သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအကြမ်းဖက်သမားတွေ အိန္ဒိယမှာလေ့ကျင့်


နယူးဒေလီဒုက္ခသည်စခန်းတွင်ခိုလုံနေသော ရိုဟင်ဂျာ ဒုက္ခသည်များ
နယူးဒေလီဒုက္ခသည်စခန်းတွင်ခိုလုံနေသော ရိုဟင်ဂျာ ဒုက္ခသည်များ

India နိုင်ငံမှာ မြန်မာနိုင်ငံထဲကနေ တရားမဝင် ဝင်ရောက်လာတဲ့ရိုဟင်ဂျာ ၄ သောင်းလောက်ရှိပြီး အကြမ်းဖက်သမားတွေအဖြစ်တိုက်ခိုက်နိုင်အောင် လေ့ကျင့်နေကြတာက စိုးရိမ်စရာဖြစ်တယ်လို့ BJD ပါတီအမတ်တယောက်က အောက်လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

မြန်မာ၊ ဘင်္ဂလားဒေရှ့်နဲ့ India နိုင်ငံတွေမှာရှိနေတဲ့ ရိုဟင်ဂျာတွေပေါင်းပြီး Harakah al-Yaqin ဆိုတဲ့လက်နက်ကိုင်အဖွဲ့တခုပေါ်ပေါက်လာတယ်ဆိုတဲ့ Belgium နိုင်ငံ Brussels မြို့အခြေစိုက် နိုင်ငံတကာ ပဋိပက္ခလေ့လာစောင့်ကြည့်ရေးအဖွဲ့ ICG ရဲ့ပြောကြားချက်ကို ကိုးကားပြီး အောက်လွှတ်တော်အမတ် B Mahtab က ကြာသပတေးနေ့က ပြောကြားခဲ့တာဖြစ်ပါတယ်။

Jammu ဒေသမှာရှိနေကြတဲ့ ရိုဟင်ဂျာတော်တော်များများဟာ အခုဆိုရင် အစိုးရအသိအမှတ်ပြုထားတဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်ကဒ်ပြားတွေ ကိုင်ဆောင်ထားနိုင်ကြတာက စိုးရိမ်စရာဖြစ်တဲ့အတွက် အစိုးရအနေနဲ့ အမြန်ဆုံး အရေးယူ ဆောင်ရွက်သင့်တယ်လို့ လွှတ်တော်အမတ် Mahtab ရဲ့အပြောကို India Express သတင်းထဲမှာ ကိုးကားဖော်ပြထားပါတယ်။

၂၀၁၃ ခုနှစ်တုန်းက IS တွေနဲ့ ဆက်နွယ်နေတဲ့ India မူဂျာဟစ်တွေက ဗုဒ္ဓဂါယာမှာ တိုက်ခိုက်ခဲ့ပြီးဖြစ်သလို အခုလည်း ရိုဟင်ဂျာတွေက ဒီနိုင်ငံထဲမှာ အကြမ်းဖက်တိုက်ခိုက်ဖို့ လေ့ကျင့်နေတာက သိပ်စိုးရိမ်စရာဖြစ်တယ်လို့ သူကပြောကြားခဲ့တာဖြစ်ပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ နိုင်ငံထဲမှာရောက်နေတဲ့ ရိုဟင်ဂျာတွေကိုဖော်ထုတ်ပြီး နိုင်ငံထဲကနေ နှင်ထုတ်နိုင်ဖို့ အမြန်ဆုံးဆောင်ရွက်ဖို့ လွှတ်တော်မှာ သူကပြောခဲ့သလို ဒီကိစ္စနဲ့ပါတ်သက်လို့ နိုင်ငံခြားရေးဌာနက ဘာတွေလုပ်နေသလဲဆိုတာကိုလည်း သိလိုတယ်လို့ ပြောကြားခဲ့ပါတယ်။

India နိုင်ငံဆီကို ဘင်္ဂလားဒေရှ့်ဝန်ကြီးချုပ် Sheikh Hasina သွားရောက်တဲ့အခါ ရိုဟင်ဂျာတွေကိစ္စကိုလည်း ဆွေးနွေးလိမ့်မယ်လို့ မျှော်လင့်ရကြောင်း India သတင်းတွေထဲမှာ ဖော်ပြနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG