သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုကမ်းခြေရောက် ရိုဟင်ဂျာတွေကို ဒေသခံတွေဆန္ဒပြမောင်းထုတ်


MIGRATION-INDONESIA/ROHINGYA
MIGRATION-INDONESIA/ROHINGYA

အင်ဒိုနီးရှားနိုင်ငံ အာချေးက ဆာဘန်ကျွန်းကို လှေနဲ့ရောက်ရှိလာတဲ့ရိုဟင်ဂျာတွေကို ဒေသခံတွေက ပြန်နှင်ထုတ်ဖို့ ကြိုးစားနေကြတာကြောင့် အထိတ်တလန့်ဖြစ်ရပါတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာရုံး UNHCR က ပြောပါတယ်။

ပြီးခဲ့တဲ့အပတ်က ရိုဟင်ဂျာတွေရဲ့တဲတွေကို ဆုတ်ဖြဲပစ်ကြပြီး ပင်လယ်ထဲပြန်မောင်းထုတ်ဖို့ ကြိုးစားခဲ့ကြတာကို ဒေသခံ ရုပ်မြင်သံကြားပေါ်မှာ တွေ့ရှိရတဲ့အတွက် UNHCR အာရှဒေသ ပြောရေးဆိုခွင့်ရှိသူ ဘာဘာ ဘဲလော့ချ် (Babar Baloch) က ခုလို ပြောလိုက်တာပါ။ အင်ဒိုနီးရှားသမ္မတ Joko Widodo ကတော့ ခုလို ရောက်လာသူတွေများလာတာအတွက် လူကုန်ကူးသူတွေကို အပြစ်တင်လိုက်ပြီး အဲဒီသူတွေကို အရေးယူမယ်လို့ဆိုပါတယ်။

ယာယီခိုလှုံရာအဖြစ် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ လုပ်ဆောင်ပါမယ်လို့တော့ သမ္မတက ကတိပေးထားပါတယ်။ အာချေးပြည်သူတွေက ရိုဟင်ဂျာတွေအပေါ် နှစ်ပေါင်းများစွာစာနာခဲ့ပေမဲ့ အာချေးကိုရောက်လာကြတာက ထိုးတက်လာတဲ့အခါမှာတော့ ခုလို ဖြစ်ရပ်တွေ ဖြစ်ပွါးခဲ့ရတာဖြစ်ပါတယ်။

‘အာချေးမှာ ဆင်းရဲသားတွေ အများကြီးပါ။ ဘာကြောင့် ထောင်ချီလာတဲ့ ရိုဟင်ဂျာတွေကို စောင့်ရှောက်ရမလဲ’ လို့ ဒေသခံ အယ်လာ စက်ပ်တီးယား (Ella Septia) က မေးခွန်းထုတ်လိုက်ပါတယ်။ တဘက်မှာတော့ “ကျနော်တို့ဘဝက အင်ဒိုနီးရှား အုပ်ချုပ်သူတွေနဲ့ ပြည်သူတွေရဲ့ လက်ထဲမှာပါ။” လို့ ရိုဟင်ဂျာဒုက္ခသည် Muhammad Hasyim က ပြောပါတယ်။ ပင်လယ်ထဲမှာ ၁၄ ရက်ကြာပြီး နိုဝင်ဘာလလယ်က အာချေးကို သူ ရောက်လာခဲ့တာပါ။

အင်ဒိုကမ်းခြေရောက် ရိုဟင်ဂျာတွေကို ဒေသခံတွေဆန္ဒပြမောင်းထုတ်
please wait

No media source currently available

0:00 0:01:20 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG