတာအပါအဝင် သမ္မတသုံးယောက်တို့ တက်ရောက်ခဲ့ကြပါတယ်။

သမ္မတဘိုင်ဒန်နဲ့ သမ္မတကတော် ဂျေးလ် ဘိုင်ဒန်၊ ယခင်သမ္မတ ဘီလ်ကလင်တန်နဲ့ သမ္မတကတော် ဟီလရီ ကလင်တန်၊ သမ္မတကတော်တွေဖြစ်ခဲ့ကြတဲ့ Melania Trump, Michelle Obama နဲ့ Laura Bush, ဒုတိယသမ္မတ ကင်မလာ ဟဲရစ် သူ့ခင်ပွန်းတို့ ဒီအခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။

အခမ်းအနားမှာ ရိုဆလင်း ကာတာ ကြိုက်တဲ့ ကျမ်းစာ စာပိုဒ်တွေကို ဖတ်ရှုခဲ့ပြီး ဂန္ထဝင်ဂီတအသံကိုလည်း ကြားကြရပါတယ်။ သူမရဲ့သား၊ မြေးနဲ့ အခြားရင်းနှီးသူ ၄ ယောက်က ဂုဏ်ပြုစကား ပြောခဲ့ကြပါတယ်။

သမ္မတဟောင်း ခင်ပွန်းသည်ကာတာရဲ့ ပတ်ပတ်လည်မှာ သူ့ သားသမီးတွေနဲ့ မြေးမြစ်တွေ ထိုင်ခဲ့ကြတာ ကို တွေ့ရပါတယ်။ မစ္စ ရိုစလင်းကာတာဟာ အသက် ၉၇ နှစ် နေသွားတဲ့ Bess Truman ပြီးရင် ဒုတိယ အသက်ရှည်ဆုံး အမေရိကန်သမ္မတကတော်ဖြစ်ပါတယ်။ အသက် ၉၆ နှစ်အရွယ် နိုဝင်ဘာ ၁၉ မှာ သူမ ကွယ်လွန်ခဲ့တာပါ။

သူတို့ရဲ့အိမ်ထောင်သက်က ၇၇ နှစ် ရှိပါတယ်။ ဂျော်ဂျီယာပြည်နယ် Plains မြို့မှာ ဒီကနေ့ ဗုဒ္ဓဟူးနေ့ မြေချဖို့ ရှိပြီး မိသားစုဝင်တွေပဲ တက်ရောက်ကြမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG