သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငါးဖမ်းလှေနဲ့ ခိုးဝင်သူတွေကို သီရိလင်္ကာတရားရုံး ထောင်ချ


Sri Lanka rescues 30 Rohingya aboard Indian boat
Sri Lanka rescues 30 Rohingya aboard Indian boat

သိရိလင်္ကာ ရေတပ်က ဖမ်းဆီးထားတဲ့ မြန်မာနိုင်ငံသား ၃၀ နဲ့ အိန္ဒိယ နိုင်ငံသား ၂ ဦးတို့ကို Mirihana အကျဉ်းစခန်းမှာ ထိန်းသိမ်းထားဖို့ Jaffna အောက်တရားရုံးက အင်္ဂါနေ့မှာ အမိန့်ချမှတ်လိုက်ပါတယ်။

ဖမ်းဆီးခံရသူတွေနဲ့အတူ ပါလာတဲ့ အသက် ၁၅ ရက်အရွယ် မွေးကင်းစ ကလေးငယ်လေးကိုတော့ တရားရေးဌာန ကျန်းမာရေး အရာရှိထံ ခေါ်ခဲ့ဖို့ ရာဇဝတ် တရားသူကြီး A. Judson က အမိန့် ထုတ်ပြန်လိုက်ပါတယ်။ အိန္ဒိယက ဆွဲပိုက်ချသင်္ဘောနဲ့ သီရိလင်္ကာ ရေပိုင်နက်ထဲကို တရားမဝင် ဝင်ရောက်လာခဲ့တဲ့ အဲဒီ မြန်မာနိုင်ငံသား ၃၀ နဲ့ အိန္ဒိယနိုင်ငံသား ၂ ဦးတို့ကို သီရိလင်္ကာ ရေတပ်က ဧပြီလ ၃၀ ရက်နေ့မှာ ဖမ်းဆီး ထိန်းသိမ်းလိုက်တာ ဖြစ်ပါတယ်။

နိုင်ငံမြောက်ပိုင်း Jaffna ကျွန်းဆွယ်ရဲ့ Kanke santurai ကမ်းလွန်မှာ မသင်္ကာဖွယ် ငါးဖမ်းလှေပေါ်မှာ အိန္ဒိယ အမျိုးသား လှေသမား ၂ ဦးနဲ့ အတူ ရိုဟင်ဂျာအမျိုးသား ၇ ဦး၊ အမျိုးသမီး ၇ ဦးနဲ့ ကလေးငယ် ၁၆ ဦး၊ စုစုပေါင်း ၃၂ အယောက်ကို ဖမ်းဆီးခဲ့တယ်လို့ သီရိလင်္ကာ ရေတပ် ပြောခွင့်ရ Chaminda Walakuluge ရဲ့ ပြောကြားချက်ကို အိန္ဒိယ အခြေစိုက် PTI သတင်းမှာ ဧပြီလ ၃၀ ရက်နေ့က ဖေါ်ပြထားပါတယ်။

သူတို့ဟာ လွန်ခဲ့တဲ့ ၄ နှစ် လောက်က မြန်မာနိုင်ငံကနေ အိန္ဒိယကို ထွက်ပြေးခိုလှုံခဲ့ကြတဲ့ ဒုက္ခသည်တွေလို့လည်း ပြောပါတယ်။ ဖမ်းမိသူတွေကို ရေတပ်က ဒေသအာဏာပိုင်တွေကို လွှဲပြောင်းပေးခဲ့တာပါ။ စုံစမ်း စစ်ဆေးသူတွေကတော့ သူတို့ကို လှေသမားတွေက သီရိလင်္ကာနိုင်ငံထဲ တရားမဝင် ခိုးသွင်းဖို့ ကြိုးစားတာလို့ သံသယ ရှိနေပါတယ်။

ငါးဖမ်းလှေနဲ့ ခိုးဝင်သူတွေကို သီရိလင်္ကာတရားရုံး ထောင်ချ
please wait

No media source currently available

0:00 0:01:04 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG