သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

 ျပႆနာမရွာဖို႔ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ေလာင္းကို တ႐ုတ္သတိေပး


Conservative Party leadership campaign event for Sunak, in Grantham

ၿဗိတိန္ႏိုင္ငံရဲ႕ ဝန္ႀကီးခ်ဳပ္ေလာင္း တဦးျဖစ္တဲ့ ဘ႑ာေရးဝန္ႀကီးေဟာင္း Rishi Sunak ရဲ႕ တ႐ုတ္ႏိုင္ငံ နဲ႔ပတ္သက္တဲ့ ေျပာဆိုခ်က္အေပၚမွာ  တ႐ုတ္ႏိုင္ငံျခားေရးဌာန ေျပာေရးဆိုခြင့္ရွိသူ Zhao Lijian က တ႐ုတ္ႏိုင္ငံကို ျပႆနာထဲ ဆြဲမထည့္ဖို႔  ေျပာဆိုလိုက္ပါတယ္။


ျပႆနာမရွာဖို႔ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ေလာင္းကို တ႐ုတ္သတိေပး

{{Zawgyi/Unicode}}
ၿဗိတိန္ႏိုင္ငံရဲ႕ ဝန္ႀကီးခ်ဳပ္ေလာင္း တဦးျဖစ္တဲ့ ဘ႑ာေရးဝန္ႀကီးေဟာင္း Rishi Sunak ရဲ႕ တ႐ုတ္ႏိုင္ငံ နဲ႔ပတ္သက္တဲ့ ေျပာဆိုခ်က္အေပၚမွာ တ႐ုတ္ႏိုင္ငံျခားေရးဌာန ေျပာေရးဆိုခြင့္ရွိသူ Zhao Lijian က တ႐ုတ္ႏိုင္ငံကို ျပႆနာထဲ ဆြဲမထည့္ဖို႔ ေျပာဆိုလိုက္ပါတယ္။

"ၿဗိတိန္ႏိုင္ငံေရး သမားေတြအေနနဲ႔ တ႐ုတ္ႏိုင္ငံကို ျပႆနာထဲ ဆြဲမထည့္ၾကဖို႔ ဒါမွတ္မဟုတ္ တရုတ္ၿခိမ္းေျခာက္မႈလို႔ မေျပာဆိုၾကဖို႔ က်ေနာ္ေသေသခ်ာခ်ာ တိုက္တြန္းခ်င္ပါတယ္ ။ ဒီလို တာဝန္မဲ့တဲ့ မွတ္ခ်က္ေတြဟာ သူတို႔ရဲ႕ ျပႆနာေတြကို ေျဖရွင္းဖို႔အတြက္ အေထာက္အကူမျဖစ္လို႔ပါပဲ" လို႔ သူကေျပာသြားတာပါ။ ဒါနဲ႔ ပတ္သက္ၿပီး တရုတ္ႏိုင္ငံျခားေရးဌာန ေျပာေရးဆိုခြင့္ရွိသူ Zhao က တရုတ္ႏိုင္ငံ ၿမိဳ႕ေတာ္ ေဘဂ်င္းမွာ ေန႔စဥ္ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ေလာင္း ရဲ႕ ေျပာဆိုခ်က္အေပၚမွာ သတင္းေထာက္ေတြက ေမးျမန္းစဥ္ ျပန္လည္ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ၿဗိတိန္ႏိုင္ငံရဲ႕ ဝန္ႀကီးခ်ဳပ္ေလာင္းလည္းျဖစ္ ၊ ဘ႑ာေရးဝန္ႀကီးေဟာင္းလည္းျဖစ္တဲ့ Rishi Sunak က တ႐ုတ္ႏိုင္ငံဟာ ၿဗိတိန္ႏိုင္ငံကို အခ်ိန္အၾကာဆုံးနဲ႔ အႀကီးဆုံး ၿခိမ္းေျခာက္ေနတဲ့ ႏိုင္ငံလို႔ ေျပာဆိုခဲ့တဲ့အေပၚမွာ တ႐ုတ္ႏိုင္ငံ ေျပာေရးဆိုခြင့္ရွိသူက တုံျပန္လိုက္ပါတာျဖစ္ပါတယ္။

ဒါအျပင္ Sunak က တကယ္လို႔ သူသာ ဝန္ႀကီးခ်ဳပ္အျဖစ္ ေ႐ြးခ်ယ္ခံရရင္ ၿဗိတိန္ႏိုင္ငံမွာရွိၾကတဲ့ Confucius Institute ၃ဝ ကို ပိတ္ပစ္မယ္လို႔လည္း ေျပာပါတယ္။ အဲဒါေတြဟာ တ႐ုတ္ႏိုင္ငံအတြက္ ဝါဒျဖန႔္ခ်ီေရးလုပ္ေပးေနတယ္လို႔လည္း သူက စြပ္စြဲလိုက္ပါတယ္။

ဘ႑ာေရးဝန္ႀကီးအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့စဥ္က Sunak ဟာ တရုတ္ႏိုင္ငံနဲ႔ စီးပြားကုန္သြယ္ေရး လုပ္ေဆာင္ခဲ့ဖို႔အတြက္ ျပင္းျပင္းထန္ထန္ တြန္းအားေပးခဲ့ၿပီး အခုဝန္ႀကီးခ်ဳပ္ေလာင္းဘဝမွာ သူရဲ႕ ရပ္တည္ခ်က္ ေျပာင္းလည္းသြားတဲ့အေပၚမွာ ေဝဖန္မႈေတြရွိေနပါတယ္။

သူအေနနဲ႔ ဝန္ႀကီးခ်ဳပ္ေနရာကို ကြန္ဆာေဗးတစ္ပါတီအတြင္းက ၿဗိတိန္ႏိုင္ငံျခားေရးဝန္ႀကီး Liz Truss နဲ႔ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

..........................................


ပြဿနာမရှာဖို့ ဗြိတိန်ဝန်ကြီးချုပ်လောင်းကို တရုတ်သတိပေး

{{Zawgyi/Unicode}}
ဗြိတိန်နိုင်ငံရဲ့ ဝန်ကြီးချုပ်လောင်း တဦးဖြစ်တဲ့ ဘဏ္ဍာရေးဝန်ကြီးဟောင်း Rishi Sunak ရဲ့ တရုတ်နိုင်ငံ နဲ့ပတ်သက်တဲ့ ပြောဆိုချက်အပေါ်မှာ တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Zhao Lijian က တရုတ်နိုင်ငံကို ပြဿနာထဲ ဆွဲမထည့်ဖို့ ပြောဆိုလိုက်ပါတယ်။

"ဗြိတိန်နိုင်ငံရေး သမားတွေအနေနဲ့ တရုတ်နိုင်ငံကို ပြဿနာထဲ ဆွဲမထည့်ကြဖို့ ဒါမှတ်မဟုတ် တရုတ်ခြိမ်းခြောက်မှုလို့ မပြောဆိုကြဖို့ ကျနော်သေသေချာချာ တိုက်တွန်းချင်ပါတယ် ။ ဒီလို တာဝန်မဲ့တဲ့ မှတ်ချက်တွေဟာ သူတို့ရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် အထောက်အကူမဖြစ်လို့ပါပဲ" လို့ သူကပြောသွားတာပါ။ ဒါနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Zhao က တရုတ်နိုင်ငံ မြို့တော် ဘေဂျင်းမှာ နေ့စဉ်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗြိတိန်ဝန်ကြီးချုပ်လောင်း ရဲ့ ပြောဆိုချက်အပေါ်မှာ သတင်းထောက်တွေက မေးမြန်းစဉ် ပြန်လည် ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံရဲ့ ဝန်ကြီးချုပ်လောင်းလည်းဖြစ် ၊ ဘဏ္ဍာရေးဝန်ကြီးဟောင်းလည်းဖြစ်တဲ့ Rishi Sunak က တရုတ်နိုင်ငံဟာ ဗြိတိန်နိုင်ငံကို အချိန်အကြာဆုံးနဲ့ အကြီးဆုံး ခြိမ်းခြောက်နေတဲ့ နိုင်ငံလို့ ပြောဆိုခဲ့တဲ့အပေါ်မှာ တရုတ်နိုင်ငံ ပြောရေးဆိုခွင့်ရှိသူက တုံပြန်လိုက်ပါတာဖြစ်ပါတယ်။

ဒါအပြင် Sunak က တကယ်လို့ သူသာ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရရင် ဗြိတိန်နိုင်ငံမှာရှိကြတဲ့ Confucius Institute ၃ဝ ကို ပိတ်ပစ်မယ်လို့လည်း ပြောပါတယ်။ အဲဒါတွေဟာ တရုတ်နိုင်ငံအတွက် ဝါဒဖြန့်ချီရေးလုပ်ပေးနေတယ်လို့လည်း သူက စွပ်စွဲလိုက်ပါတယ်။

ဘဏ္ဍာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်က Sunak ဟာ တရုတ်နိုင်ငံနဲ့ စီးပွားကုန်သွယ်ရေး လုပ်ဆောင်ခဲ့ဖို့အတွက် ပြင်းပြင်းထန်ထန် တွန်းအားပေးခဲ့ပြီး အခုဝန်ကြီးချုပ်လောင်းဘဝမှာ သူရဲ့ ရပ်တည်ချက် ပြောင်းလည်းသွားတဲ့အပေါ်မှာ ဝေဖန်မှုတွေရှိနေပါတယ်။

သူအနေနဲ့ ဝန်ကြီးချုပ်နေရာကို ကွန်ဆာဗေးတစ်ပါတီအတွင်းက ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Liz Truss နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

XS
SM
MD
LG