သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာအေရးသေဘာထားေျပာင္းလာၾကေပမယ့္ ဒုကၡသည္ေတြကေတာ့သံသယရွိဆဲ


အာခေ်း ပင္လယ္ထဲေမ်ာပါေနတဲ ့ ႐ိုဟင္ဂ်ာမ်ားကို အင္ဒိုငါးဖမ္းေလွမ်ားက ကယ္ဆယ္စဥ္ (ဓာတ္ပံု - AP)

(Zawgyi/Unicode)

ျမန္မာႏိုင္ငံ အေနာက္ဖက္ျခမ္းက လူနည္းစု မြတ္ဆလင္ေတြျဖစ္တဲ့ ႐ိုဟင္ဂ်ာေတြကို သူတို႔ေခၚဆိုတဲ့ ႐ိုဟင္ဂ်ာအမည္အတိုင္း တရား၀င္သုံးႏႈန္းၿပီး သူတို႔နဲ႔ လက္တြဲ လုပ္ေဆာင္ဖို႔ အတိုက္အခံ လႊတ္ေတာ္အမတ္ေတြ ဖြဲ႔စည္းထားတဲ့ NUG အမ်ဳိးသား ညီၫြတ္ေရး အစိုးရက ဖိတ္ေခၚထားပါတယ္။ ဒါေပမယ့္ အၾကမ္းဖက္မႈေတြ ၾကံဳေတြ႕ခဲ့ရတာအျပင္ ဖိႏွိပ္ခံဘ၀အျဖစ္နဲ႔ ဆယ္စုႏွစ္ေပါင္းမ်ားစြာ ေနထိုင္ခဲ့ရတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ေတြကေတာ့ NUG ဘက္က အခုလို ေျပာင္းလဲ အသိအမွတ္ျပဳလာတဲ့အေပၚ အျပည့္အ၀ မယုံၾကည္ႏိုင္ၾကေသးပါဘူး။ လက္ရွိ ႏိုင္ငံေရးအေျပာင္းအလဲေတြ အေပၚ ႐ိုဟင္ဂ်ာဒုကၡသည္ေတြရဲ႕အျမင္သေဘာထားေတြအေၾကာင္း AFP ရဲ႕ သတင္းေဆာင္းပါးကို ကိုေဇာ္၀င္းလႈိင္က တင္ျပေပးပါမယ္။

ျမန္မာႏိုင္ငံမွာ စစ္တပ္က ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာ စစ္တပ္က အာဏာသိမ္းလိုက္ၿပီးတဲ့ေနာက္ အာဏာသိမ္းမႈကို ဆန္႔က်င္တဲ့ ဒီမိုကေရစီအေရး ေတာင္းဆိုဆႏၵျပသူေတြကို အၾကမ္းဖက္ ၿဖိဳခြင္းမႈေတြ ျပဳလုပ္ခဲ့ပါတယ္။

အဲဒီေနာက္မွာေတာ့ အာဏာသိမ္းစဥ္က အစိုးရအျဖစ္ တည္ရွိေနခဲ့တဲ့ ပါတီလည္းျဖစ္၊ အာဏာမသိမ္းခင္မွာ က်င္းပခဲ့တဲ့ ေရြးေကာက္ပြဲမွာ အမတ္ေနရာအမ်ားစု အႏိုင္ရထားတဲ့ ပါတီလည္းျဖစ္တဲ့ NLD ပါတီက လႊတ္ေတာ္အမတ္အမ်ားစုနဲ႔ NUG အမ်ဳိးသားညီၫြတ္ေရးအစိုးရကို ဖြဲ႔စည္းခဲ့တာပါ။

၂၀၁၇ ခုႏွစ္မွာ စစ္တပ္ရဲ႕ အၾကမ္းဖက္ ႏွိပ္ကြပ္မႈေတြေၾကာင့္ ရခိုင္ျပည္နယ္ကေန ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ကို ထြက္ေျပးသြားရသူေတြ ျမန္မာႏိုင္ငံကို ျပန္လာခြင့္ရေအာင္ လုပ္ေပးမယ္ဆိုတဲ့ ကတိျပဳခ်က္နဲ႔အတူ လက္ရွိ စစ္အာဏာရွင္စံနစ္ကို သူတို႔နဲ႔အတူ လက္တြဲ တိုက္ထုတ္ဖို႔ NUG အစိုးရက ႐ိုဟင္ဂ်ာေတြကို ၿပီးခဲ့တဲ့ ဇြန္လမွာ ဖိတ္ေခၚခဲ့ပါတယ္။

ဒါ့အျပင္ ဖိႏွိပ္၊ ခြဲျခားဆက္ဆံတဲ့ ေပၚလစီေတြေၾကာင့္ ႏိုင္ငံမဲ့ဘ၀ကို ေရာက္ေနရတဲ့ ဒီ ႐ိုဟင္ဂ်ာ ဒုကၡသည္ေတြကို ႏိုင္ငံသားအျဖစ္ အသိအမွတ္ျပဳမယ္ဆိုတာကိုလည္း NUG ဘက္က ကတိျပဳခဲ့ပါတယ္။

ဗုဒၶဘာသာ၀င္အမ်ားစုေနထိုင္တဲ့ ျမန္မာႏိုင္ငံမွာ ႐ိုဟင္ဂ်ာဆိုတဲ့ နံမည္ကို အသိအမွတ္ျပဳ ေခၚဆိုျခင္းကိုက အသစ္အဆန္းပါ။ အရင္ စစ္အစိုးရလက္ထက္ကေရာ၊ NLD အစိုးရလက္ထက္မွာပါ သူတို႔ကို ႐ိုဟင္ဂ်ာလို႔ ေခၚဆိုတာကို လက္မခံခဲ့ပါဘူး။

သူတို႔ကို ဘဂၤလားေဒ့ရွ္ဘက္က က်ဴးေက်ာ္ ၀င္ေရာက္လာသူေတြအျဖစ္ ရႈျမင္ခဲ့ၾကတာပါ။ ႏိုင္ငံသားအျဖစ္ အသိအမွတ္ျပဳျခင္း မခံရတဲ့ ျမန္မာႏိုင္ငံထဲမွာ ရွိေနတဲ့ မေ၀မာလို ႐ိုဟင္ဂ်ာတခ်ဳိ႕ကေတာ့ အခြင့္အေရးရမယ္ဆိုတဲ့အေပၚ သံသယရွိေနၾကဆဲပါ။
“အခြင့္အေရးမရဘူး။ ဒါေပမယ့္ နည္းနည္းပါးပါးေတာ့ ကိုယ္ေတြလည္း ခံစားခြင့္ရွိခဲ့တယ္လို ့ထင္တယ္ေပါ့ေနာ္။ ဒါေပမယ့္ အာဏာသိမ္းတဲ့ခါက်ေတာ့ ကိုယ္ေတြလည္း ဒီေအာက္မွာပဲ ေနခဲ့ျပီး အရင္ထဲကလည္း ဘာအခြင့္အေရးမွလည္းမရွိဘူး။ ကိုယ့္အတြက္ ဘယ္လိုအခြင့္အေရးမွလည္း မရွိခဲ့ဘူးေပါ့ေနာ္။ ဒီစစ္အာဏာသိမ္းတဲ့ေအာက္ကို ျပန္ေရာက္သြားတဲ့ခါက်ေတာ့ သြားျပီေပါ့ေနာ္။ ဒီတခါလည္းငါတို ့အခြင့္အေရးဘာမွ မရွိေတာ့ဘူး။ ကိုယ္ေတြခံစားခြင့္လည္း ဘာမွ မရွိေတာ့ဘူး။ အဲဒီခါက်ေတာ့ ကန္ ့သတ္တာေတြလည္း ပိုုမ်ားသြားတယ္။ အရင္ကအတိုင္း ျပန္ျဖစ္လာမွာကို စိုးရိမ္တယ္။ ဥပမာ အရင္ကဆိုလည္း သူတို ့ရိုဟင္ဂ်ာေတြအေပၚ က်ဴးလြန္ထားတဲ့ ကိစၥေတြလည္း အမ်ားၾကီးရွိတယ္ဆိုေတာ့ အဲဒီအတိုင္း ျပန္ျပီးျဖစ္လာမွာကို စိုးရိမ္တယ္။ ”

အာဏာသိမ္းၿပီးေနာက္ပိုင္းမွာ စစ္ေကာင္စီက တာ၀န္ရွိသူတခ်ဳိ႕လဲ ျမန္မာႏိုင္ငံအတြင္းမွာရွိေနတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္စခန္းကို ေရာက္လာၿပီး သူတို႔နဲ႔ ေတြ႕ဆုံ စကားေျပာတာေတြရွိခဲ့ေပမယ့္ ရလဒ္ဟာ အားရစရာမရွိေၾကာင္း အဲဒီ ေတြ႕ဆုံမႈမွာ ပါ၀င္ခဲ့တဲ့ ႐ိုဟင္ဂ်ာ ဒုကၡသည္တဦးက ေျပာပါတယ္။
“ Camp မွာလာျပီး သူတို ့meeting တခုလုပ္တယ္။ Community Meeting ထင္တယ္။ စစ္ေကာင္စီက စစ္သားေတြလုပ္တာ။ အဲဒီမွာ တိုင္းမႈးရယ္၊ ဒကစ အကုန္၀ိုင္းျပီးပါလာတယ္။ အဲဒီမွာ သူတို ့ေျပာသြားတာ တည္တည္ျငိမ္ျငိမ္နဲ ့ဒီမွာ ေနထိုင္ဖို ့။ ဒါေပမယ့္ လူေတြက လူေတြရဲ့ အခြင့္အေရးနဲ ့ပက္သက္တဲ့ ေမးခြန္းေတြသြားေမးတဲ့အခါမွာ အရမ္းကို ျခိမ္းေျခာက္တဲ့ပုံစံမ်ိဴးနဲ ့သူတို ့ေျပာတယ္။”

ျမန္မာစစ္တပ္ဟာ ႏိုင္ငံအတြင္းက တိုင္းရင္းသားလူမ်ဳိးစုေတြကိုေတာင္ အထိန္းအကြပ္မရွိ အၾကမ္းဖက္ သတ္ျဖတ္ေနတာေၾကာင့္ သူတို႔လို အေထာက္အထားမရွိတဲ့သူေတြအတြက္ ပိုၿပီး စိုးရိမ္ရတဲ့အေၾကာင္း သက္ကယ္ျပင္ဒုကၡသည္စခန္းက ေနာက္ထပ္ ႐ိုဟင္ဂ်ာဒုကၡသည္တဦးကလည္း ေျပာပါတယ္။
“အခုလုပ္ေနတာကေတာ့ တိုင္းရင္းသားေတြကိုေတာင္မွ မ်က္နွာမေထာက္ပဲနဲ ့ဒီလို ရက္ရက္စက္သတ္ျဖတ္တယ္ဆိုေတာ့၊ ဘာမွ က်ေတာ္တို ့ဘယ္လိုေျပာမလဲ၊ ဘာမွ တန္ဖိုးမထားတဲ့ လူမ်ိဴးစုတစုကိုဆိုရင္ေတာ့ ပိုျပီးေတာ့ လုပ္မွာေပါ့ သူတို ့။ စစ္တပ္က ပိုျပီးေတာ့ နွိပ္စက္မွာ။ ရက္စက္မွာ။ သတ္ျဖတ္မွာ။ အဲဒါကိုေတာ့ စိုးရိမ္စရာေတာ့ ျဖစ္ပါတယ္။”

စစ္အာဏာသိမ္းၿပီး ေဖေဖာ္ဝါရီ ၈ ရက္ေန႔က ႏိုင္ငံကို ပထမဆုံးအႀကိမ္ ေျပာၾကားတဲ့ မိန္႔ခြန္းအတြင္း ဘဂၤလားေဒ့ရွ္ဘက္ေရာက္ေနၾကတဲ့ ႐ိုဟင္ဂ်ာေတြ ေနရပ္ျပန္ႏိုင္ေရး ေဆာင္ရြက္သြားမယ့္အေၾကာင္း အာဏာသိမ္းစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က ထည့္သြင္း ေျပာဆိုခဲ့ေပမယ့္ ဘယ္အခ်ိန္မွာ ဘယ္လိုပုံနဲ႔ ေနရပ္ျပန္ေရးကိစၥေတြကို စတင္မယ္ဆိုတဲ့ အေသးစိတ္အခ်က္လက္ကို ထပ္မံ ထုတ္ေဖာ္ ေျပာဆုိုျခင္း မရွိပါဘူး။ ဒါေပမယ့္ မၾကာေသးခင္ကျပဳလုပ္ခဲ့တဲ့ ေတြ႕ဆုံ ေမးျမန္းခန္းတခုမွာေတာ့ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က ႐ိုဟင္ဂ်ာဆိုတာ မရွိေၾကာင္ ေျပာဆိုခဲ့သလို ႐ိုဟင္ဂ်ာဆိုတဲ့ အသုံးအႏႈန္းကိုလည္း လက္ခံျခင္း မရွိပါဘူး။

.........................................................................................

တိုက္႐ိုက္ လင့္ခ္


ရိုဟင်ဂျာအရေးသဘောထားပြောင်းလာကြပေမယ့် ဒုက္ခသည်တွေကတော့သံသယရှိဆဲ

(Unicode)

မြန်မာနိုင်ငံ အနောက်ဖက်ခြမ်းက လူနည်းစု မွတ်ဆလင်တွေဖြစ်တဲ့ ရိုဟင်ဂျာတွေကို သူတို့ခေါ်ဆိုတဲ့ ရိုဟင်ဂျာအမည်အတိုင်း တရားဝင်သုံးနှုန်းပြီး သူတို့နဲ့ လက်တွဲ လုပ်ဆောင်ဖို့ အတိုက်အခံ လွှတ်တော်အမတ်တွေ ဖွဲ့စည်းထားတဲ့ NUG အမျိုးသား ညီညွတ်ရေး အစိုးရက ဖိတ်ခေါ်ထားပါတယ်။ ဒါပေမယ့် အကြမ်းဖက်မှုတွေ ကြုံတွေ့ခဲ့ရတာအပြင် ဖိနှိပ်ခံဘဝအဖြစ်နဲ့ ဆယ်စုနှစ်ပေါင်းများစွာ နေထိုင်ခဲ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကတော့ NUG ဘက်က အခုလို ပြောင်းလဲ အသိအမှတ်ပြုလာတဲ့အပေါ် အပြည့်အ၀ မယုံကြည်နိုင်ကြသေးပါဘူး။ လက်ရှိ နိုင်ငံရေးအပြောင်းအလဲတွေ အပေါ် ရိုဟင်ဂျာဒုက္ခသည်တွေရဲ့အမြင်သဘောထားတွေအကြောင်း AFP ရဲ့ သတင်းဆောင်းပါးကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့နောက် အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဒီမိုကရေစီအရေး တောင်းဆိုဆန္ဒပြသူတွေကို အကြမ်းဖက် ဖြိုခွင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ အာဏာသိမ်းစဉ်က အစိုးရအဖြစ် တည်ရှိနေခဲ့တဲ့ ပါတီလည်းဖြစ်၊ အာဏာမသိမ်းခင်မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အမတ်နေရာအများစု အနိုင်ရထားတဲ့ ပါတီလည်းဖြစ်တဲ့ NLD ပါတီက လွှတ်တော်အမတ်အများစုနဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရကို ဖွဲ့စည်းခဲ့တာပါ။

၂၀၁၇ ခုနှစ်မှာ စစ်တပ်ရဲ့ အကြမ်းဖက် နှိပ်ကွပ်မှုတွေကြောင့် ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားရသူတွေ မြန်မာနိုင်ငံကို ပြန်လာခွင့်ရအောင် လုပ်ပေးမယ်ဆိုတဲ့ ကတိပြုချက်နဲ့အတူ လက်ရှိ စစ်အာဏာရှင်စံနစ်ကို သူတို့နဲ့အတူ လက်တွဲ တိုက်ထုတ်ဖို့ NUG အစိုးရက ရိုဟင်ဂျာတွေကို ပြီးခဲ့တဲ့ ဇွန်လမှာ ဖိတ်ခေါ်ခဲ့ပါတယ်။

ဒါ့အပြင် ဖိနှိပ်၊ ခွဲခြားဆက်ဆံတဲ့ ပေါ်လစီတွေကြောင့် နိုင်ငံမဲ့ဘဝကို ရောက်နေရတဲ့ ဒီ ရိုဟင်ဂျာ ဒုက္ခသည်တွေကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုမယ်ဆိုတာကိုလည်း NUG ဘက်က ကတိပြုခဲ့ပါတယ်။

ဗုဒ္ဓဘာသာဝင်အများစုနေထိုင်တဲ့ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုတဲ့ နံမည်ကို အသိအမှတ်ပြု ခေါ်ဆိုခြင်းကိုက အသစ်အဆန်းပါ။ အရင် စစ်အစိုးရလက်ထက်ကရော၊ NLD အစိုးရလက်ထက်မှာပါ သူတို့ကို ရိုဟင်ဂျာလို့ ခေါ်ဆိုတာကို လက်မခံခဲ့ပါဘူး။

သူတို့ကို ဘင်္ဂလားဒေ့ရှ်ဘက်က ကျူးကျော် ဝင်ရောက်လာသူတွေအဖြစ် ရှုမြင်ခဲ့ကြတာပါ။ နိုင်ငံသားအဖြစ် အသိအမှတ်ပြုခြင်း မခံရတဲ့ မြန်မာနိုင်ငံထဲမှာ ရှိနေတဲ့ မဝေမာလို ရိုဟင်ဂျာတချို့ကတော့ အခွင့်အရေးရမယ်ဆိုတဲ့အပေါ် သံသယရှိနေကြဆဲပါ။
“အခွင့်အရေးမရဘူး။ ဒါပေမယ့် နည်းနည်းပါးပါးတော့ ကိုယ်တွေလည်း ခံစားခွင့်ရှိခဲ့တယ်လို့ထင်တယ်ပေါ့နော်။ ဒါပေမယ့် အာဏာသိမ်းတဲ့ခါကျတော့ ကိုယ်တွေလည်း ဒီအောက်မှာပဲ နေခဲ့ပြီး အရင်ထဲကလည်း ဘာအခွင့်အရေးမှလည်းမရှိဘူး။ ကိုယ့်အတွက် ဘယ်လိုအခွင့်အရေးမှလည်း မရှိခဲ့ဘူးပေါ့နော်။ ဒီစစ်အာဏာသိမ်းတဲ့အောက်ကို ပြန်ရောက်သွားတဲ့ခါကျတော့ သွားပြီပေါ့နော်။ ဒီတခါလည်းငါတို့အခွင့်အရေးဘာမှ မရှိတော့ဘူး။ ကိုယ်တွေခံစားခွင့်လည်း ဘာမှ မရှိတော့ဘူး။ အဲဒီခါကျတော့ ကန့်သတ်တာတွေလည်း ပိုများသွားတယ်။ အရင်ကအတိုင်း ပြန်ဖြစ်လာမှာကို စိုးရိမ်တယ်။ ဥပမာ အရင်ကဆိုလည်း သူတို့ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ထားတဲ့ ကိစ္စတွေလည်း အများကြီးရှိတယ်ဆိုတော့ အဲဒီအတိုင်း ပြန်ပြီးဖြစ်လာမှာကို စိုးရိမ်တယ်။ ”

အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီက တာဝန်ရှိသူတချို့လဲ မြန်မာနိုင်ငံအတွင်းမှာရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းကို ရောက်လာပြီး သူတို့နဲ့ တွေ့ဆုံ စကားပြောတာတွေရှိခဲ့ပေမယ့် ရလဒ်ဟာ အားရစရာမရှိကြောင်း အဲဒီ တွေ့ဆုံမှုမှာ ပါဝင်ခဲ့တဲ့ ရိုဟင်ဂျာ ဒုက္ခသည်တဦးက ပြောပါတယ်။
“ Camp မှာလာပြီး သူတို့meeting တခုလုပ်တယ်။ Community Meeting ထင်တယ်။ စစ်ကောင်စီက စစ်သားတွေလုပ်တာ။ အဲဒီမှာ တိုင်းမှုးရယ်၊ ဒကစ အကုန်ဝိုင်းပြီးပါလာတယ်။ အဲဒီမှာ သူတို့ပြောသွားတာ တည်တည်ငြိမ်ငြိမ်နဲ့ဒီမှာ နေထိုင်ဖို့။ ဒါပေမယ့် လူတွေက လူတွေရဲ့ အခွင့်အရေးနဲ့ပက်သက်တဲ့ မေးခွန်းတွေသွားမေးတဲ့အခါမှာ အရမ်းကို ခြိမ်းခြောက်တဲ့ပုံစံမျိူးနဲ့သူတို့ပြောတယ်။”

မြန်မာစစ်တပ်ဟာ နိုင်ငံအတွင်းက တိုင်းရင်းသားလူမျိုးစုတွေကိုတောင် အထိန်းအကွပ်မရှိ အကြမ်းဖက် သတ်ဖြတ်နေတာကြောင့် သူတို့လို အထောက်အထားမရှိတဲ့သူတွေအတွက် ပိုပြီး စိုးရိမ်ရတဲ့အကြောင်း သက်ကယ်ပြင်ဒုက္ခသည်စခန်းက နောက်ထပ် ရိုဟင်ဂျာဒုက္ခသည်တဦးကလည်း ပြောပါတယ်။
“အခုလုပ်နေတာကတော့ တိုင်းရင်းသားတွေကိုတောင်မှ မျက်နှာမထောက်ပဲနဲ့ဒီလို ရက်ရက်စက်သတ်ဖြတ်တယ်ဆိုတော့၊ ဘာမှ ကျတော်တို့ဘယ်လိုပြောမလဲ၊ ဘာမှ တန်ဖိုးမထားတဲ့ လူမျိူးစုတစုကိုဆိုရင်တော့ ပိုပြီးတော့ လုပ်မှာပေါ့ သူတို့။ စစ်တပ်က ပိုပြီးတော့ နှိပ်စက်မှာ။ ရက်စက်မှာ။ သတ်ဖြတ်မှာ။ အဲဒါကိုတော့ စိုးရိမ်စရာတော့ ဖြစ်ပါတယ်။”

စစ်အာဏာသိမ်းပြီး ဖေဖော်ဝါရီ ၈ ရက်နေ့က နိုင်ငံကို ပထမဆုံးအကြိမ် ပြောကြားတဲ့ မိန့်ခွန်းအတွင်း ဘင်္ဂလားဒေ့ရှ်ဘက်ရောက်နေကြတဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေး ဆောင်ရွက်သွားမယ့်အကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်း ပြောဆိုခဲ့ပေမယ့် ဘယ်အချိန်မှာ ဘယ်လိုပုံနဲ့ နေရပ်ပြန်ရေးကိစ္စတွေကို စတင်မယ်ဆိုတဲ့ အသေးစိတ်အချက်လက်ကို ထပ်မံ ထုတ်ဖော် ပြောဆိုခြင်း မရှိပါဘူး။ ဒါပေမယ့် မကြာသေးခင်ကပြုလုပ်ခဲ့တဲ့ တွေ့ဆုံ မေးမြန်းခန်းတခုမှာတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရိုဟင်ဂျာဆိုတာ မရှိကြောင် ပြောဆိုခဲ့သလို ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုလည်း လက်ခံခြင်း မရှိပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG