သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 ရိုဟင်ဂျာတွေ အင်ဒိုနီးရှားဒေသခံတွေရဲ့ လက်မခံမှုနဲ့ရင်ဆိုင်နေရ


အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ် Lhokseumawe မြို့က ယာယီဒုက္ခသည်စခန်းတခုမှာတွေ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (ဒီဇင်ဘာ ၁၄၊ ၂၀၂၃)
အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ် Lhokseumawe မြို့က ယာယီဒုက္ခသည်စခန်းတခုမှာတွေ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (ဒီဇင်ဘာ ၁၄၊ ၂၀၂၃)

အင်ဒိုနီးရှားကိုရောက်နေတဲ့ ရိုဟင်ဂျာတွေဟာ ဒေသခံတွေရဲ့ မလိုလားမှုကြောင့် မရေရာတဲ့ အနာဂတ်နဲ့ ရင်ဆိုင်နေရပါတယ်။ မြန်မာနိုင်ငံမှာ ညှင်းပမ်းနှိပ်စက်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေး တိမ်းရှောင်လာတဲ့ ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေဟာ အင်ဒိုနီးရှားနိုင်ငံ အနောက်မြောက်ပိုင်းက ဝေးလံခေါင်သီတဲ့ အာချေးပြည်နယ်က ကျွန်းတကျွန်းကို ပြီးခဲ့တဲ့ နိုဝင်ဘာလလယ်ထဲက ရေကြောင်းကနေရောက် ဖြတ်ကျော် ရောက်ရှိနေတာပါ။

ဒါဟာ ၂၀၁၅ ခုနှစ်နောက်ပိုင်း ရိုဟင်ဂျာတွေ အများဆုံး ဝင်ရောက်လာမှုဖြစ်တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက ပြောပါတယ်။ ရိုဟင်ဂျာတွေဟာ ခုလိုပင်လယ်ပြင်မှာ ရက်သတ္တပတ်ကြာအောင် မျောပါခဲ့ပြီးတဲ့ နောက်မှာတော့ အင်ဒိုနီးရှားမှာလည်း အတားအဆီးအသစ်တွေနဲ့ ရင်ဆိုင်နေရတာပါ။

ဒေသခံတွေဟာ ရိုဟင်ဂျာတွေရဲ့ လှေတွေကို လှည့်ပတ်ဝန်းရံထားပြီး သူတို့နေထိုင်နေတဲ့ ယာယီတဲတွေကိုလည်း ဖျက်ပစ်ဖို့ ကြိုးစားနေကြတာပါ။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ ပဋိဉာဏ်စာချုပ်မှာ လက်မှတ်ထိုးမထားတဲ့ အင်ဒိုနီးရှားအနေနဲ့ ရိုဟင်ဂျာတွေကို လက်ခံထားစရာ မလိုဘူးလို့ ပြောဆိုနေတဲ့ တချိန်ထဲမှာဘဲ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့လည်း ဒီကိစ္စမှာ မျှဝေတာဝန်ယူပေးကြဖို့ တောင်းဆိုထားပါတယ်။

သမ္မတ Joko Widodo ကတော့ ရေတို စီမံချက်တွေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို အကူအညီပေးဖို့ လုပ်ဆောင်နေပေမဲ့၊ ဒေသခံတွေရဲ့ ဆန္ဒကိုသာ ဦးစားပေး လုပ်ဆောင်မှာ ဖြစ်သလို၊ ခုလို ဒုက္ခသည်တွေ အလုံးအရင်းနဲ့ ဝင်လာတာဟာ လူကုန်ကူးသူတွေကြောင့် ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG