သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာ ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့တွေကြား တိုက်ခိုက်မှုတွေကြောင့် လုံခြုံရေးစိုးရိမ်မှုမြင့်မား

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်ထဲက ရိုဟင်ဂျာတွေ ခိုလှုံနေထိုင်တဲ့ ဒုက္ခသည်စခန်းတွေထဲမှာ (ARSA) အာဆာလို လက်နက်ကိုင်အစွန်းရောက်အဖွဲ့တွေရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေ ခပ်စိပ်စိပ်ဖြစ်လာနေတဲ့အတွက် အသက်အန္တရာယ်လုံခြုံရေးက အထူးစိုးရိမ်စရာဖြစ်လာနေလို့ ဒုက္ခသည်တွေ ကြောက်လန့်တုန်လှုပ်နေကြပါတယ်။

ဒုက္ခသည်စခန်းတာဝန်ခံတွေ ဘာသာရေးခေါင်းဆောင်တွေ ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ပစ်မှတ်ထား လုပ်ဆောင်လာတဲ့အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရ- ဒုက္ခသည်စခန်းတာဝန်ရှိသူတွေနဲ့ ကုလသမဂ္ဂအပါအဝင် တာဝန်ရှိသူတွေဘက်က လုံခြုံရေးကို စနစ်တကျနဲ့ ပိုတိုးမြှင့်ချထားပြီး ကာကွယ်စောင့်ရှောက်ပေးဖို့ကိုလည်း ရိုဟင်ဂျာဒုက္ခသည်တွေက တောင်းဆိုပါတယ်။

နေအိမ်ထဲမှာဖြစ်စေ ကမ့်ထဲ လူမြင်ကွင်းမှာဖြစ်စေ အချိန်မရွေး လုပ်ကြံသတ်ဖြတ်ခံရနိုင်တဲ့ ရိုဟင်ဂျာတွေရဲ့ ဒုက္ခသည်စခန်းတွင်းက လုံခြုံရေးစိုးရိမ်စရာအခြေအနေကို ရိုဟင်ဂျာဒုက္ခသည်တဦးကို မဆုမွန်က ဆက်သွယ်မေးမြန်းထားပါတယ်။

XS
SM
MD
LG