သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာဒုကၡသည္တခ်ိဳ႕ကို ကိုဗစ္ကာကြယ္ေဆး စထိုးေပးမည္


ဘဂၤလားေဒ့ရွ္ႏုိင္ငံရွိ ဒုကၡသည္စခန္းတခုမွာ ေတြ႔ရတဲ့ ႐ုိဟင္ဂ်ာဒုကၡသည္မ်ား။ (ဧၿပီ ၆၊ ၂၀၂၁)

(Zawgyi / Unicode)

ဘဂၤလားေဒ့ရွ္ႏုိင္ငံ ဒုကၡသည္စခန္းေတြထဲမွာ ေနထိုင္ေနၾကတဲ့ ႐ိုဟင္ဂ်ာမြတ္စလင္ ၈၅၀,၀၀၀ ထဲက တခ်ဳိ႕ကို COVID-19 ေရာဂါကာကြယ္ေဆး စထိုးေပးေတာ့မယ္လုိ႔ ဘဂၤလားေဒ့ရွ္ တာဝန္ရွိသူေတြက ၾကာသပေတးေန႔မွာ ေျပာပါတယ္။

အသက္ ၅၅ ႏွစ္နဲ႔အထက္ ႐ိုဟင္ဂ်ာဒုကၡသည္ ၄၈,၀၀၀ ေလာက္ကို ကမာၻ႔က်န္းမာေရးအဖြဲ႔ (WHO) ရဲ႕ အကူအညီနဲ႔ ေနာက္လကစၿပီး ကိုဗစ္ကာကြယ္ေဆး ထိုးေပးမယ့္အေၾကာင္း ဒုကၡသည္ဆိုင္ရာ ဘဂၤလားေဒ့ရွ္ ေကာ္မရွင္နာမင္းႀကီး Shah Rezwan Hayat က ေျပာတာပါ။

"ကာကြယ္ေဆး မလံုေလာက္တာေၾကာင့္ အသက္ ၅၅ ႏွစ္အရြယ္ေတြကို ေဆးထိုးေပးဖို႔ ရည္ရြယ္တာပါ" လို႔ Hayat က AFP ကို ေျပာပါတယ္။

"ကာကြယ္ေဆး အလံုအေလာက္ရရင္ အဆင့္လိုက္ လူတိုင္းကို ကာကြယ္ေဆး ထိုးေပးႏုိင္ဖို႔ ေမွ်ာ္လင့္ပါတယ္" လို႔လည္း ဆိုပါတယ္။

ဘဂၤလားေဒ့ရွ္ႏုိ္င္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္သူ တသန္းေက်ာ္ရွိၿပီျဖစ္သလို ေသဆံုးသူကလည္း ၁၇,၀၀၀ ေက်ာ္သြားပါၿပီ။ ကူးစက္ ေသဆံုးသူ အေရအတြက္ဟာ ေလးဆကေန ငါးဆအထိ ပိုမ်ားႏုိင္တယ္လို႔ ကၽြမ္းက်င္သူေတြက ခန္႔မွန္းပါတယ္။

႐ိုဟင္ဂ်ာဒုကၡသည္ ၂,၁၀၀ ထက္မနည္း ေရာဂါပိုး ကူးစက္ခံထားရၿပီး ၂၄ ေယာက္ထက္မနည္း ေသဆံုးရၿပီးပါၿပီ။ ဒုကၡသည္စခန္း ငါးခုထက္မနည္းမွာ အသြားအလာေတြ လံုးဝပိတ္ပင္ထားၿပီး အကူအညီေပး လုပ္သားေတြနဲ႔ တျခားဧည့္သည္ေတြကို ဝင္ထြက္သြားလာခြင့္မေပးဘဲ အျပင္းအထန္ ပိတ္ပင္ကန္႔သတ္ထားပါတယ္။

ကာကြယ္ေဆးထိုးေပးမယ့္ အစီအစဥ္ကို ဒုကၡသည္ေတြက ႀကိဳဆိုၾကေပမယ့္ အေရအတြက္ ပိုၿပီး ထိုးေပးသင့္တယ္လို႔ ေျပာၾကပါတယ္။

"စခန္းေတြထဲမွာ လူေတြက ျပည့္က်ပ္ေနတာပါ။ ဒါေၾကာင့္ လူတိုင္း ေရာဂါပိုး ကူးစက္ခံရႏုိင္တဲ့ အႏၲရာယ္ ရွိေနပါတယ္" လို႔ Lambasia စခန္းက ဒုကၡသည္တဦးျဖစ္သူ Mohammad Rafiq က AFP ကို ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

ရိုဟင်ဂျာဒုက္ခသည်တချို့ကို ကိုဗစ်ကာကွယ်ဆေး စထိုးပေးမည်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေထဲမှာ နေထိုင်နေကြတဲ့ ရိုဟင်ဂျာမွတ်စလင် ၈၅၀,၀၀၀ ထဲက တချို့ကို COVID-19 ရောဂါကာကွယ်ဆေး စထိုးပေးတော့မယ်လို့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေက ကြာသပတေးနေ့မှာ ပြောပါတယ်။

အသက် ၅၅ နှစ်နဲ့အထက် ရိုဟင်ဂျာဒုက္ခသည် ၄၈,၀၀၀ လောက်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အကူအညီနဲ့ နောက်လကစပြီး ကိုဗစ်ကာကွယ်ဆေး ထိုးပေးမယ့်အကြောင်း ဒုက္ခသည်ဆိုင်ရာ ဘင်္ဂလားဒေ့ရှ် ကော်မရှင်နာမင်းကြီး Shah Rezwan Hayat က ပြောတာပါ။

"ကာကွယ်ဆေး မလုံလောက်တာကြောင့် အသက် ၅၅ နှစ်အရွယ်တွေကို ဆေးထိုးပေးဖို့ ရည်ရွယ်တာပါ" လို့ Hayat က AFP ကို ပြောပါတယ်။

"ကာကွယ်ဆေး အလုံအလောက်ရရင် အဆင့်လိုက် လူတိုင်းကို ကာကွယ်ဆေး ထိုးပေးနိုင်ဖို့ မျှော်လင့်ပါတယ်" လို့လည်း ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ တသန်းကျော်ရှိပြီဖြစ်သလို သေဆုံးသူကလည်း ၁၇,၀၀၀ ကျော်သွားပါပြီ။ ကူးစက် သေဆုံးသူ အရေအတွက်ဟာ လေးဆကနေ ငါးဆအထိ ပိုများနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းပါတယ်။

ရိုဟင်ဂျာဒုက္ခသည် ၂,၁၀၀ ထက်မနည်း ရောဂါပိုး ကူးစက်ခံထားရပြီး ၂၄ ယောက်ထက်မနည်း သေဆုံးရပြီးပါပြီ။ ဒုက္ခသည်စခန်း ငါးခုထက်မနည်းမှာ အသွားအလာတွေ လုံးဝပိတ်ပင်ထားပြီး အကူအညီပေး လုပ်သားတွေနဲ့ တခြားဧည့်သည်တွေကို ဝင်ထွက်သွားလာခွင့်မပေးဘဲ အပြင်းအထန် ပိတ်ပင်ကန့်သတ်ထားပါတယ်။

ကာကွယ်ဆေးထိုးပေးမယ့် အစီအစဉ်ကို ဒုက္ခသည်တွေက ကြိုဆိုကြပေမယ့် အရေအတွက် ပိုပြီး ထိုးပေးသင့်တယ်လို့ ပြောကြပါတယ်။

"စခန်းတွေထဲမှာ လူတွေက ပြည့်ကျပ်နေတာပါ။ ဒါကြောင့် လူတိုင်း ရောဂါပိုး ကူးစက်ခံရနိုင်တဲ့ အန္တရာယ် ရှိနေပါတယ်" လို့ Lambasia စခန်းက ဒုက္ခသည်တဦးဖြစ်သူ Mohammad Rafiq က AFP ကို ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG