သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပင်လယ်ပြင်မှာ မျောနေတဲ့ ရိုဟင်ဂျာတွေကို ကယ်တယ်ဖို့ ကုလတိုက်တွန်း


Indonesia Rohingya Refugees (မှတ်တမ်းဓါတ်ပုံ)
Indonesia Rohingya Refugees (မှတ်တမ်းဓါတ်ပုံ)

ပင်လယ်ထဲမှာ စက်လှေနဲ့ မျောနေတဲ့ ရိုဟင်ဂျာတွေကို ဒေသတွင်း နိုင်ငံတွေက အမြန်ဆုံးရှာဖွေကယ်ဆယ်ကြဖို့ ကုလသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။

ပင်လယ်ပြင်မှာ မျောနေတဲ့ ရိုဟင်ဂျာတွေကို ကယ်တယ်ဖို့ ကုလတိုက်တွန်း

{{Zawgyi/Unicode}}
ပင်လယ်ထဲမှာ စက်လှေနဲ့ မျောနေတဲ့ ရိုဟင်ဂျာတွေကို ဒေသတွင်း နိုင်ငံတွေက အမြန်ဆုံးရှာဖွေကယ်ဆယ်ကြဖို့ ကုလသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။ ရိုဟင်ဂျာ ၂၀၀ လောက် လိုက်ပါလာပြီး ထိုင်းနိုင်ငံအနီး ကပ္ပလီပင်လယ်အော်အတွင်း စက်ပျက်ပြီးမျောပါနေတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်လို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR က သတင်းထုတ်ပြန်ထားတဲ့အပေါ် အတွင်းရေးမှူးချုပ်ရုံးက ထပ်ဆင့်တိုက်တွန်းလိုက်တာပါ။

“ နိုင်ငံတကာ ပင်လယ်ရေကြောင်း ဥပဒေတွေအရ လိုက်နာရမဲ့ ဝတ္တရားတွေအပြင်၊ ပင်လယ်ရေကြောင်းသွားလာမှု ဓလေ့ထုံးစံတွေအရပါ၊ ပင်လယ်ပြင်အတွင်း မျောပါနေသူတွေကို လူမျိုးအရဖြစ်စေ၊ တရားဝင်မှုမဝင်မှုအရဖြစ်စေ မခွဲခြားဘဲ ကယ်ဆယ်ဖို့ ဝတ္တရားရှိပါတယ်" လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရ Stephane Dujarric က နယူးယောက် ကုလသမဂ္ဂရုံးချုပ်က ကြာသပတေးနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။

ဒီဇင်ဘာလ ၁ ရက်နေ့ လောက်ကတည်းက ပင်လယ်ပြင်အတွင်း မျောပါနေတဲ့ ရိုဟင်ဂျာတွေဟာ၊ အစာရေစာပြတ်လပ်ကာ၊ ရေငတ်တဲ့ဒါဏ်ကို အပြင်းအထန်ခံစားနေပါတယ်။ ဒါကြောင့် UNHCR က တိုက်တွန်းသလို ကုလသမဂ္ဂအနေနဲ့ ရှာဖွေကယ်ဆယ်ဖို့ ထပ်မံတိုက်တွန်း ပါတယ်လို့လည်း ပြောဆိုပါတယ်။

ထိုင်း၊ မလေးရှားနဲ့ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ရိုဟင်ဂျာအဖွဲ့တွေရဲ့ ပြောဆိုချက်အရ ပြီးခဲ့တဲ့ နိုဝင်ဘာလထဲကတည်းက ဘင်္ဂလားဒေ့ရှ်ကနေ စက်လှေ ၃ စီး ထွက်ခွါလာခဲ့ပြီး၊ လူ ၂၀၀ လောက်လိုက်ပါလာတဲ့ ပထမ တစီးကတော့ ထိုင်းနိုင်ငံ ဖူခက်အနီး ပင်လယ်ပြင်အတွင်း စက်ပျက်ပြီး မျောပါနေရောက ဒီဇင်ဘာလ ၆ ရက်နေ့မှာ အဆက်အသွယ်ရခဲ့တယ်လို့ ဆိုပါတယ်။ ၁၅၄ ဦးလိုက်ပါလာတဲ့ ဒုတိယတစီးကိုတော့ ဗီယက်နမ် ငါးဖမ်းလှေနဲ့ တွေပြီးနောက် မြန်မာရေတပ်က ကယ်ဆယ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားတာပါ။ တတိယ တစင်းကတော့ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့လည်း ရိုဟင်ဂျာ အဖွဲ့တွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်


{{Zawgyi/Unicode}}




XS
SM
MD
LG