႐ိုဟင္ဂ်ာ လူမ်ိဳးတုံး သတ္ျဖတ္မူ ICJ စီရင္ပိုင္ခြင့္ ျမန္မာ ကနဦး ကန႔္ကြက္ခ်က္ NUG ႐ုတ္သိမ္း
{{Zawgyi/Unicode}}
ျမန္မာႏိုင္ငံကို ႐ိုဟင္ဂ်ာလူမ်ိဳးတုံးသတ္ျဖတ္မူ စြဲခ်က္နဲ႔ ICJ ႏိုင္ငံတကာတရား႐ုံးရဲ႕ စီရင္ပိုင္ခြင့္ကို NLD အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ အစိုးရ ကနဦး ကန႔္ကြက္ခဲ့တာ အားလုံးကို ျပန္႐ုတ္သိမ္းလိုက္တဲ့အေၾကာင္း NUG ၾကားကာလ အမ်ိဳးသားညီၫြတ္ေရးအစိုးရ က ေၾကညာခ်က္ထုတ္ျပန္လိုက္ပါတယ္ ။ ေဖေဖာ္ဝါရီ ၂၁ ရက္မွာ ICJ ကၾကားနာဖို႔ ရွိတဲ့ စစ္ေကာင္စီရဲ႕ေခ်ပမူကို ဖ်က္သိမ္းၿပီး၊ NUG ကိုယ္စားလွယ္ကိုသာ လက္ခံေျဖရွင္းခြင့္ေပးဖို႔ ICJ ကို ေတာင္းဆိုထားပါတယ္။ ဘာေၾကာင့္ အခုလို ႐ုတ္သိမ္းရၿပီး၊ ေရွ.ဆက္ စီရင္မူ ျဖစ္ႏိုင္ေျခ အလားအလာနဲ႔ ပတ္သက္လို႔ Tampadipa မူဝါဒေလ့လာေရးအဖြဲ႕ ဒါ႐ိုက္တာ ေဒါက္တာခင္ေဇာ္ဝင္း နဲ႔ ျမန္မာ႐ိုဟင္ဂ်ာမ်ားအဖြဲ႕ (UK) ဥကၠဌ ဦးထြန္းခင္ တို႔ကို ကိုဝင္းမင္းက ေမးထားပါတယ္။
ကိုဝင္းမင္း ။. ။ အခုလိုလူမ်ဳိးတုံးသတ္ျဖတ္မႈဆိုင္ရာ ကနဦးကန္႔ကြက္မႈကို NUG ဖက္က ျပန္ရုတ္သိမ္းလိုက္ရတာရဲ႕ အေရးပါမႈကို Tampadipa တမၸဒီပ အင္စတီက်ဳ႕ မူဝါဒေလ့လာေရးအဖြဲ႔က ေဒါက္တာ ခင္ေဇာ္ဝင္း က
ေဒါက္တာ ခင္ေဇာ္ဝင္း ။. ။ ဒါက သဘာဝက်တယ္။ေဒၚေအာင္ဆန္းစုၾကည္ က ရွင္းရွင္းေျပာရင္ဗ်ာ။ မဟုတ္တာလုပ္ခဲ့တာ။ အဲဒါနဲ႔ကို တုိင္းျပည္ေကာ လူမ်ဳိးေတြေကာ ခ်ာလပတ္လည္ကုန္တာ။ အခုေတာ့ အစိုးရအေကာင္းပဲေျပာမွာေပါ့။ ဒီ ကလည္း ေခါင္းေအးေအးနဲ႔ စဥ္းစားၿပီးေတာ့ မဟုတ္တဲ့ဟာကို မမွန္တဲ့ဟာကို ျပင္လုိက္တာ ။ က်ေနာ္ကဝမ္းသာတယ္။ ေျပာင္းလည္ပစ္ရမယ္။ ဒီလိုပဲျဖစ္ရမွာ။ ေဒၚေအာင္ဆန္းစုၾကည္ လည္း ဘူးခံခဲ့တာပဲ။ စစ္ဗိုလ္ေတြကလည္း ဘူးခံခဲ့တာပဲ။ လုံးဝေရွ႕ဆက္သြားလို႔လည္းမရဘူး။ အေျဖလည္းမေပၚဘူး။ အခုဟာက ပထမအဆင့္ေတာ့ ပထမအဆင့္ေပါ့ဗ်ာ။
ကိုဝင္းမင္း ။. ။ ဒါအျပင္ ျမန္မာ ရိုဟင္ဂ်ာမ်ားအဖြဲ႔ UK ဥကၠဌ ဦးထြန္းခင္ ကလည္း
ဦးထြန္းခင္ ။. ။ က်ေနာ္တို႔အေနနဲ႔ NUG အမ်ဳိးသားညီညြတ္ေရးအစိုးရ က်ေနာ္တို႔ တႏိုင္ငံလုံးကို ကိုယ္စားျပဳတဲ့အစိုးရတရပ္အေနနဲ႔ လူမ်ဳိးတုံးသတ္ျဖတ္မႈနဲ႔ ပတ္သက္လို႔ Preliminary objections ကန္႔ကြက္မႈကို ICJ ကမၻာ့တရားရုံးမွာ ရုတ္သိမ္းတာဟာ က်ေနာ္တို႔ႏိုင္ငံအတြက္ လကၡဏာေကာင္းျဖစ္တယ္။ ရိုဟင္ဂ်ာေတြအားလုံးက NUG ရဲ႕ ရုတ္သိမ္းမႈအေပၚမွာ ႀကိဳဆိုတယ္။ ဒီမွာတခုေတြ႔ရတာက NLD အစိုးရက လူမ်ဳိးတုံးသတ္ျဖတ္မႈကို ျငင္းဆန္ခဲ့သလို NUG က မၿငင္းဆန္ဘူး။ NLD လုပ္ခဲ့သလိုမလုပ္ဘူး။ ဒီဟာမွာ ေပၚလြင္ေနတာက NUG သည္ က်ေနာ္တို႔ႏိုင္ငံရဲ႕ တရားမွ်တတဲ့ မ႑ိဳင္ေတြအားလုံးမွာ ႏိုင္ငံတကာနဲ႔ ပူးေပါင္းသြားမယ္ဆိုတဲ့ဟာက ဒီေနရာမွာ ေပၚေပၚလြင္လြင္ထင္ထင္ရွားရွားေတြ႔ရတယ္။ အဲဒီအတြက္ က်ေနာ္တုိ႔ႏိုင္ငံသူ ႏိုင္ငံသားအားလုံးအတြက္ အားရစရာပါ။
ကိုဝင္းမင္း ။. ။ ဘာေၾကာင့္အခုခ်ိန္မွာျပန္ရုပ္သိမ္းလိုက္တာျဖစ္ႏိုင္လဲလို႔ ေမးရာမွာ ဦးထြန္းခင္ က ဆက္ၿပီးေတာ့
ဦးထြန္းခင္ ။. ။ ဘာေၾကာင့္ျဖစ္လဲဆိုရင္ က်ေနာ္တို႔ႏိုင္ငံမွာ ရိုဟင္ဂ်ာလူမ်ဳိးတုံးသတ္ျဖတ္မႈျဖစ္တုံးက ႏိုင္ငံသူႏိုင္ငံသားအားလုံး လက္မခံခဲ့ဘူး။ မျဖစ္ဘူးလို႔ထင္ခဲ့တယ္။ရိုဟင္ဂ်ာေတြဆိုရင္က အိမ္ေတြရြာေတြ မီးရိႈ႕တာက ကိုယ္ဟာကိုယ္မီးရိႈ႕တယ္လို႔ ေျပာခဲ့ၾကတယ္။ ဒါေပမယ့္ အခု ခ်င္းျပည္နယ္ ထန္တလန္တို႔၊ ကရင္နီတို႔၊ ကရင္ျပည္နယ္တို႔၊ စစ္ကိုင္းတိုင္းတို႔မွာ ျဖစ္ေနတာမွာ က်ေနာ္တို႔ႏိုင္ငံသူ ႏိုင္ငံသားအားလုံး NUG သေဘာေပါက္သြားတာက ဒါေတြက စစ္တပ္က လုပ္ခဲ့တယ္ဆိုတဲ့ဟာက ေပၚေပၚတင္တင္ေတြ႔ရတယ္။ လူမ်ုိးတုံးသတ္ျဖတ္မႈေတြက ရုိဟင္ဂ်ာတင္မကဘူး။ တျခားလူနည္းစု ကရင္ေတြေရာ၊ ခ်င္းေတြေရာ လူမ်ုိးတုံးသတ္ျဖတ္မႈက ရည္ရြယ္ခ်က္ရွိရွိလုပ္ေနၿပီဆိုတာ ထင္ထင္ရွားရွားေတြ႔ရတယ္။ ဒါေတြကို အခုခ်ိန္မွာ အားလုံးသေဘာေပါက္ၿပီလို႔ က်ေနာ္က ယူဆပါတယ္။
ကိုဝင္းမင္း ။. ။ အခုလိုရုတ္သိမ္းမႈေၾကာင့္ ICJ တရားစီရင္မႈကို ဆက္ျဖစ္လာမွာေမးရာမွာ ေဒါက္တာခင္ေဇာ္ဝင္း က.
ေဒါက္တာခင္ေဇာ္ဝင္း ။. ။ ဖြင့္တာမေျပာတာပါ။ အားလုံးက ဒါကိုေမွ်ာ္လင့္ေနၾကတာပါ။ အဆိုးဆုံးသံသရာထဲကေနၿပီးေတာ့ ဘာေပၚလာမလဲဆိုတာ ICJ ကအစတျခား ႏိုင္ငံေတြကလည္း ေမွ်ာ္လင့္ေနတာပဲ။ ဒီဟာက ေတာ္ေတာ္ေလးကိုပဲ အေရးပါမယ္။ ဒါကို ရဲရဲဝံဝံ မွန္မွန္ကန္ကန္နဲ႕ ရင္ဆိုင္ရမယ္။ အရင္စစ္တပ္ကလည္း မွားခဲ့တယ္။ ေဒၚေအာင္ဆန္းစုၾကည္ကလည္း မွားခဲ့တယ္။ Out Of Court Settlements ဆိုတာေပါ့ဗ်ာ။ ဒီအမႈစြဲတင္လာတဲ့ ဂန္ဘီယာႏိုင္ငံ က. ပုဂၢိဳလ္ေတြနဲ႔ ျမန္မာျပည္က NUG က ပုဂၢိဳလ္ေတြ ေတြ႔ဖို႔လိုလိမ့္မယ္။ Informally ေပါ့ဗ်ာ။ ကဲ ပြင့္ပြင့္လင္းလင္းေျပာၾကပါ။ ေျပာင္ေျပာလုိက္၊ ပြင့္ပြင့္လင္းလင္းေျပာလုိက္ အဲဒါအေကာင္းဆုံးပဲ။
ကိုဝင္းမင္း ။. ။ ဒီအေပၚမွာ ဦးထြန္းခင္ က
ဦးထြန္းခင္ ။. ။အခုလို ကန္႔ကြက္မႈေၾကာင့္ ခုံရုံးလုပ္ငန္းစဥ္ေတြမွာေတာ့ တရားရုံးက ကိုယ္စားျပဳမႈဆိုတာေတာ့ရွိတယ္။ အဲဒါက်ေနာ္တို႔ ရုိဟင္ဂ်ာေတြအေနနဲ႔ကေတာ့ ဒီေက့စ္ မွာ NUG ကို အာဏာသိမ္း စစ္ေကာင္စီအစားတက္ေရာက္ေစခ်င္ပါတယ္။ တရားေရးမ႑ိဳင္မွာလည္း NUG ရဲ႕ ရုပ္သိမ္းမႈဟာ ပိုၿပီးထိထိေရာက္ေရာက္ အေရးပါမယ္လို႔ ထင္ပါတယ္။ ဒီလိုၾကားနာမႈ စစ္ေဆးမႈေတြမွာ NUG အခမ္းက႑ကလည္း ရွိေနလိမ့္မယ္လို႔ က်ေနာ္ယုံၾကည္ပါတယ္။
ကိုဝင္းမင္း ။. ။ တကယ္ေတာ့ ဒီ ICJ အမႈအတြက္ စစ္ေကာင္စီဖက္ကလည္း ျပန္လည္ေခ်ပဖို႔ ျပင္ဆင္ထားေၾကာင္း စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း က ဗြီအိုေအ ကိုေျပာၾကားခဲ့ပါတယ္ခင္ဗ်ာ။
.................................................................
ရိုဟင်ဂျာ လူမျိုးတုံး သတ်ဖြတ်မူ ICJ စီရင်ပိုင်ခွင့် မြန်မာ ကနဦး ကန့်ကွက်ချက် NUG ရုတ်သိမ်း
{{Unicode}}
မြန်မာနိုင်ငံကို ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မူ စွဲချက်နဲ့ ICJ နိုင်ငံတကာတရားရုံးရဲ့ စီရင်ပိုင်ခွင့်ကို NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ ကနဦး ကန့်ကွက်ခဲ့တာ အားလုံးကို ပြန်ရုတ်သိမ်းလိုက်တဲ့အကြောင်း NUG ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ် ။ ဖေဖော်ဝါရီ ၂၁ ရက်မှာ ICJ ကကြားနာဖို့ ရှိတဲ့ စစ်ကောင်စီရဲ့ချေပမူကို ဖျက်သိမ်းပြီး၊ NUG ကိုယ်စားလှယ်ကိုသာ လက်ခံဖြေရှင်းခွင့်ပေးဖို့ ICJ ကို တောင်းဆိုထားပါတယ်။ ဘာကြောင့် အခုလို ရုတ်သိမ်းရပြီး၊ ရှေ.ဆက် စီရင်မူ ဖြစ်နိုင်ခြေ အလားအလာနဲ့ ပတ်သက်လို့ Tampadipa မူဝါဒလေ့လာရေးအဖွဲ့ ဒါရိုက်တာ ဒေါက်တာခင်ဇော်ဝင်း နဲ့ မြန်မာရိုဟင်ဂျာများအဖွဲ့ (UK) ဥက္ကဌ ဦးထွန်းခင် တို့ကို ကိုဝင်းမင်းက မေးထားပါတယ်။
ကိုဝင်းမင်း ။. ။ အခုလိုလူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ကနဦးကန့်ကွက်မှုကို NUG ဖက်က ပြန်ရုတ်သိမ်းလိုက်ရတာရဲ့ အရေးပါမှုကို Tampadipa တမ္ပဒီပ အင်စတီကျု့ မူဝါဒလေ့လာရေးအဖွဲ့က ဒေါက်တာ ခင်ဇော်ဝင်း က
ဒေါက်တာ ခင်ဇော်ဝင်း ။. ။ ဒါက သဘာဝကျတယ်။ဒေါ်အောင်ဆန်းစုကြည် က ရှင်းရှင်းပြောရင်ဗျာ။ မဟုတ်တာလုပ်ခဲ့တာ။ အဲဒါနဲ့ကို တိုင်းပြည်ကော လူမျိုးတွေကော ချာလပတ်လည်ကုန်တာ။ အခုတော့ အစိုးရအကောင်းပဲပြောမှာပေါ့။ ဒီ ကလည်း ခေါင်းအေးအေးနဲ့ စဉ်းစားပြီးတော့ မဟုတ်တဲ့ဟာကို မမှန်တဲ့ဟာကို ပြင်လိုက်တာ ။ ကျနော်ကဝမ်းသာတယ်။ ပြောင်းလည်ပစ်ရမယ်။ ဒီလိုပဲဖြစ်ရမှာ။ ဒေါ်အောင်ဆန်းစုကြည် လည်း ဘူးခံခဲ့တာပဲ။ စစ်ဗိုလ်တွေကလည်း ဘူးခံခဲ့တာပဲ။ လုံးဝရှေ့ဆက်သွားလို့လည်းမရဘူး။ အဖြေလည်းမပေါ်ဘူး။ အခုဟာက ပထမအဆင့်တော့ ပထမအဆင့်ပေါ့ဗျာ။
ကိုဝင်းမင်း ။. ။ ဒါအပြင် မြန်မာ ရိုဟင်ဂျာများအဖွဲ့ UK ဥက္ကဌ ဦးထွန်းခင် ကလည်း
ဦးထွန်းခင် ။. ။ ကျနော်တို့အနေနဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရ ကျနော်တို့ တနိုင်ငံလုံးကို ကိုယ်စားပြုတဲ့အစိုးရတရပ်အနေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက်လို့ Preliminary objections ကန့်ကွက်မှုကို ICJ ကမ္ဘာ့တရားရုံးမှာ ရုတ်သိမ်းတာဟာ ကျနော်တို့နိုင်ငံအတွက် လက္ခဏာကောင်းဖြစ်တယ်။ ရိုဟင်ဂျာတွေအားလုံးက NUG ရဲ့ ရုတ်သိမ်းမှုအပေါ်မှာ ကြိုဆိုတယ်။ ဒီမှာတခုတွေ့ရတာက NLD အစိုးရက လူမျိုးတုံးသတ်ဖြတ်မှုကို ငြင်းဆန်ခဲ့သလို NUG က မငြင်းဆန်ဘူး။ NLD လုပ်ခဲ့သလိုမလုပ်ဘူး။ ဒီဟာမှာ ပေါ်လွင်နေတာက NUG သည် ကျနော်တို့နိုင်ငံရဲ့ တရားမျှတတဲ့ မဏ္ဍိုင်တွေအားလုံးမှာ နိုင်ငံတကာနဲ့ ပူးပေါင်းသွားမယ်ဆိုတဲ့ဟာက ဒီနေရာမှာ ပေါ်ပေါ်လွင်လွင်ထင်ထင်ရှားရှားတွေ့ရတယ်။ အဲဒီအတွက် ကျနော်တို့နိုင်ငံသူ နိုင်ငံသားအားလုံးအတွက် အားရစရာပါ။
ကိုဝင်းမင်း ။. ။ ဘာကြောင့်အခုချိန်မှာပြန်ရုပ်သိမ်းလိုက်တာဖြစ်နိုင်လဲလို့ မေးရာမှာ ဦးထွန်းခင် က ဆက်ပြီးတော့
ဦးထွန်းခင် ။. ။ ဘာကြောင့်ဖြစ်လဲဆိုရင် ကျနော်တို့နိုင်ငံမှာ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုဖြစ်တုံးက နိုင်ငံသူနိုင်ငံသားအားလုံး လက်မခံခဲ့ဘူး။ မဖြစ်ဘူးလို့ထင်ခဲ့တယ်။ရိုဟင်ဂျာတွေဆိုရင်က အိမ်တွေရွာတွေ မီးရှို့တာက ကိုယ်ဟာကိုယ်မီးရှို့တယ်လို့ ပြောခဲ့ကြတယ်။ ဒါပေမယ့် အခု ချင်းပြည်နယ် ထန်တလန်တို့၊ ကရင်နီတို့၊ ကရင်ပြည်နယ်တို့၊ စစ်ကိုင်းတိုင်းတို့မှာ ဖြစ်နေတာမှာ ကျနော်တို့နိုင်ငံသူ နိုင်ငံသားအားလုံး NUG သဘောပေါက်သွားတာက ဒါတွေက စစ်တပ်က လုပ်ခဲ့တယ်ဆိုတဲ့ဟာက ပေါ်ပေါ်တင်တင်တွေ့ရတယ်။ လူမျိုးတုံးသတ်ဖြတ်မှုတွေက ရိုဟင်ဂျာတင်မကဘူး။ တခြားလူနည်းစု ကရင်တွေရော၊ ချင်းတွေရော လူမျိုးတုံးသတ်ဖြတ်မှုက ရည်ရွယ်ချက်ရှိရှိလုပ်နေပြီဆိုတာ ထင်ထင်ရှားရှားတွေ့ရတယ်။ ဒါတွေကို အခုချိန်မှာ အားလုံးသဘောပေါက်ပြီလို့ ကျနော်က ယူဆပါတယ်။
ကိုဝင်းမင်း ။. ။ အခုလိုရုတ်သိမ်းမှုကြောင့် ICJ တရားစီရင်မှုကို ဆက်ဖြစ်လာမှာမေးရာမှာ ဒေါက်တာခင်ဇော်ဝင်း က.
ဒေါက်တာခင်ဇော်ဝင်း ။. ။ ဖွင့်တာမပြောတာပါ။ အားလုံးက ဒါကိုမျှော်လင့်နေကြတာပါ။ အဆိုးဆုံးသံသရာထဲကနေပြီးတော့ ဘာပေါ်လာမလဲဆိုတာ ICJ ကအစတခြား နိုင်ငံတွေကလည်း မျှော်လင့်နေတာပဲ။ ဒီဟာက တော်တော်လေးကိုပဲ အရေးပါမယ်။ ဒါကို ရဲရဲဝံဝံ မှန်မှန်ကန်ကန်နဲ့ ရင်ဆိုင်ရမယ်။ အရင်စစ်တပ်ကလည်း မှားခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း မှားခဲ့တယ်။ Out Of Court Settlements ဆိုတာပေါ့ဗျာ။ ဒီအမှုစွဲတင်လာတဲ့ ဂန်ဘီယာနိုင်ငံ က. ပုဂ္ဂိုလ်တွေနဲ့ မြန်မာပြည်က NUG က ပုဂ္ဂိုလ်တွေ တွေ့ဖို့လိုလိမ့်မယ်။ Informally ပေါ့ဗျာ။ ကဲ ပွင့်ပွင့်လင်းလင်းပြောကြပါ။ ပြောင်ပြောလိုက်၊ ပွင့်ပွင့်လင်းလင်းပြောလိုက် အဲဒါအကောင်းဆုံးပဲ။
ကိုဝင်းမင်း ။. ။ ဒီအပေါ်မှာ ဦးထွန်းခင် က
ဦးထွန်းခင် ။. ။အခုလို ကန့်ကွက်မှုကြောင့် ခုံရုံးလုပ်ငန်းစဉ်တွေမှာတော့ တရားရုံးက ကိုယ်စားပြုမှုဆိုတာတော့ရှိတယ်။ အဲဒါကျနော်တို့ ရိုဟင်ဂျာတွေအနေနဲ့ကတော့ ဒီကေ့စ် မှာ NUG ကို အာဏာသိမ်း စစ်ကောင်စီအစားတက်ရောက်စေချင်ပါတယ်။ တရားရေးမဏ္ဍိုင်မှာလည်း NUG ရဲ့ ရုပ်သိမ်းမှုဟာ ပိုပြီးထိထိရောက်ရောက် အရေးပါမယ်လို့ ထင်ပါတယ်။ ဒီလိုကြားနာမှု စစ်ဆေးမှုတွေမှာ NUG အခမ်းကဏ္ဍကလည်း ရှိနေလိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ်။
ကိုဝင်းမင်း ။. ။ တကယ်တော့ ဒီ ICJ အမှုအတွက် စစ်ကောင်စီဖက်ကလည်း ပြန်လည်ချေပဖို့ ပြင်ဆင်ထားကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း က ဗွီအိုအေ ကိုပြောကြားခဲ့ပါတယ်ခင်ဗျာ။