သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာမိန်းကလေးငယ်တွေ အဓမ္မ အိမ်ထောင်ပြုပေးခံနေရ

အင်ဒိုနီးရှားနိုင်ငံကို ထွက်ပြေးရောက်ရှိလာတဲ့ ရိုဟင်ဂျာအမျိုးသမီးများ (ယခင်မှတ်တမ်းဓာတ်ပုံ)
အင်ဒိုနီးရှားနိုင်ငံကို ထွက်ပြေးရောက်ရှိလာတဲ့ ရိုဟင်ဂျာအမျိုးသမီးများ (ယခင်မှတ်တမ်းဓာတ်ပုံ)

မြန်မာနိုင်ငံနဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ အကြမ်းဖက်မှုတွေနဲ့ စားဝတ်နေရေး အခက်အခဲတွေကြောင့် ဒေသတွင်းနိုင်ငံတွေကို ထွက်ပြေးကြတဲ့ ရိုဟင်ဂျာတွေထဲက အရွယ်မရောက်သေးတဲ့ မိန်းကလေးတွေဟာ အသက်ကြီးတဲ့ အမျိုးသားတွေနဲ့ အတင်းအကျပ် အိမ်ထောင်ပြုခံကြရပြီး မကြာခဏ နှိပ်စက်ခံရလေ့ရှိကြောင်း ကိုယ်တိုင်ကြုံရသူတွေနဲ့ မေးမြန်းပြီး AP သတင်းက ဖော်ပြလိုက်ပါတယ်။

မလေးရှားရောက် ရိုဟင်ဂျာတွေထဲက အသက် ၁၃ နှစ်အပါအဝင် ငယ်ရွယ်သူ မိန်းကလေး ၁ ဒါဇင်ကို မေးမြန်းရာမှာ အိမ်ထောင်ဖက် ရိုဟင်ဂျာ အမျိုးသားတွေက အတင်းအဓမ္မပြုကျင့်တာ၊ အနိုင်ကျင့်တာခံကျရသလို မိခင်အရွယ်မတိုင်ခင်မှာ အတင်းအကျပ် ကလေးယူခိုင်းတာတွေ ရှိတယ်လို့ ပြောပါတယ်။ အိမ်မှာအကျဉ်းသားတွေလို နေထိုင်ကြရပြီး အပြင်ထွက်ခွင့်ကိုလည်း ကန့်သတ်ခံရကြောင်း ပြောဆိုခဲ့ကြတာပါ။

၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်မှာ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းတဲ့ စစ်ဆင်ရေးအတွင်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ နေရပ်မပြန်နိုင်ဘဲ ဖြစ်နေရာက ဒေသတွင်းနိုင်ငံတွေကို အန္တရာယ်များတဲ့ ရေလမ်းခရီးကနေ ထွက်ခွာလေ့ ရှိကြပါတယ်။ ဒီနှစ်ထဲ ရေကြောင်းကနေ ထွက်ခွာသူတွေထဲမှာ ၆၀ ရာခိုင်နှုန်းကျော်ဟာ အမျိုးသမီးနဲ့ ကလေးတွေ ဖြစ်တယ်လို့လည်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးက ခန့်မှန်းထားပါတယ်။

ရိုဟင်ဂျာမိန်းကလေးငယ်တွေ အဓမ္မ အိမ်ထောင်ပြုပေးခံနေရ
please wait

No media source currently available

0:00 0:01:01 0:00
တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG