သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဌာနေပြန်ရေး မြန်မာ-ဘင်္ဂလာဒေ့ရှ် ၄ ကြိမ်မြောက် ဆွေးနွေးမည်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar ဒေသရှိ ဒုက္ခသည်စခန်းထဲက ဈေးထဲမှာ ရိုဟင်ဂျာဒုက္ခသည်များ စုဝေးနေကြစဉ် (မတ်၊ ၀၇၊ ၂၀၁၉)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar ဒေသရှိ ဒုက္ခသည်စခန်းထဲက ဈေးထဲမှာ ရိုဟင်ဂျာဒုက္ခသည်များ စုဝေးနေကြစဉ် (မတ်၊ ၀၇၊ ၂၀၁၉)

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေကြတဲ့ ရိုဟင်ဂျာ မူဆလင်ဒုက္ခသည်တွေ နေရပ်ပြန်ရေးကိစ္စနဲ့ပတ်သက်ပြီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ၂နိုင်ငံ ကိုယ်စားလှယ်တွေရဲ့ ၄ ကြိမ်မြောက်အစည်းအဝေးကို နေပြည်တော်မှာ မေလ ၃ ရက်နေ့ကျရင် ကျင်းပပါလိမ့်မယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar ဒေသက ဒုက္ခသည်တွေကို မြန်မာနိုင်ငံဘက် ပြန်ပို့ရေးဆွေးနွေး ကြမှာလို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး သောကြာနေ့ထုတ် Dhaka Tribune သတင်းမှာ ဖေါ်ပြထားကြောင်း အိန္ဒိယနိုင်ငံ ANI သတင်းက ဆိုပါတယ်။

မြန်မာနိုင်ငံနဲ့ အခုတကြိမ် ထပ်ဆွေးနွေးကြတဲ့အခါ ရိုဟင်ဂျာ မူဆလင်ဒုက္ခသည်တွေ နေရပ်ပြန်ရေးလုပ်ငန်းစဉ်မှာ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ ASEAN ကလည်း ပါဝင်ကူညီဖို့ ဘင်္ဂလားဒေ့ချ် ဝန်ကြီးချုပ် ရှိခ်ဟာစီနာက တိုက်တွန်းမယ်လို့လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Dr. Abdul Momen ကပြောပါတယ်။

မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပါဘူး။ ပြီးခဲ့တဲ့နှစ်တုန်းက ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေး စီစဉ်ခဲ့ပြီး မအောင်မမြင်ဖြစ်ခဲ့တဲ့နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ၂နိုင်ငံ ကိုယ်စားလှယ်တွေ နေပြည်တော်မှာ ထပ်ပြီးတွေ့ဆုံကြမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းက ၂နိုင်ငံအကြား ဒုက္ခသည်တွေ ပြန်ပို့ရေး သဘောတူညီချက်ကို လက်မှတ်ထိုးခဲ့ကြပြီး နိုဝင်ဘာလမှာစပြီး ပြန်ပို့ဖို့ စီစဉ်ခဲ့ပေမဲ့ ဒုက္ခသည်တွေနေရပ်ပြန်တဲ့အခါ အေးချမ်းလုံခြုံစိတ်ချရတဲ့ အခြေအနေမျိုး မြန်မာဘက်က မဖန်တီးပေးဘူးဆိုပြီး အစီအစဉ်ပျက်ခဲ့ပါတယ်။

ရိုဟင်ဂျာဌာနေပြန်ရေး မြန်မာ-ဘင်္ဂလာဒေ့ရှ် ၄ ကြိမ်မြောက် ဆွေးနွေးမည်
please wait

No media source currently available

0:00 0:01:16 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG