သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

  ျမန္မာဘက္က အေျမာက္က်ည္ထိမွန္လို႔ ဘဂၤလာဘက္မွာ ေသဆံုးထိခိုက္မႈရွိ


Rohingya camp in Cox’s Bazaar, Bangladesh

ေသာၾကာေန႔က ျမန္မာဖက္က ပစ္ခတ္လိုက္တဲ့ ေမာ္တာက်ည္ က်ေရာက္ေပါက္ကြဲခဲ့တဲ့အတြက္ အသက္ ၁၈ ႏွစ္အ႐ြယ္ ႐ိုဟင္ဂ်ာ လူငယ္တဦး ေသဆုံးၿပီး အနည္းဆုံး ၆ ဦး ဒဏ္ရာရရွိခဲ့တယ္လို႔ ဘဂၤလားေဒ့ရွ္ အာဏာပိုင္ေတြနဲ႔ ႐ိုဟင္ဂ်ာ အသိုင္းအဝိုင္းက ေျပာပါတယ္။

ျမန္မာဘက္က အေျမာက္က်ည္ထိမွန္လို႔ ဘဂၤလာဘက္မွာ ေသဆံုးထိခိုက္မႈရွိ

{{Zawgyi/Unicode}}

ေသာၾကာေန႔က ျမန္မာဖက္က ပစ္ခတ္လိုက္တဲ့ ေမာ္တာက်ည္ က်ေရာက္ေပါက္ကြဲခဲ့တဲ့အတြက္ အသက္ ၁၈ ႏွစ္အ႐ြယ္ ႐ိုဟင္ဂ်ာ လူငယ္တဦး ေသဆုံးၿပီး အနည္းဆုံး ၆ ဦး ဒဏ္ရာရရွိခဲ့တယ္လို႔ ဘဂၤလားေဒ့ရွ္ အာဏာပိုင္ေတြနဲ႔ ႐ိုဟင္ဂ်ာ အသိုင္းအဝိုင္းက ေျပာပါတယ္။ အဲဒီလို ျဖစ္ရပ္ေၾကာင့္ နယ္စပ္အနီး ဒုကၡသည္စခန္းေတြမွာ ေနထိုင္ၾကတဲ့ ႐ိုဟင္ဂ်ာ မြတ္ဆလင္ေတြအၾကား အထိတ္တလန႔္ ျဖစ္ေနၾကတယ္လို႔္ နယ္စပ္အနီး Tumbru ဒုကၡသည္စခန္းက ေခါင္းေဆာင္တဦးျဖစ္တဲ့ Dil Mohammad က ေျပာပါတယ္။

ဘဂၤလားေဒ့ရွ္ နယ္ျခားေစာင့္တပ္ဖြဲ႕ရဲ႕ စစ္ဆင္ေရးဆိုင္ရာ အႀကီးအကဲ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး Faizur Rahman ကလည္း အဲဒီပစ္ခတ္မႈေၾကာင့္ ႐ိုဟင္ဂ်ာ လူငယ္တဦး ေသဆုံးခဲ့ေၾကာင္း AFP သတင္းဌာန ကို ေျပာပါတယ္။ အဲဒီအတြက္ သူတို႔တပ္ဖြဲ႕အေနနဲ႔ နယ္စပ္ေဒသကို လုံၿခဳံစိတ္ခ်ေအာင္ ကာကြယ္သြားမွာ ျဖစ္ေၾကာင္း နဲ႔ ျမန္မာဖက္ကိုလည္း ျပင္းျပင္းထန္ထန္ ကန႔္ကြက္သြားမွာျဖစ္ေၾကာင္း ေျပာပါတယ္။

ဒီလအေစာပိုင္းကလည္း ျမန္မာဖက္ကေန ဘဂၤလားေဒရွ္ပိုင္နက္အတြင္း လက္နက္ႀကီး က်ည္ဆံက်ေရာက္ေပါက္ကြဲမႈနဲ႔ ေလေၾကာင္းပိုင္နက္ ခ်ဳိးေဖာက္မႈတို႔အတြက္ ဘဂၤလားေ့ဒရွ္ဆိုင္ရာ ျမန္မာသံအမတ္ႀကီးကို သုံးၾကိမ္တိုင္တုိင္ ဆင့္ေခၚၿပီး စိုးရိမ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။

ရခိုင္ျပည္နယ္အတြင္း ဘဂၤလားေဒ့ရွ္နယ္စပ္မွာ ျမန္မာစစ္ေကာင္စီတပ္ေတြနဲ႔ ရခိုင္တပ္ေတာ္ AA တို႔ အၾကားတိုက္ပြဲေတြ ျပင္းထန္ေနပါတယ္။မြတ္ဆလင္ ႐ိုဟင္ဂ်ာေတြဟာ ျမန္မာစစ္တပ္ရဲ႕ ရန္ကို စိုးရိမ္ၿပီး နယ္စပ္ျဖတ္ေက်ာ္ကာ ဘဂၤလားေဒ့ရွ္ႏိုင္ငံအတြင္းက ဒုကၡသည္စခန္းေတြမွာ ခိုလႈံေနထိုင္ေနၾကပါတယ္။ ျမန္မာစစ္တပ္ကေတာ့ ရိုဟင္ဂ်ာဆိုတဲ့ အသုံးအႏႈန္းကို အသိအမွတ္ျပဳျခင္းမရွိပါဘူး။

တိုက္႐ိုက္ လင့္ခ္

.........................................................

မြန်မာဘက်က အမြောက်ကျည်ထိမှန်လို့ ဘင်္ဂလာဘက်မှာ သေဆုံးထိခိုက်မှုရှိ

{{Zawgyi/Unicode}}

သောကြာနေ့က မြန်မာဖက်က ပစ်ခတ်လိုက်တဲ့ မော်တာကျည် ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အသက် ၁၈ နှစ်အရွယ် ရိုဟင်ဂျာ လူငယ်တဦး သေဆုံးပြီး အနည်းဆုံး ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေနဲ့ ရိုဟင်ဂျာ အသိုင်းအဝိုင်းက ပြောပါတယ်။အဲဒီလို ဖြစ်ရပ်ကြောင့် နယ်စပ်အနီး ဒုက္ခသည်စခန်းတွေမှာ နေထိုင်ကြတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေအကြား အထိတ်တလန့် ဖြစ်နေကြတယ်လို့် နယ်စပ်အနီး Tumbru ဒုက္ခသည်စခန်းက ခေါင်းဆောင်တဦးဖြစ်တဲ့ Dil Mohammad က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ရဲ့ စစ်ဆင်ရေးဆိုင်ရာ အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး Faizur Rahman ကလည်း အဲဒီပစ်ခတ်မှုကြောင့် ရိုဟင်ဂျာ လူငယ်တဦး သေဆုံးခဲ့ကြောင်း AFP သတင်းဌာန ကို ပြောပါတယ်။ အဲဒီအတွက် သူတို့တပ်ဖွဲ့အနေနဲ့ နယ်စပ်ဒေသကို လုံခြုံစိတ်ချအောင် ကာကွယ်သွားမှာ ဖြစ်ကြောင်း နဲ့ မြန်မာဖက်ကိုလည်း ပြင်းပြင်းထန်ထန် ကန့်ကွက်သွားမှာဖြစ်ကြောင်း ပြောပါတယ်။

ဒီလအစောပိုင်းကလည်း မြန်မာဖက်ကနေ ဘင်္ဂလားဒေရှ်ပိုင်နက်အတွင်း လက်နက်ကြီး ကျည်ဆံကျရောက်ပေါက်ကွဲမှုနဲ့ လေကြောင်းပိုင်နက် ချိုးဖောက်မှုတို့အတွက် ဘင်္ဂလားေ့ဒရှ်ဆိုင်ရာ မြန်မာသံအမတ်ကြီးကို သုံးကြိမ်တိုင်တိုင် ဆင့်ခေါ်ပြီး စိုးရိမ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ မြန်မာစစ်ကောင်စီတပ်တွေနဲ့ ရခိုင်တပ်တော် AA တို့ အကြားတိုက်ပွဲတွေ ပြင်းထန်နေပါတယ်။မွတ်ဆလင် ရိုဟင်ဂျာတွေဟာ မြန်မာစစ်တပ်ရဲ့ ရန်ကို စိုးရိမ်ပြီး နယ်စပ်ဖြတ်ကျော်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းက ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေထိုင်နေကြပါတယ်။ မြန်မာစစ်တပ်ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို အသိအမှတ်ပြုခြင်းမရှိပါဘူး။

XS
SM
MD
LG