သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာ ဒုကၡသည္ေတြ ယာယီ ခိုလံႈေရး စီစဥ္ေပးဖို႔ အာေခ်း အစိုးရကို ေတာင္းဆို


Indonesia Rohingya Refugees

အင္ဒိုနီးရွားႏိုင္ငံ  ေျမာက္ပိုင္း အာေခ်း ေဒသကို မၾကာခင္ရက္ပိုင္း အတြင္း ေရာက္လာတဲ႔ ရိုဟင္ဂ်ာ မြတ္ဆလင္ ဒုကၡသည္ေတြ အတြက္ ယာယီခိုလံႈေရး ေနရာတခု စီစဥ္ေပးဖို႔ ဗဟို နဲ႔ ျပည္နယ္အစိုးရ တို႔ကို ေဒသဆိုင္ရာ အကူအညီေပးေရး အဖြဲ႔ေတြက ေတာင္းဆိုလုိက္ၾကပါတယ္။

႐ိုဟင္ဂ်ာ ဒုကၡသည္ေတြ ယာယီ ခိုလံႈေရး စီစဥ္ေပးဖို႔ အာေခ်း အစိုးရကို ေတာင္းဆို

{{Zawgyi/Unicode}}
အင္ဒိုနီးရွားႏိုင္ငံ ေျမာက္ပိုင္း အာေခ်း ေဒသကို မၾကာခင္ရက္ပိုင္း အတြင္း ေရာက္လာတဲ႔ ရိုဟင္ဂ်ာ မြတ္ဆလင္ ဒုကၡသည္ေတြ အတြက္ ယာယီခိုလံႈေရး ေနရာတခု စီစဥ္ေပးဖို႔ ဗဟို နဲ႔ ျပည္နယ္အစိုးရ တို႔ကို ေဒသဆိုင္ရာ အကူအညီေပးေရး အဖြဲ႔ေတြက ေတာင္းဆိုလုိက္ၾကပါတယ္။ Lhoksukon ၿမိဳ႕ အစိုးရရုံးရဲ႕ေရွ႕မွာ ဒုကၡသည္ ၁၁၁ ဦးဟာ ၾကာသပေတးေန႔ကတည္းက ေနထိုင္ေနၾကပါတယ္။

သူတုိ႔ဟာ Aceh ျပည္နယ္ ေျမာက္ပုိင္းကမ္းေျခကို ဒီလ ႏိုဝင္ဘာ ၁၅ ရက္ေန႔က စက္ေလွနဲ႔ ေရာက္ရွိလာၾကပါတယ္။ ဒုကၡသည္ေတြ အေရး တုံ႔ျပန္ကိုင္တြယ္ေရးမွာ ဗဟိုနဲ႔ ေဒသဆိုင္ရာ အစိုးရေတြ ပူးေပါင္းေဆာင္ရြက္ၾကဖို႔ ဒုကၡသည္ အခြင့္အေရး ကာကြယ္ေရး အဖြဲ႔ အႀကီးအကဲ Atika Yuanita Paraswaty က တိုက္တြန္းပါတယ္။ အခုအခ်ိန္ထိေတာ့ ဘာမွမလုပ္ေသးပါဘူး။ အစိုးရက တာ၀န္မယူဘဲ ေရွာင္လႊဲေနပါတယ္လို႔ သူမက ဗြီအိုေအကို ေျပာပါတယ္။

ေက်းရြာ အႀကီးအကဲ က ဒုကၡသည္ေတြကို ဘာသာေရး အေဆာက္အအံု တခုမွာ ကနဦး အေနနဲ႔ ယာယီ ေနရာခ်ထားေပးခဲ႔တာပါ။ ဒါေပမဲ႔လည္း ရြာခံေတြက ဒုကၡသည္ေတြကို အစိုးရက တာ၀န္ယူဖို႔ ေတာင္းဆိုခဲ႔ၾကၿပီး သူတို႔ကို ေျမာက္ပိုင္း အာေခ်း ေဒသ အုပ္ခ်ဳပ္ေရးရံုးေတြဆီ ေခၚသြားခဲ႔ၾကၿပီး ဒုကၡသည္ေတြ အဲဒီမွာ တည အိပ္ခဲ႔ရပါတယ္။

ေနာက္ပိုင္းမွာေတာ့ ေျမာက္ပိုင္း အာေခ်း ေဒသဆိုင္ရာ ေဘးဒုကၡ တုံ႔ျပန္ေဆာင္ရြက္ေရး ရံုးေရွ႕ကို ေရာက္သြားၾကပါတယ္။ ေျမာက္ပိုင္း အာေခ်း ေဒသဆိုင္ရာ အုပ္ခ်ဳပ္ေရးအဖြဲ႔ရဲ႕ ျပန္ၾကားေရး ဌာန အႀကီးကအဲ Hamdani က ဒုကၡသည္ေတြ အေနနဲ႔ Lhokseumawe ၿမိဳ႕က လူ၀င္မႈႀကီးၾကပ္ေရး ရံုးေဟာင္းမွာ ယာယီ ေနထိုင္ခြင့္ ျပဳထားေၾကာင္း ေျပာေပမဲ႔ ႏို၀င္ဘာလ ၂၈ ရက္ေန႔ တနလာၤေန႔ထိ ဒုကၡသည္ေတြဟာ အုပ္ခ်ဳပ္ေရး ရံုး၀န္းထဲကေန မေရႊ႕ေျပာင္းရေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

ရိုဟင်ဂျာ ဒုက္ခသည်တွေ ယာယီ ခိုလှုံရေး စီစဉ်ပေးဖို့ အာချေး အစိုးရကို တောင်းဆို


အင်ဒိုနီးရှားနိုင်ငံ မြောက်ပိုင်း အာချေး ဒေသကို မကြာခင်ရက်ပိုင်း အတွင်း ရောက်လာတဲ့ ရိုဟင်ဂျာ မွတ်ဆလင် ဒုက္ခသည်တွေ အတွက် ယာယီခိုလှုံရေး နေရာတခု စီစဉ်ပေးဖို့ ဗဟို နဲ့ ပြည်နယ်အစိုးရ တို့ကို ဒေသဆိုင်ရာ အကူအညီပေးရေး အဖွဲ့တွေက တောင်းဆိုလိုက်ကြပါတယ်။ Lhoksukon မြို့ အစိုးရရုံးရဲ့ရှေ့မှာ ဒုက္ခသည် ၁၁၁ ဦးဟာ ကြာသပတေးနေ့ကတည်းက နေထိုင်နေကြပါတယ်။

သူတို့ဟာ Aceh ပြည်နယ် မြောက်ပိုင်းကမ်းခြေကို ဒီလ နိုဝင်ဘာ ၁၅ ရက်နေ့က စက်လှေနဲ့ ရောက်ရှိလာကြပါတယ်။ ဒုက္ခသည်တွေ အရေး တုံ့ပြန်ကိုင်တွယ်ရေးမှာ ဗဟိုနဲ့ ဒေသဆိုင်ရာ အစိုးရတွေ ပူးပေါင်းဆောင်ရွက်ကြဖို့ ဒုက္ခသည် အခွင့်အရေး ကာကွယ်ရေး အဖွဲ့ အကြီးအကဲ Atika Yuanita Paraswaty က တိုက်တွန်းပါတယ်။ အခုအချိန်ထိတော့ ဘာမှမလုပ်သေးပါဘူး။ အစိုးရက တာဝန်မယူဘဲ ရှောင်လွှဲနေပါတယ်လို့ သူမက ဗွီအိုအေကို ပြောပါတယ်။

ကျေးရွာ အကြီးအကဲ က ဒုက္ခသည်တွေကို ဘာသာရေး အဆောက်အအုံ တခုမှာ ကနဦး အနေနဲ့ ယာယီ နေရာချထားပေးခဲ့တာပါ။ ဒါပေမဲ့လည်း ရွာခံတွေက ဒုက္ခသည်တွေကို အစိုးရက တာဝန်ယူဖို့ တောင်းဆိုခဲ့ကြပြီး သူတို့ကို မြောက်ပိုင်း အာချေး ဒေသ အုပ်ချုပ်ရေးရုံးတွေဆီ ခေါ်သွားခဲ့ကြပြီး ဒုက္ခသည်တွေ အဲဒီမှာ တည အိပ်ခဲ့ရပါတယ်။

နောက်ပိုင်းမှာတော့ မြောက်ပိုင်း အာချေး ဒေသဆိုင်ရာ ဘေးဒုက္ခ တုံ့ပြန်ဆောင်ရွက်ရေး ရုံးရှေ့ကို ရောက်သွားကြပါတယ်။ မြောက်ပိုင်း အာချေး ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ရဲ့ ပြန်ကြားရေး ဌာန အကြီးကအဲ Hamdani က ဒုက္ခသည်တွေ အနေနဲ့ Lhokseumawe မြို့က လူဝင်မှုကြီးကြပ်ရေး ရုံးဟောင်းမှာ ယာယီ နေထိုင်ခွင့် ပြုထားကြောင်း ပြောပေမဲ့ နိုဝင်ဘာလ ၂၈ ရက်နေ့ တနလာၤနေ့ထိ ဒုက္ခသည်တွေဟာ အုပ်ချုပ်ရေး ရုံးဝန်းထဲကနေ မရွှေ့ပြောင်းရသေးပါဘူး။

XS
SM
MD
LG