သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ARSA ႐ိုဟင္ဂ်ာအဖဲြ႕ေခါင္းေဆာင္ကို ဘဂၤလားေဒ့ရွ္ လူသတ္မႈနဲ႔တရားစဲြ


ARSA တပ္ဖြဲ႔ (Photo: ARSA Facebook)

ဘဂၤလားေဒ့ရွ္ ေထာက္လွမ္းေရးအရာရွိ တေယာက္ကို ဒီလထဲ သတ္ျဖတ္မႈ နဲ႔ ARSA ရိုဟင္ဂ်ာ လက္နက္ကုိင္ အဖြဲ႔ေခါင္းေဆာင္နဲ႔ အျခားလူ ၆၀ ေက်ာ္ကို  ဘဂၤလားေဒ့ရွ္ေထာက္လွမ္းေရးက စြဲခ်က္တင္လိုက္ေၾကာင္း ရဲတပ္ဖြဲ႔က တနဂၤေႏြေန႔မွာေျပာပါတယ္။

ARSA ႐ိုဟင္ဂ်ာအဖဲြ႕ေခါင္းေဆာင္ကို ဘဂၤလားေဒ့ရွ္ လူသတ္မႈနဲ႔တရားစဲြ

{{Zawgyi/Unicode}}

ဘဂၤလားေဒ့ရွ္ ေထာက္လွမ္းေရးအရာရွိ တေယာက္ကို ဒီလထဲ သတ္ျဖတ္မႈ နဲ႔ ARSA ႐ိုဟင္ဂ်ာ လက္နက္ကိုင္ အဖြဲ႕ေခါင္းေဆာင္နဲ႔ အျခားလူ ၆၀ ေက်ာ္ကို ဘဂၤလားေဒ့ရွ္ေထာက္လွမ္းေရးက စြဲခ်က္တင္လိုက္ေၾကာင္း ရဲတပ္ဖြဲ႕က တနဂၤေႏြေန႔မွာေျပာပါတယ္။ ရခိုင္ျပည္နယ္က ဖိႏွိပ္ခံ ႐ိုဟင္ဂ်ာမြတ္ဆလင္ေတြအတြက္ အခြင့္အေရးအတြက္ လက္နက္ကိုင္ တိုက္ပြဲဝင္ေနတယ္လို႔ဆိုတဲ့ ARSA အဖြဲ႕ေခါင္းေဆာင္ Ataullah Abu Ammar Jununi အပါအဝင္ လူအမ်ားအျပားကို ဘဂၤလားေဒ့ရွ္ အာဏာပိုင္ေတြက မ်က္ကြယ္မွာ တရားစြဲလိုက္တာပါ။

ႏိုဝင္ဘာ ၁၄ ရက္ေန႔မွာ မူးယစ္ေဆးဝါးတိုက္ဖ်က္ေရး ရဲတပ္ဖြဲ႕က ဒုကၡသည္စခန္းတခုကို ဝင္ေရာက္စီးနင္းရွာေဖြခဲ့တာမွာ အႀကီးတန္းေထာက္လွမ္းေရးအရာရွိ Rizwan Rushdie ေသနတ္နဲ႔ အပစ္ခံရၿပီး ARSA အဖြဲ႕ဝင္ေတြက သူ႔ကိုဓားနဲ႔အေသခုတ္သတ္ခဲ့ၾကတယ္လို႔ ရဲတပ္ဖြဲ႕က စြပ္စြဲခဲ့တာ ျဖစ္ပါတယ္။

အဲဒီစီးနင္းမႈမွာ ႐ိုဟင္ဂ်ာအမ်ိဳးသမီးတဦးလည္းေသဆုံးခဲ့ပါတယ္။ အခင္းျဖစ္တဲ့ေနရာမွာ Ataullah ရွိေနၿပီး သတ္ျဖတ္မႈမွာ အဓိကတာဝန္ရွိသူအျဖစ္စြပ္စြဲခံထားရေၾကာင္း ရဲေထာက္လွမ္းေရး Mohammad Shahjahan က AFP သတင္းဌာနကိုေျပာပါတယ္။

အဲဒီတိုက္ခိုက္မႈမွာပါဝင္သူ အျခားလူ၃၀ နဲ႔အတူ ARSA အဖြဲ႕ဝင္ေတြအပါအဝင္ေနာက္ထပ္လူ ၃၁ ဦးကိုလည္း သတ္ျဖတ္မႈနဲ႔စြဲခ်က္တင္ထားပါတယ္။ Ataullah ကို ဘဂၤလားေဒ့ရွ္အစိုးရက ပထမဆုံးဖမ္ဆီးတရားစြဲထားတာျဖစ္ေပမယ့္အျခားလူသတ္မႈေတြနဲ႔လည္း ပတ္သက္ေနတယ္လို႔ စြပ္စြဲထားပါတယ္။

ႏိုင္ငံေရးအတိုက္အခံေတြကို သတ္ျဖတ္မႈ၊ မူးယစ္ေဆးဝါးျဖန႔္ျဖဴးေရာင္းခ်မႈနဲ႔ ဒုကၡသည္စခန္းေတြအတြင္း ထိတ္လန႔္ေၾကာက္လန႔္ေနေအာင္ လုပ္ကိုင္ေနတယ္ဆိုတဲ့ အရင္တုန္းက စြပ္စြဲခ်က္ေတြကိုေတာ့ ARSA အဖြဲ႕က ျငင္းဆန္ထားပါတယ္။ အခုေနာက္ဆုံး တရားစြဲလိုက္တာနဲ႔ ပတ္သက္လို႔ လတ္တေလာ တုံ႔ျပန္တာေတြ မေတြ႕ရေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

.....................................

ARSA ရိုဟင်ဂျာအဖွဲ့ခေါင်းဆောင်ကို ဘင်္ဂလားဒေ့ရှ် လူသတ်မှုနဲ့တရားစွဲ

{{Zawgyi/Unicode}}

ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေးအရာရှိ တယောက်ကို ဒီလထဲ သတ်ဖြတ်မှု နဲ့ ARSA ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်နဲ့ အခြားလူ ၆၀ ကျော်ကို ဘင်္ဂလားဒေ့ရှ်ထောက်လှမ်းရေးက စွဲချက်တင်လိုက်ကြောင်း ရဲတပ်ဖွဲ့က တနင်္ဂနွေနေ့မှာပြောပါတယ်။ ရခိုင်ပြည်နယ်က ဖိနှိပ်ခံ ရိုဟင်ဂျာမွတ်ဆလင်တွေအတွက် အခွင့်အရေးအတွက် လက်နက်ကိုင် တိုက်ပွဲဝင်နေတယ်လို့ဆိုတဲ့ ARSA အဖွဲ့ခေါင်းဆောင် Ataullah Abu Ammar Jununi အပါအဝင် လူအများအပြားကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက မျက်ကွယ်မှာ တရားစွဲလိုက်တာပါ။

နိုဝင်ဘာ ၁၄ ရက်နေ့မှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ရဲတပ်ဖွဲ့က ဒုက္ခသည်စခန်းတခုကို ဝင်ရောက်စီးနင်းရှာဖွေခဲ့တာမှာ အကြီးတန်းထောက်လှမ်းရေးအရာရှိ Rizwan Rushdie သေနတ်နဲ့ အပစ်ခံရပြီး ARSA အဖွဲ့ဝင်တွေက သူ့ကိုဓားနဲ့အသေခုတ်သတ်ခဲ့ကြတယ်လို့ ရဲတပ်ဖွဲ့က စွပ်စွဲခဲ့တာ ဖြစ်ပါတယ်။

အဲဒီစီးနင်းမှုမှာ ရိုဟင်ဂျာအမျိုးသမီးတဦးလည်းသေဆုံးခဲ့ပါတယ်။ အခင်းဖြစ်တဲ့နေရာမှာ Ataullah ရှိနေပြီး သတ်ဖြတ်မှုမှာ အဓိကတာဝန်ရှိသူအဖြစ်စွပ်စွဲခံထားရကြောင်း ရဲထောက်လှမ်းရေး Mohammad Shahjahan က AFP သတင်းဌာနကိုပြောပါတယ်။

အဲဒီတိုက်ခိုက်မှုမှာပါဝင်သူ အခြားလူ၃၀ နဲ့အတူ ARSA အဖွဲ့ဝင်တွေအပါအဝင်နောက်ထပ်လူ ၃၁ ဦးကိုလည်း သတ်ဖြတ်မှုနဲ့စွဲချက်တင်ထားပါတယ်။ Ataullah ကို ဘင်္ဂလားဒေ့ရှ်အစိုးရက ပထမဆုံးဖမ်ဆီးတရားစွဲထားတာဖြစ်ပေမယ့်အခြားလူသတ်မှုတွေနဲ့လည်း ပတ်သက်နေတယ်လို့ စွပ်စွဲထားပါတယ်။

နိုင်ငံရေးအတိုက်အခံတွေကို သတ်ဖြတ်မှု၊ မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချမှုနဲ့ ဒုက္ခသည်စခန်းတွေအတွင်း ထိတ်လန့်ကြောက်လန့်နေအောင် လုပ်ကိုင်နေတယ်ဆိုတဲ့ အရင်တုန်းက စွပ်စွဲချက်တွေကိုတော့ ARSA အဖွဲ့က ငြင်းဆန်ထားပါတယ်။ အခုနောက်ဆုံး တရားစွဲလိုက်တာနဲ့ ပတ်သက်လို့ လတ်တလော တုံ့ပြန်တာတွေ မတွေ့ရသေးပါဘူး။

XS
SM
MD
LG