သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဘဂၤလားေဒ့ရွ္ ကမ္းလြန္မွာ ႐ိုဟင္ဂ်ာစက္ေလွ နစ္ျမဳပ္မႈ အနည္းဆုံး ၃ ဦးေသ 


BANGLADESH-REFUGEE-ROHINGYA-ACCIDENT

႐ိုဟင္ဂ်ာေတြကို တင္ေဆာင္လာတဲ့ ေလွတစင္းဟာ အဂၤါေန႔က ဆိုးဝါးတဲ့ ရာသီဥတုေၾကာင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံ ကမ္း႐ိုးတန္းမွာ နစ္ျမဳပ္သြားၿပီး အနည္းဆံုး ၃ ဦး ေရနစ္ေသဆံုးရသလို လူ ၂၀ ေလာက္က ေပ်ာက္ဆံုးေနဆဲပဲလို႔ ဘဂၤလားေဒ့ရွ္ အာဏာပိုင္ေတြက ေျပာပါတယ္။ 

ဘဂၤလားေဒ့ရွ္ ကမ္းလြန္မွာ ႐ိုဟင္ဂ်ာစက္ေလွ နစ္ျမဳပ္မႈ အနည္းဆုံး ၃ ဦးေသ

{{Zawgyi/Unicode}}
႐ိုဟင္ဂ်ာေတြကို တင္ေဆာင္လာတဲ့ ေလွတစင္းဟာ အဂၤါေန႔က ဆိုးဝါးတဲ့ ရာသီဥတုေၾကာင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံ ကမ္း႐ိုးတန္းမွာ နစ္ျမဳပ္သြားၿပီး အနည္းဆံုး ၃ ဦး ေရနစ္ေသဆံုးရသလို လူ ၂၀ ေလာက္က ေပ်ာက္ဆံုးေနဆဲပဲလို႔ ဘဂၤလားေဒ့ရွ္ အာဏာပိုင္ေတြက ေျပာပါတယ္။

ဖမ္းမိတဲ့ငါးေတြကို သိမ္းဆည္းထားေလ့ရွိတဲ့ ေလွဝမ္းထဲမွာ ႐ိုဟင္ဂ်ာေတြ လိုက္ပါလာတာျဖစ္ၿပီး၊ စက္ေလွ၀မ္းပိုင္း အက္ကဲြရာက ေရေတြဝင္လာတဲ့အတြက္ လိုက္ပါလာသူေတြ ေရထဲခုန္ဆင္းၾကတာ ျဖစ္ေၾကာင္း အသက္မေသပဲ က်န္ရစ္သူ Noor Mohammad ကေျပာပါတယ္။

“ေလွထဲကို ေရေတြ ဝင္လာေတာ့ လူေမွာင္ခိုေတြက က်ေနာ္တို႔ကို ေရေတြ ပက္ထုတ္ခိုင္းတယ္။ အားလံုးေၾကာက္လန္႔တၾကား ျဖစ္ေနတယ္။ ေလွေပၚမွာ အားလံုးေပါင္းက ၆၈ ေယာက္ပါပါတယ္။ ေလွေပၚက ခုန္ခ်တဲ့သူက အမ်ားႀကီးပဲ။ ဘယ္ႏွစ္ေယာက္ရွင္သလဲေတာ့ မသိဘုူး” လို႔ ေျပာပါတယ္။

ဘဂၤလားေဒ့ရွ္ ရဲစစ္ေဆးေရးမႈး Nur Mohammad ကေတာ့ ကမ္း႐ိုးတန္းက Halbunia ရြာကေလးမွာ ေရလႈိင္းနဲ႔အတူပါလာတဲ့ အေလာင္း ၃ ေလာင္း လာတင္ေနတာေတြ႕ရၿပီး သူတို႔ဟာ အသက္ ၁၈ ႏွစ္ကေန ၂၀ ၾကား ႐ိုဟင္ဂ်ာအမ်ိဳးသမီးေတြျဖစ္ေၾကာင္း ေျပာပါတယ္။ ကမ္း႐ိုးတန္းေစာင့္တပ္က တပ္မႈးႀကီးကေတာ့ ေလွေပၚမွာ လူေပါင္း ၆၅ ေယာက္ပါလာမယ္လို႔ ယံုၾကည္ရေၾကာင္းနဲ႔ အခုအခ်ိန္အထိ ကယ္ဆယ္ႏိုင္ခဲ့သူ ၄၅ ဦးမွာ ႐ိုဟင္ဂ်ာ ၄၁ ဦးနဲ႔ ဘဂၤလာေဒ့ရွ္ႏိုင္ငံသား ၄ ဦး ပါၿပီး ေပ်ာက္ဆံုးေနသူေတြကိုေတာ့ ရွာေဖြေနဆဲပဲလို႔ ေျပာပါတယ္။

မေလးရွားႏိုင္ငံကို သြားဖို႔ အာရံုဦးမွာ ထြက္ခြါလာတဲ့ ဒီငါးဖမ္းေလွဟာ Cox's Bazar ကမ္း႐ိုးတန္းမွာ နစ္ျမဳပ္ခဲ့တာပါ။ အဲဒီေဒသမွာ ျမန္မာႏိုင္ငံက ထြက္ေျပးခိုလႈံေနတဲ့ ႐ိုဟင္ဂ်ာ ၁ သန္းေလာက္ေနထိုင္တာ ျဖစ္ၿပီး အေျခေနဆိုးတဲ့ ဘဂၤလားေဒ့ရွ္က ဒုကၡသည္စခန္းေတြေန ျပည္ပႏိုင္ငံေတြကို ထြက္ခြါဖို႔ ႀကိဳးစားေနၾကတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

....................................................

ဘင်္ဂလားဒေ့ရှ် ကမ်းလွန်မှာ ရိုဟင်ဂျာစက်လှေ နစ်မြုပ်မှု အနည်းဆုံး ၃ ဦးသေ

{{Zawgyi/Unicode}}
ရိုဟင်ဂျာတွေကို တင်ဆောင်လာတဲ့ လှေတစင်းဟာ အင်္ဂါနေ့က ဆိုးဝါးတဲ့ ရာသီဥတုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းရိုးတန်းမှာ နစ်မြုပ်သွားပြီး အနည်းဆုံး ၃ ဦး ရေနစ်သေဆုံးရသလို လူ ၂၀ လောက်က ပျောက်ဆုံးနေဆဲပဲလို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ပြောပါတယ်။

ဖမ်းမိတဲ့ငါးတွေကို သိမ်းဆည်းထားလေ့ရှိတဲ့ လှေဝမ်းထဲမှာ ရိုဟင်ဂျာတွေ လိုက်ပါလာတာဖြစ်ပြီး၊ စက်လှေဝမ်းပိုင်း အက်ကွဲရာက ရေတွေဝင်လာတဲ့အတွက် လိုက်ပါလာသူတွေ ရေထဲခုန်ဆင်းကြတာ ဖြစ်ကြောင်း အသက်မသေပဲ ကျန်ရစ်သူ Noor Mohammad ကပြောပါတယ်။

“လှေထဲကို ရေတွေ ဝင်လာတော့ လူမှောင်ခိုတွေက ကျနော်တို့ကို ရေတွေ ပက်ထုတ်ခိုင်းတယ်။ အားလုံးကြောက်လန့်တကြား ဖြစ်နေတယ်။ လှေပေါ်မှာ အားလုံးပေါင်းက ၆၈ ယောက်ပါပါတယ်။ လှေပေါ်က ခုန်ချတဲ့သူက အများကြီးပဲ။ ဘယ်နှစ်ယောက်ရှင်သလဲတော့ မသိဘုူး” လို့ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် ရဲစစ်ဆေးရေးမှုး Nur Mohammad ကတော့ ကမ်းရိုးတန်းက Halbunia ရွာကလေးမှာ ရေလှိုင်းနဲ့အတူပါလာတဲ့ အလောင်း ၃ လောင်း လာတင်နေတာတွေ့ရပြီး သူတို့ဟာ အသက် ၁၈ နှစ်ကနေ ၂၀ ကြား ရိုဟင်ဂျာအမျိုးသမီးတွေဖြစ်ကြောင်း ပြောပါတယ်။ ကမ်းရိုးတန်းစောင့်တပ်က တပ်မှုးကြီးကတော့ လှေပေါ်မှာ လူပေါင်း ၆၅ ယောက်ပါလာမယ်လို့ ယုံကြည်ရကြောင်းနဲ့ အခုအချိန်အထိ ကယ်ဆယ်နိုင်ခဲ့သူ ၄၅ ဦးမှာ ရိုဟင်ဂျာ ၄၁ ဦးနဲ့ ဘင်္ဂလာဒေ့ရှ်နိုင်ငံသား ၄ ဦး ပါပြီး ပျောက်ဆုံးနေသူတွေကိုတော့ ရှာဖွေနေဆဲပဲလို့ ပြောပါတယ်။

မလေးရှားနိုင်ငံကို သွားဖို့ အာရုံဦးမှာ ထွက်ခွါလာတဲ့ ဒီငါးဖမ်းလှေဟာ Cox's Bazar ကမ်းရိုးတန်းမှာ နစ်မြုပ်ခဲ့တာပါ။ အဲဒီဒေသမှာ မြန်မာနိုင်ငံက ထွက်ပြေးခိုလှုံနေတဲ့ ရိုဟင်ဂျာ ၁ သန်းလောက်နေထိုင်တာ ဖြစ်ပြီး အခြေနေဆိုးတဲ့ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေနေ ပြည်ပနိုင်ငံတွေကို ထွက်ခွါဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG