သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှားကမ်းလွန် စက်လှေပေါ်က ကျန်းမာရေးဆိုးရွားနေတဲ့ ရိုဟင်ဂျာတချို့ ဆေးကုသခွင့်ပြု


အင်ဒိုနီးရှား ကမ်းလွန်မှာ တွေ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁၀၀ ကျော်ပါ လှေတစီးက နာမကျန်းသူတွေကို ဆေးကုသခွင့်ပြုခဲ့ (အောက်တိုဘာ ၂၃၊ ၂၀၂၄)
အင်ဒိုနီးရှား ကမ်းလွန်မှာ တွေ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁၀၀ ကျော်ပါ လှေတစီးက နာမကျန်းသူတွေကို ဆေးကုသခွင့်ပြုခဲ့ (အောက်တိုဘာ ၂၃၊ ၂၀၂၄)

အင်ဒိုနီးရှား ကမ်းလွန်ပင်လယ်ပြင်မှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ အများစုလိုက်ပါလာတဲ့ ရိုဟင်ဂျာ စက်လှေ အခုအချိန်အထိ ကမ်းကပ်ခွင့်မရသေးတာကြောင့် ကျန်းမာရေးချို့တဲ့သူတွေ ရှိနေပြီး၊ တချို့ကိုတော့ ဆေးကုသခွင့်ပြုလိုက်ပါတယ်။

“လူနာအများစုဟာ အားအင်ချိနဲ့နေကြပြီး၊ နှာဆေး၊ ချောင်းဆိုး၊ အဖျားမိနေကြပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေရဲ့ အခြေအနေကိုလည်း စစ်ဆေးပေးနေရပါတယ်။” လို့ ဒေသခံ Labuhan Haji ဆေးရုံက ဆရာဝန် Dr. Muhammad Iqram က AP သတင်းဌာနကို ပြောခဲ့တာပါ။

ရိုဟင်ဂျာ ၁၄၀ လောက် လိုက်ပါလာတဲ့ စက်လှေဟာ မလေးရှားနိုင်ငံကိုသွားဖို့ လွန်ခဲ့တဲ့ သီတင်း ၂ ပတ်လောက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar ကထွက်ခွာလာခဲ့တာဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံ မြောက်ဖက်စွန်း အာချေ့ ကမ်းလွန်မှာ အင်္ဂါနေ့က တွေ့ရှိခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့က ပြောပါတယ်။ စက်လှေ စတင်ထွက်ခွာချိန်က ၂၁၆ ယောက် လိုက်ပါလာခဲ့ပြီး ၅၀ လောက်က အင်ဒိုနီးရှားနိုင်ငံ Riau ပြည်နယ်မှာ ဆင်းနေခဲ့ကြတယ်လို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။

လမ်းခရီးမှာ ရိုဟင်ဂျာ ၃ ယောက် သေဆုံးခဲ့ပြီး၊ အခုအခါ အင်ဒိုနီးရှားကမ်းပေါ် တက်ခွင့်မရသေးတဲ့အချိန်မှာ နေထိုင်မကောင်းသူ ၁၁ ယောက်ကို ဆေးကုသခွင့်ပြုခဲ့တာပါ။ ဒေသခံတွေကတော့ ရိုဟင်ဂျာတွေကို စာနာမှုကင်းမဲ့တာကြောင့် လက်မခံလိုတာမဟုတ်ကြောင်း ပြောဆိုခဲ့ကြသလို၊ ရိုဟင်ဂျာတွေအတွက် တာဝန်ယူမယ့် အာမခံချက် ရှိမှသာ လက်ခံလိုကြောင်း ပြောကြပါတယ်။ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) ကတော့ လူသားချင်းစာနာထောက်ထားတဲ့ အနေနဲ့ ရိုဟင်ဂျာတွေကို လက်ခံဖို့ တိုက်တွန်းထားပါတယ်။

Forum

XS
SM
MD
LG