သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအရေး အမေရိကန်မိတ်ဆွေများဆွေးနွေး


ဘင်္ဂလားဒေ့ရှ်နယ်စပ် Cox’s Bazar ဒုက္ခသည်စခန်းရှိ ဈေးထဲက ရိုဟင်ဂျာ ဒုက္ခသည်များ (မတ်၊ ၀၇၊ ၂၀၁၉)
ဘင်္ဂလားဒေ့ရှ်နယ်စပ် Cox’s Bazar ဒုက္ခသည်စခန်းရှိ ဈေးထဲက ရိုဟင်ဂျာ ဒုက္ခသည်များ (မတ်၊ ၀၇၊ ၂၀၁၉)

ရိုဟင်ဂျာအရေး အမေရိကန်အစိုးရအနေနဲ့ ပိုမိုလုပ်ဆောင်ပေးရေး အမေရိကန်ပြည်သူတွေကတဆင့် ဖိအားပေးသွားဖို့ ရိုဟင်ဂျာဆွေးနွေးပွဲကြီးတခု ကျင်းပနေပါတယ်။

အမေရိကန်နိုင်ငံ အနောက်ဘက်ခြမ်း Oregon ပြည်နယ်မှာ မနေ့ကစ (၃) ရက်တာ ဆွေးနွေးပွဲထဲမှာ အဓိကအားဖြင့် ရိုဟင်ဂျာတွေ ခံစားနေရတာနဲ့ Genocide (ခေါ်) လူမျိုးတုန်းသတ်ဖြတ်မှုတွေအကြောင်း အဓိက ဆွေးနွေးဖို့ ရှိနေပါတယ်။

မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာစခန်းတွေကို ရောက်ခဲ့တဲ့ အထင်ကရ ပုဂ္ဂိုလ်တွေပါတက်ရောက်ဆွေးနွေးပြီး အမေရိကန်အရာရှိတချို့လည်း တက်ရောက်ဖို့ရှိတဲ့ ဒီဆွေးနွေးပွဲအကြောင်း ကိုဝင်းမင်းက တင်ပြထားပါတယ်။

Oregon သမိုင်းဆိုင်ရာ အဖွဲ့ကြီးမှ မနေ့သောကြာနေ့ကနေ နက်ဖြန် တနင်္ဂနွေထိ ကျင်းပမဲ့ ဒီဆွေးနွေးပွဲကို လူမျိုးတုန်း စစ်ပွဲတွေကို အဓိက ဆန့်ကျင်တဲ့ ပိုတလန်မြို့ အခြေစိုက် Never Again Coalition က အဓိက ဦးဆောင်ပြီး အမေရိကန် ရိုဟင်ဂျာအဖွဲ့၊ ရိုဟင်ဂျာရဲ့ အမေရိကန်မိတ်ဆွေများအဖွဲ့က ပူးတွဲစီစဉ်ပေးတာပါ။ ဒီရိုဟင်ဂျာရဲ့ အမေရိကန် မိတ်ဆွေများ အဖွဲ့က Yusuf Iqbal က ရိုဟင်ဂျာဒုက္ခသည်တွေကို တွေ့ခဲ့တဲ့ ဓါတ်ပုံဆရာတွေ မနေ့က ရှင်းပြတာကို အခုလိုပြောပါတယ်။

"Photographer Constantine ဆိုတာသူက သူ့ရဲ့ အတွေ့အကြုံပေါ့နော်။ သူလိုချင်တဲ့ ဓါတ်ပုံတွေ သတင်းရယူမှုတွေ ခက်ခဲတဲ့ဟာတွေ မြန်မာပြည်မှာ သတင်းမီဒီယာတွေ လွတ်လပ်စွာ သွားခွင့်မပြုတဲ့ဟာတွေနဲ့ ပတ်သက်ပြီးတော့ ပြောသွားတယ်။ နောက်တခုက ခိုင်မာတဲ့ အချက်အလက်တွေ ရှိသေးတာပေါ့။ ဒါပေမဲ့ မြန်မာအစိုးရက ဖုံးကွယ်ထားတဲ့အတွက်က ဒါတွေကို သူတို့ cover လုပ်ခွင့်မရခဲ့ဘူးပေါ့။ နောက် John Rudoff ဆိုတာ သူက ဒီ ၇၀၀,၀၀၀ ရိုဟင်ဂျာတွေ ရောက်ရောက်ချင်း သွားတဲ့အချိန်ဆိုတော့ အဲ့မှာက Camp တွေဘာတွေက မဆောက်သေးဘူး။ လူတွေက ကြောက်လန့်နေတဲ့ စိတ်ဖြစ်နေတယ်။ တချို့ သွေးထွက် သံယိုဖြစ်ပြီးတော့ ဒီဘက်ကို ကူးလာတဲ့ လူတွေပေါ့နော်။ အဲ့ဒါတွေကို သူဓါတ်ပုံရိုက်ထားတဲ့ဟာတွေ၊ ဒီလို သူ့ရဲ့ Experience တွေ ဒါတွေနဲ့ ပတ်သက်ပြီးတော့ သူပြောသွားတယ်။"

အခု ရိုဟင်ဂျာ Symposium ဆွေးနွေးပွဲကြီးကနေ အဓိက ဘာတွေကို မျှော်လင့်ထားပါသလဲလို့ မေးရာမှာ Yusuf Iqbal က လူမျိုးတုန်းသတ်ဖြတ်မှုတွေ အပေါ်အမေရိကန်အစိုးရ လုပ်နေတာ အားမရလို့ ပိုဖိအားပေးဖို့ပါလို့ ဆိုပါတယ်။

"အခု အဓိကကတော့ ကျနော်တို့က အမေရိကန် Public ကို educate လုပ်တာပေါ့။ ဒီကိစ္စက ethnic Genocide ဖြစ်နေတယ်။ ဆိုတော့ public အနေနဲ့က ဘယ်လိုပုံစံမျိုး Role ပါဝင်ပတ်သက်နိုင်သလဲ စသည်ဖြင့် အစိုးရကို pressure ပေးတာတို့၊ အစိုးရက အခု လက်ရှိလုပ်နေတာကို အားမလိုအားမရဖြစ်နေတဲ့ အနေအထားတွေမှာ ရှိတယ်။ ဒါကို public ကနေပြီးတော့ တဆင့် အစိုးရတွေနဲ့ elected official တွေကို pressure ပေးမယ်ဆိုလို့ရှိရင် ဒါတွေက အစိုးရပိုင်းမှာ ပိုပြီး လုပ်ဖို့ ပိုအားကောင်းလာမယ့် သဘောပေါ့။"

ဒါ့အပြင့် နောက်ထပ်မျှော်မှန်းထားတာ ရှိပါသေးသလားလို့ မေးရာမှာ Yusuf Iqbal ဆက်ပြီး ရိုဟင်ဂျာ အရေးလုပ်မဲ့ အမေရိကန် တက်ကြွလှုပ်ရှားသူတွေ ပေါ်ပေါက်လာရေးကိုလည်း ဦးတည်တယ်လို့ ဆိုပါတယ်။ ဒီနေ့ဆွေးနွေးပွဲ ပထမပိုင်းမှာ တခြားနိုင်ငံက လူမျိုးတုန်း သတ်ဖြတ်မှုတွေနဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှု အခြေအနေတွေကို

"Genocide Past and Present ဆိုပြီးတော့ Bosnian Genocide survivor တယောက်ရယ်၊ နောက် ကမ္ဘောဒီးယား Genocide Survivor တယောက်ရယ်.... သူတို့က သူတို့ရဲ့ experience နဲ့ အခု လက်ရှိ ရိုဟင်ဂျာတွေ ဖြစ်ပျက်နေတဲ့ဟာကို comparison အနေနဲ့ သူတို့ ဆွေးနွေးသွားမယ်။"

ဒါ့အပြင် ဒီနေ့ ဒုတိယအပိုင်းမှာ သူကိုယ်တိုင် အပါအဝင် တင်ပြဖို့ရှိတာကိုလည်း Yusuf Iqbal က

"ကျနော် အပါအဝင် ဦးရွှေမောင်ရယ်၊ နောက် ဒီက Reza Uddin ဆိုတာ သုံးယောက်က ကျနော်တို့က ရိုဟင်ဂျာ perspective အနေနဲ့ ဆွေးနွေးဖို့ရှိတယ်။"

ဒီနေရာမှာ Yusuf Iqbul က ဆက်ပြီး သူအဓိက ဆွေးနွေးမဲ့ အကြောင်းအရာကို

"အဓိက ရိုဟင်ဂျာတွေရဲ့ Background ပေါ့နော်။ Freedom လွတ်လပ်ရေးပြီးနောက်ပိုင်းမှာ အခွင့်အရေးတွေ ဘယ်လိုရှိခဲ့လဲ။ နောက်ပိုင်းမှာ ဦးနေဝင်းအစိုးရက စပြီးတော့ ရိုဟင်ဂျာတွေရဲ့ rights ကို တဖြည်းဖြည်း ရုတ်သိမ်းလာပြီးတော့ နောက်ဆုံးမှာ ဗမာပြည်မှာ အစွန်းရောက်တွေ နောက်တခါ အစိုးရဘက်မှာလည်း တချို့ Social Media တွေသုံးပြီးတော့ ရိုဟင်ဂျာတွေကို dehumanize လုပ်တဲ့ကိစ္စတွေ။ public ဆိုလို့ရှိရင် ဗမာပြည်က public တော်တော်များများ လူကောင်းတွေပဲ။ တော်တော်ကောင်းတဲ့လူတွေ.. ဒီမိုကရေစီကို လိုလားတဲ့သူတွေ။ ဒါပေမဲ့ ရိုဟင်ဂျာအတွက်ဆိုရင် sensitive မဖြစ်တော့ဘူး။ မဖြစ်တော့တာက သူတို့ရဲ့ understanding of Rohingya က တကယ့် Humanity ထဲမှာတောင် မရှိတဲ့ ပုံစံမျိုး။ အဲ့လို ဖြစ်လာတယ်။ ဒါတွေက Genocide တွေရဲ့ လက္ခဏာတွေပဲ။"

ဒါ့အပြင် ဒီနေ့ တတိယအပိုင်းမှာလည်း အမေရိကန် အရာရှိတွေပါ ဝင်ဆွေးနွေးမဲ့ အကြောင်းကို Yusuf Iqbul က အခုလို ဆက်ပြောပါတယ်။

"နောက် ညနေပိုင်းကျရင် Kyle Wood ရယ်၊ နောက် US Military advisor ပေါ့ သူက Military နေရာတွေဘာတွေမှာ advise လုပ်တယ် - အမေရိကန် အစိုးရနဲ့ US ကို။ သူရယ်နောက် Kyle Wood ဆိုတာ US State Department က Hire လုပ်ပြီးတော့ report ထုတ်ခိုင်းတဲ့ ပုဂ္ဂိုလ်ပေါ့။ အဲ့ပုဂ္ဂိုလ်ကလည်း သူတို့ရဲ့ တွေ့ရှိချက်တွေနဲ့ သူတို့ experience တွေကို ဆွေးနွေးဖို့ရှိတယ်။"

တကယ်တော့ မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးလာတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်မပြန်နိုင်သေးချိန်မှာ ဒီရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုတော့ မြန်မာအစိုးရက တရားဝင် လက်ခံခြင်း မရှိပါဘူးခင်ဗျာ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG