သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်း ရေကြီးမြေပြိုမှုကြောင့် ရိုဟင်ဂျာ ၆ ဦးသေဆုံး


ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်း ရေကြီးမြေပြိုမှုကြောင့် ရိုဟင်ဂျာ ၆ ဦးသေဆုံး
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်း ရေကြီးမြေပြိုမှုကြောင့် ရိုဟင်ဂျာ ၆ ဦးသေဆုံး

{{Zawgyi/Unicode}}

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အရှေ့တောင်ဖက်ပိုင်းမှာ မိုးသည်းထန်ပြီး ရေကြီးမြေပြိုရာက ရိုဟင်ဂျာဒုက္ခသည် ၆ ယောက်ထက်မနည်း အင်္ဂါနေ့က သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။

ဒုက္ခသည်ထောင်နဲ့ချီကိုလည်း ဘေးလွှတ်ရာရွှေ့ပြောင်းပေးခဲ့ရပါတယ်။ ဘာလုခါလီဒုက္ခသည်စခန်းထဲက ဒုက္ခသည်တွေနေတဲ့ ဝါးတဲတွေပေါ်ကို မြေပြိုကျလာတာကြောင့် ကလေး၃ ဦးအပါအဝင် ရိုဟင်ဂျာဒုက္ခသည် ၅ ဦးသေဆုံးခဲ့ရတယ်လို့ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်များဆိုင်ရာ ကော်မရှင်နာမင်းကြီး Shah Rezwan Hayat က AFP သတင်းဌာနကို ပြောပါတယ်။

နောက်ထပ် ရိုဟင်ဂျာကလေးငယ်တယောက်ကတာ့ စခန်းထဲက ချောင်းတခုထဲမှာ ရေနစ်သေဆုံးခဲ့တာဖြစ်တယ်လို့လည်းပြောပါတယ်။ ဒုက္ခသည်စခန်းထဲက ချောင်းတွေအားလုံး မိုးသည်ထန်လို့ ရေကြီးနေတယ်လို့လည်း ပြောပါတယ်။

ဒဏ်ရာရထားတဲ့လူ ၂ ယောက်ကိုကယ်တင်ပြီးဆေးရုံပို့ခဲ့ရပြီး ထောင်နဲ့ချီတဲ့ဒုက္ခသည်တွေကို ဘေးလွတ်ရာရွှေ့ပြောင်းပေးထားတယ်လို့လည်း ပြောဆိုခဲ့တာပါ။ ပြီးခဲ့တဲ့လကလည်း မိုးသည်းထန်ပြီး မြေပြိုခဲ့တာကြောင့် ဒုက္ခသည် ၂ ယောက်သေဆုံးခဲ့ပါသေးတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar ဒုက္ခသည်စခန်းမှာ မြန်မာနိုင်ငံရခိုင်ပြည်နယ်မြောက်ပိုင်းက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည် တသန်းလောက် ခိုလှုံနေတာဖြစ်ပါတယ်။ ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို မြန်မာတာဝန်ရှိသူတွေ လက်မခံပေမယ့် ဒုက္ခသည်တွေကို ပြန်လက်ခံမယ်လို့တော့ ပြောထားဖူးပါတယ်။

........................................

တိုက်ရိုက် လင့်ခ်

{{Zawgyi/Unicode}}





XS
SM
MD
LG